News

နံနက်ခင်းတိုင်းမှာ သခင်မပါဘဲ တစ်ကိုယ်တော် လမ်းလျှောက်ထွက်လေ့ရှိတဲ့ အဖြူရောင် မြင်းမကလေး

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ကလေးရဲ့သာယာလှပတဲ့နံနက်ခင်းတိုင်းမှာ လူသားတွေလိုပဲ ပုံမှန်အချိန်မှန် လမ်းလျှောက်ထွက်လေ့ရှိတဲ့ သတ္တဝါလေးတစ်ကောင်ရှိပါတယ်။ သူကတော့ ဂျန်နီလို့ခေါ်တဲ့ အဖြူရောင်မြင်းမကလေးဖြစ်ပါတယ်။ shwekhitonlinetv.com ထူးခြားတာက ဒီမြင်းမကလေးဟာ သူ့ကိုထိန်းကျောင်းမယ့်သူ၊ သူ့ရဲ့သခင် စတဲ့သူတွေတစ်ယောက်မှမပါဘဲ သူ့ဘာသာတစ်ကိုယ်တည်းနေ့တိုင်း လမ်းလျှောက်ထွက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဖရန့်ဖတ်မြို့သူ မြို့သားတွေအတွက်တော့ ဒါဟာအဆန်းတကြယ် တခုပ်တရပြောရမယ့်ကိစ္စတော့မဟုတ်ပါဘူး။ shwekhitonlinetv.com ဘာကြောင့်လဲဆိုတော့ ဂျန်နီအနေနဲ့ အခုလိုမနက်တိုင်းတစ်ကိုယ်တော် ပုံမှန်လမ်းလျှောက်ထွက်နေတာ (၁၄) နှစ်လောက်ရှိနေပြီမို့လို့ဖြစ်ပါတယ်။ သူမရဲ့သခင်ဖြစ်သူဟာ အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမကိုစီးနင်းဖို့ အတွက်မစွမ်းနိုင်တော့တာကြောင့် သူမစိတ်ကြိုက်သွားလာခွင့်ပြုထားတာပါ။ shwekhitonlinetv.com သူမအတွက်တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးနဲ့ […]

News

ကော်ဖီလို ဖျော်သောက်လို့ရမယ့် ဘီယာ အမှုန့်တွေကို ထုတ်လုပ် ရောင်းချတော့မည်

ဘီယာနဲ့ပတ်သက်ရင် ဆရာတစ်ဆူလို့ဆိုရမယ့်ဂျာမနီနိုင်ငံကတော့ အမိုက်စားတီထွင်ဖန်တီးမှုတစ်ရပ်ကို ပြုလုပ်လိုက်ပါပြီ။ အဲ့ဒါကတော့ ဘီယာကိုအသင့်ဖျော်ကော်ဖီမစ်တွေလိုမျိုး အမှုန့်အနေအထားဖန်တီးပြီး အထုပ်လေးတွေပြုလုပ်ရောင်းချတော့မှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com ဂျာမန်ဘီယာချက်စက်ရုံတွေထဲမှာ Neuzeller Klosterbräu ဟာ သက်တမ်းအားဖြင့်နှစ်ပေါင်း (၅၀၀) နီးပါးရှိပြီဖြစ်တဲ့ နှစ်ချို့ဘီယာချက်စက်ရုံတစ်ခုပါ။ လက်ရှိအချိန်မှာသူတို့အနေနဲ့ ဘီယာကို ကော်ဖီမစ်လိုမျိုး အမှုန့်အနေအထားနဲ့ တီထွင်နိုင်ခဲ့ပြီဖြစ်ပြီး အချိန်မရွေး ရေထည့်ကာဖျော်သောက်နိုင်အောင် အထုပ်ပုံစံနဲ့ဈေးကွက်ထဲကိုဖြန့်ချိတော့မယ်လို့ ကြေညာခဲ့တာပါ။ shwekhitonlinetv.com ဒီတီထွင်မှုရဲ့နောက်မှာတော့ ကောင်းမွန်တဲ့အကျိုးဆက်တွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘီယာကို ပုလင်းတွေ၊ ဗူးတွေနဲ့ ထုတ်လုပ်ခြင်းဟာသယ်ယူပို့ဆောင်ရာမှာ များစွာသောဝန်ကိုဖြစ်စေပါတယ်။ အခုလို ပေါ့ပါးစွာနဲ့အရေအတွက်များများကို […]

