အိမ်သုံးလျှပ်စစ်ကားတွေကို အလိုလျှောက်အားသွင်းပေးနိုင်တဲ့ လမ်းမကြီးကို တည်ဆောက်တော့မည်

ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဥရောပကဆွီဒင်နိုင်ငံဟာ အနာဂတ်သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ တွေးခေါ်ပုံတွေကို ပြောင်းလဲစေမယ့် ခေတ်ရှေ့အပြေးဆုံးအခြေခံအဆောက်အဦးတစ်ခုကို လာမယ့် ၂၀၂၅ မှာစတင်အသုံးပြုတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com

ဆွီဒင်နိုင်ငံဟာ အိမ်သုံးလျှပ်စစ်ကားတွေကို အလိုလျှောက်အားသွင်းပေးနိုင်တဲ့ (E-Motorway) ကိုတည်ဆောက်နေတာဖြစ်ပြီး လျှပ်စစ်ကားတွေအနေနဲ့ ဒီလမ်းပေါ်ကနေမောင်းနှင်ရင်း အားသွင်းနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကနဦးအနေနဲ့ ဒီလမ်းကိုတည်ဆောက်ဖို့ရွေးချယ်ထားတဲ့နေရာကတော့ E-20 လို့ခေါ်တဲ့အဝေးပြေးလမ်းပိုင်းမှာဖြစ်ပါတယ်။ ဒီလမ်းပိုင်းဟာ ၂၁ ကီလိုမီတာ (၁၃ မိုင်) ရှည်လျားပြီး ဆွီဒင်နိုင်ငံရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ဂိုသင်ဘတ်၊ စတော့ဟုမ်း နဲ့ မာလ်မို မြို့တွေကို ဆက်သွယ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

လာမည့် ၂၀၂၅ ခုနှစ်မှာတော့ အခုရည်ရွယ်ထားတဲ့လမ်းပိုင်းကို စတင်ဖွင့်လှစ်အသုံးပြုသွားမှာဖြစ်ပြီး ၂၀၄၅ ခုနှစ်မှာတော့ အခုလိုမျိုးလျှပ်စစ်ကားတွေအားပြန်လည်ဖြည့်နိုင်မယ့်လမ်းမျိုးကို ကီလိုမီတာ ၃၀၀၀ (၁၈၆၄ မိုင်) အထိ တိုးချဲ့တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

Plug-in EV Chargers တွေကိုသာ အားကိုးနေရတဲ့ လျှပ်စစ်ကားပိုင်ရှင်တွေအတွက်ကတော့ ဒီသတင်းက အတိုင်းထက်အလွန်ဝမ်းသာဖွယ်ရာသတင်းတစ်ခုဖြစ်မှာကျိန်းသေပြီး ဆွီဒင်နိုင်ငံအနေနဲ့လည်း လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကိုပထမဆုံးအသုံးပြုနိုင်တဲ့ နိုင်ငံဖြစ်လာတော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply