ဓာတုရထားတိမ်းမှောက်မှုကြောင့် စိုးရိမ်စရာအခြေအနေသို့ရောက်ရှိပြီး ဒေသခံတွေအိမ်မပြန်ရဲတဲ့အဖြစ်

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၃) ရက်နေ့က အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှာ အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေတင်ဆောင်လာတဲ့ ရထားတိမ်းမှောက်ခဲ့တာဟာ အခုဆိုရင် (၂) ပတ်ကျော်သွားပြီဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်ကြတဲ့ ဒေသခံတွေကတော့ ယနေ့အထိတိုင်မိမိအိမ်ကို မပြန်ရဲသေးကြပါဘူး။ shwekhitonlinetv.com

နောက်ဆုံးရရှိတဲ့သတင်းတွေအရဆိုရင် အဲ့ဒီရထားတိမ်းမှောက်မှုကြောင့်အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေဟာ လေထုထဲကိုပျံ့နှံ့ကုန်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲဖြစ်စဉ်တွေကို ဖြစ်ပေါ်စေခဲ့ကာ အနီးနားပတ်ဝန်းကျင်တစ်ခုလုံးကို စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိစေခဲ့ပြီလို့သိရပါတယ်။ shwekhitonlinetv.com

ဒီရထားဟာ အတွဲပေါင်း (၁၅၀) အထိပါဝင်တယ်လို့ သိရပြီး အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေတင်ဆောင်ထားတဲ့ရထားတွဲ (၁၀) တွဲအပါအဝင် အတွဲပေါင်း (၅၀) လောက်တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။ ဒီ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေထဲမှာ ဗင်နိုင်းကလိုရိုက် (Vinyl Chloride) ၊ ဟိုက်ဒရိုဂျင်ကလိုရိုက် (Hydrogen Chloride) နဲ့ ဖို့စ်ဂျင်း (Phosgene) ဓာတ်ငွေ့တွေပါဝင်ပြီး ဗင်နိုင်းကလိုရိုက်အတွဲ (၅) တွဲကတော့ပေါက်ကွဲပြီးမီးလောင်ကျွမ်းသွားခဲ့ပါတယ်။ shwekhitonlinetv.com

ဗင်နိုင်းကလိုရိုက်ဟာ အင်မတန်အန္တရာယ်များပြီး အငွေ့ကိုရှုမိရင် ရှားပါးတဲ့အသည်းကင်ဆာ၊ ဦးနှောက်နဲ့အဆုတ်ကင်ဆာ၊ သွေးကင်ဆာစတဲ့ ရောဂါဆိုးကြီးတွေကိုဖြစ်ပွားစေနိုင်ပါတယ်။ နောက်ပြီး ဖို့စ်ဂျင်းဓာတ်ငွေ့ဟာလည်း ပထမကမ္ဘာစစ်တုန်းကဓာတုလက်နက်အဖြစ်အသုံးပြုခဲ့တဲ့ ဓာတ်ငွေ့ဖြစ်ပြီး မူးဝေအော့အန်စေတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကတရားဝင်ထုတ်ပြန်ခဲ့တာသာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးတွေဆီကနေပေါက်ကြားခဲ့တဲ့ အတွင်းသတင်းတွေအရဆိုရင် အိုင်ဆိုဗြူတိုင်လင်း (Isobutylene) နဲ့ အခြားအဆိပ်သင့်ဓာတ်ငွေ့တွေကိုလည်းတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီဓာတ်ငွေ့တွေက မျက်လုံးနဲ့အရေပြားလို နူးညံ့တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လောင်ကျွမ်းစေနိုင်သလို ရှုမိရင်လည်း အသက်ရှုလမ်းကြောင်းတစ်လျှောက်အနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အခုအချိန်မှာတော့ ဒီဓာတု ပစ္စည်းတွေဟာ အိုဟိုင်းယိုးမြစ်အပါအဝင် အနီးအနားက လေထု၊ မြေထုထဲကို စိမ့်ဝင်ပျံ့နှံ့သွားခဲ့ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

အခင်းဖြစ်ပွားခဲ့ချိန်မှာ ကယ်ဆယ်ရေးအဖွဲ့တွေက (၁) မိုင်ပတ်ဝန်းကျင်က နေအိမ်တွေကိုအရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အာဏာပိုင်တွေကတော့လက်ရှိအချိန်မှာ အန္တရာယ်ကင်းပြီး ပြန်လိုလျှင်ပြန်နိုင်ကြောင်း ကြေညာထားခဲ့ပေမယ့် ဒေသခံတွေကတော့ မိမိတို့နေအိမ်ကို မပြန်ရဲကြသေးဘူးလို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။