News

ထူးဆန်းတဲ့အနေအထားနဲ့ မံမီရုပ်အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်ရပ်

ပီရူးနိုင်ငံ San Marcos အမျိုးသားတက္ကသိုလ်က ရှေးဟောင်းသုတေသနပညာရှင်တွေဟာ မြို့တော်လီမာကနေ (၁၅) မိုင်ခွဲလောက်ကွာဝေးတဲ့ Cajamarquilla ဆိုတဲ့ ရှေးဟောင်းသုတေသနဆိုဒ်တစ်ခုမှာ ထူးဆန်းတဲ့အနေအထားနဲ့ သဂြိၤုဟ်ခံထားရတဲ့ မံမီရုပ်အလောင်းတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com ဒီမံမီရုပ်အလောင်းရဲ့သက်တမ်းက အနည်းဆုံးနှစ်ပေါင်း (၈၀၀) ကနေ (၁၀၀၀) ကြားမှာရှိတယ်လို့ ခန့်မှန်းရပြီး မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်လျက်သားအနေခြအနေရယ်၊ ခြေတွေလက်တွေက သန္ဓေသားလောင်းပုံသဏ္ဍာန်မျိုးရှိနေတာရယ် ကြိုးတွေနဲ့တုပ်ထားလျက်ရှိနေတာတွေက သုတေသီတွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ shwekhitonlinetv.com ဒီဂူသချိုင်းမှာတွေ့ရတဲ့ ဟင်းသီးဟင်းရွက်အကျန်တွေနဲ့ ကြွေထည်ပစ္စည်းအချို့ကိုကြည့်ခြင်းအားဖြင့်တော့ ဒါဟာ ပီရူးနိုင်ငံတောင်ပိုင်းက လူမျိုးစုတွေရဲ့အသုဘဓလေ့ထုံးတမ်းတစ်ခုဖြစ်နိုင်ကြောင်း အကြမ်းဖျင်းကောက်ချက်ချနိုင်တယ်လို့ […]

News

အာရှတခွင်မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ အလှပဆုံးလိင်ပြောင်းအမျိုးသမီးရဲ့ မင်္ဂလာဆောင်ပုံရိပ်များ

ထိုင်းနိုင်ငံရဲ့အလှပဆုံး လိင်ပြောင်းအမျိုးသမီးဖြစ်သူ Poyd Treechada Petcharat ဟာ အမျိုးသားဖြစ်သူ Oak နဲ့ တရုတ်ရှေးရိုးရာပုံစံအတိုင်း မတ်လ ၂ ရက်နေ့က လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ shwekhitonlinetv.com Poyd Treechada Petcharat ကတော့ အလှမယ်ပြိုင်ပွဲများမှာ Miss Tiffany’s 2004 နဲ့ Miss International Queen 2004 ဆုတို့ကို ရရှိခဲ့ပြီး အလှပဆုံးလိင်ပြောင်းအမျိုးသမီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ shwekhitonlinetv.com ထိုင်းသတင်းစာများရဲ့ ဖော်ပြချက်အရ […]

News

ငါးအရှင်တွေ ကောင်းကင်ပေါ်ကနေ နေရာအနှံ့ပြုတ်ကျမှု ဖြစ်ပွား

ပြီးခဲ့တဲ့ရက်အနည်းငယ်လောက်က သြစတြေးလျနိုင်ငံရဲ့ ဝေးလံခေါင်သီလှတဲ့ ဒေသလေးတစ်ခုမှာ ရှားပါးတဲ့ ရာသီဥတုဖြစ်စဉ်နဲ့ကြုံတွေ့ခဲ့ရပြီး ငါးအရှင်တွေ ကောင်းကင်ပေါ်ကနေ နေရာအနှံ့ပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com New York Post သတင်းစာရဲ့အဆိုအရတော့ သြစတြေးလျနိုင်ငံ Darwin မြို့ရဲ့ တောင်ဘက် မိုင် (၅၆၀) ခန့်အကွာမှာရှိတဲ့ Lajamanu ဆိုတဲ့ မြို့ငယ်လေးမှာဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့သိရပါတယ်။ ဒီမြို့ငယ်လေးဟာ ပုံမှန်အားဖြင့်တော့ မိုးနည်းပြီးခြောက်ကပ်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းပြီး ကောင်းကင်ပေါ်ကနေငါးတွေပြုတ်ကျလာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com မိုးသည်းထန်စွာရွာနေချိန်မှာ “ငါးအရှင်လတ်လတ်တွေမိုးပေါ်ကကျလာခဲ့လို့ ဒေသခံတွေအံ့အားသင့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတော့ ကျွန်တော်တို့ဒေသကိုမုန်းတိုင်းကြီးတစ်ခု […]

News

ဂျပန်နိုင်ငံ ကမ်းခြေမှာ ကောင်းကင်ကနေ အမျိုးအမည်မသိတဲ့ ဘောလုံးသဏ္ဍာန်အရာတစ်ခု ထူးဆန်းစွာပြုတ်ကျ

ပြီးခဲ့တဲ့ အင်္ဂါနေ့ မှာတော့ ဂျပန်နိုင်ငံ Shizuoka စီရင်စု၊ Hamamatsu မြို့ရှိ Enshuhama ကမ်းခြေမှာ ကောင်းကင်ကနေ အမျိုးအမည်မသိတဲ့ ဘောလုံးသဏ္ဍာန်အရာတစ်ခု ထူးဆန်းစွာပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com ဒီဘောလုံးသဏ္ဍာန်အရာဝတ္ထုကြီးကို ဒေသစံတော်ချိန် (၈း၄၅) မှာ ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ကြတာဖြစ်ပြီး ရဲတွေကိုအကြောင်းကြားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေက ကမ်းခြေကိုသွားလာခွင့် ပိတ်ပင်လိုက်ပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ shwekhitonlinetv.com ဒီအရာဟာ အချင်း (၄.၉) ပေရှိပြီး လုံးဝန်းတဲ့သဏ္ဍာန်ရှိကာ သတ္ထုတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့အရာဖြစ်တယ်လို့ […]

News

စီရော်နယ်လ်ဒိုအတွက် နိုင်ငံရဲ့တင်းကျပ်တဲ့ဥပဒေကိုတောင် ပြင်ဆင်ပေးဖို့ရှိနေတဲ့ ဆော်ဒီအာရေဗျ

မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆော်ဒီအာရေဗျကလပ် အယ်နာဆာအသင်းကိုစံချိန်တင် လစာငွေနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှုးစီရော်နယ်လ်ဒိုကတော့ ဆော်ဒီအာရေဗျနိုင်ငံမှာ အခွင့်ထူးခံလူတန်းစားသဖွယ်ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com ပေါ်တူဂီတိုက်စစ်မှုး စီရော်နယ်လ်ဒိုဟာ အားကစားလောကမှာ ဘယ်သူမှစိတ်မကူးဖူးခဲ့တဲ့ လစာငွေတစ်ရပ်ဖြစ်တဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း (၂၀၀) နဲ့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာယူနိုက်တက်အသင်းကနေ ဆော်ဒီကလပ် အယ်နာဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဆော်ဒီအာဏာပိုင်တွေကတော့ ဒီအပြောင်းအရွှေ့ရဲ့နောက်ကွယ်မှာ ကြိုးကိုင်သူတွေအဖြစ် ပါဝင်ပတ်သတ်နေတယ်လို့ သတင်းတွေထွက်နေပြီး စီရော်နယ်လ်ဒိုကိုအသုံးချပြီး နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com ဒါပေမယ့် စီရော်နယ်လ်ဒိုအတွက် အခက်အခဲဖြစ်နေတဲ့ ဥပဒေတွေကလည်းရှိနေပါတယ်။ အဲ့ဒါကတော့ ဆော်ဒီနိုင်ငံရဲ့ […]

News

ဓာတုရထားတိမ်းမှောက်မှုကြောင့် စိုးရိမ်စရာအခြေအနေသို့ရောက်ရှိပြီး ဒေသခံတွေအိမ်မပြန်ရဲတဲ့အဖြစ်

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၃) ရက်နေ့က အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေတင်ဆောင်လာတဲ့ ရထားတိမ်းမှောက်ခဲ့တာဟာ အခုဆိုရင် (၂) ပတ်ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံတွေကတော့ ယနေ့အထိတိုင်မိမိအိမ်ကို မပြန်ရဲသေးကြပါဘူး။ shwekhitonlinetv.com နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင် အဲ့ဒီရထားတိမ်းမှောက်မှုကြောင့်အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေဟာ လေထုထဲကိုပျံ့နှံ့ကုန်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကို ဖြစ်ပေါ်စေခဲ့ကာ အနီးနားပတ်ဝန်းကျင်တစ်ခုလုံးကို စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိစေခဲ့ပြီလို့သိရပါတယ်။ shwekhitonlinetv.com ဒီရထားဟာ အတွဲပေါင်း (၁၅၀) အထိပါဝင်တယ်လို့ သိရပြီး အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေတင်ဆောင်ထားတဲ့ရထားတွဲ (၁၀) တွဲအပါအဝင် အတွဲပေါင်း (၅၀) […]

News

ဒေါ်လာ (၁)သန်းတန် မြန်မာ့ပတ္တမြားကြီးကြောင့် မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ တောင်းဆိုမှုကိုခံခဲ့ရတဲ့ ရီဟားနား

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကပြုလုပ်ခဲ့တဲ့ NFL Superbowl Halftime Show မှာဖျော်ဖြေခဲ့ကြတဲ့ အဆိုတော်တွေထဲမှာ ကမ္ဘာကျော်ပေါ့ပ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရီဟားနားလည်းအပါအဝင်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာဖျော်ဖြေခဲ့တဲ့သူမရဲ့ Performance တွေဟာ လိုအပ်ချက်တွေရှိနေတယ်ဆိုပြီး ဝေဖန်မှုတွေမြင့်တက်နေပေမယ့် သူမဝတ်ဆင်ခဲ့တဲ့ ဒေါ်လာ(၁)သန်းတန် မြန်မာ့ပတ္တမြားလက်စွပ်ကြောင့် အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ shwekhitonlinetv.com ဒီပတ္တမြားလက်စွပ်ကိုတော့ မြန်မာနိုင်ငံကကျောက်မျက်ရတနာ အများအပြားကိုဝယ်ယူရောင်းချနေတဲ့ နယူးယော့ခ်မြို့ Bayco Jewels ထံကနေ ရီဟားနားအနေနဲ့ အမေရိကန်ဒေါ်လာ (၁) သန်းကျော်ပေးပြီး ဝယ်ယူ ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com ဒီကိစ္စနှင့်ပတ်သတ်ပြီးတော့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ […]

News

ပြတိုက်ကနေ မဖြစ်နိုင်တဲ့နည်းလမ်းနဲ့ သူ့ဘာသာထွက်ပြေးလွတ်မြောက် သွားခဲ့တဲ့ ရေဘဝဲ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ အင်ကီ (Inky) ဆိုတဲ့ရေဘဝဲလေးတစ်ကောင် အကြောင်းကတော်လေးကို ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရေဘဝဲလေးက ရေသတ္တဝါပြတိုက်ကနေ မဖြစ်နိုင်တဲ့နည်းလမ်းနဲ့ သူ့ဘာသာထွက်ပြေးလွတ်မြောက် သွားခဲ့လို့ဖြစ်ပါတယ်။ shwekhitonlinetv.com အင်ကီဟာ နယူးဇီလန်နိုင်ငံအမျိုးသားရေသတ္တဝါပြတိုက်မှာရှိတဲ့ရေဘဝဲလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အင်ကီဟာ သူ့ကိုထည့်ထားတဲ့ကန်ထဲမှာမရှိတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အင်ကီရဲ့ပျောက်ဆုံးမှုကို ခြေရာခံပြီးရှာဖွေခဲ့ရာမှာတော့ အံ့အားသင့်စရာကောင်းတဲ့ သဲလွန်စတွေကိုတွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com ဒီသဲလွန်စတွေကတော့ အင်ကီဟာကန်ထဲကနေထွက်ကာ ကြမ်းပြင်မှာသွားထားတဲ့ စွပ်ကြောင်းအရာတွေဖြစ်ပါတယ်။ ရေကန်အနီးကစတဲ့ အဲ့ဒီစွပ်ကြောင်းအရာတွေဟာ အဖုံးပွင့်နေတဲ့ ကြမ်းပြင်ကရေပိုက်လိုင်းနားမှာ အဆုံးသတ်သွားပါတယ်။ ဒီပိုက်လိုင်းက ပင်လယ်နဲ့ဆက်သွယ်ထားတဲ့ ရေထုတ်ပိုက်လိုင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com […]