နံနက်ခင်းတိုင်းမှာ သခင်မပါဘဲ တစ်ကိုယ်တော် လမ်းလျှောက်ထွက်လေ့ရှိတဲ့ အဖြူရောင် မြင်းမကလေး

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့ကလေးရဲ့သာယာလှပတဲ့နံနက်ခင်းတိုင်းမှာ လူသားတွေလိုပဲ ပုံမှန်အချိန်မှန် လမ်းလျှောက်ထွက်လေ့ရှိတဲ့ သတ္တဝါလေးတစ်ကောင်ရှိပါတယ်။ သူကတော့ ဂျန်နီလို့ခေါ်တဲ့ အဖြူရောင်မြင်းမကလေးဖြစ်ပါတယ်။ shwekhitonlinetv.com

ထူးခြားတာက ဒီမြင်းမကလေးဟာ သူ့ကိုထိန်းကျောင်းမယ့်သူ၊ သူ့ရဲ့သခင် စတဲ့သူတွေတစ်ယောက်မှမပါဘဲ သူ့ဘာသာတစ်ကိုယ်တည်းနေ့တိုင်း လမ်းလျှောက်ထွက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဖရန့်ဖတ်မြို့သူ မြို့သားတွေအတွက်တော့ ဒါဟာအဆန်းတကြယ် တခုပ်တရပြောရမယ့်ကိစ္စတော့မဟုတ်ပါဘူး။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ဂျန်နီအနေနဲ့ အခုလိုမနက်တိုင်းတစ်ကိုယ်တော် ပုံမှန်လမ်းလျှောက်ထွက်နေတာ (၁၄) နှစ်လောက်ရှိနေပြီမို့လို့ဖြစ်ပါတယ်။ သူမရဲ့သခင်ဖြစ်သူဟာ အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမကိုစီးနင်းဖို့ အတွက်မစွမ်းနိုင်တော့တာကြောင့် သူမစိတ်ကြိုက်သွားလာခွင့်ပြုထားတာပါ။ shwekhitonlinetv.com

သူမအတွက်တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးနဲ့ ပုံမှန်စစ်ဆေးမှုတွေပြုလုပ်ပေးပြီး သူမကို စိတ်ကြိုက် လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ ဂျန်နီကလည်း ချစ်မွှေးပါတဲ့မြင်းမလေးလို့ ဆိုရလောက်အောင် လူသားတွေနဲ့ယဉ်ပါးလွန်းပြီး လမ်းလျှောက်ထွက်နေကြလမ်းမှာ ဆုံနေကြလူတွေအကုန်လုံးကို နှုတ်ဆက်တက်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်မို့လည်းဒေသခံတွေအကုန်လုံးက သူမကိုချစ်ခင်ရင်းနှီးကြပြီး လမ်းမှာဆုံရင် လူသားတစ်ဦးလိုမျိုး အရေးတယူဆက်ဆံကာ နွေးထွေးကြင်နာစွာပြန်လည်နှုတ်ဆက်တက်ကြပါတယ်။ သူမလမ်းကူးတဲ့အခါမျိုးဆိုရင်တောင် သူမနဲ့ရင်းနှီးနေတဲ့ရဲသားတွေက လမ်းရှင်းပေးတာမျိုးတွေဘာတွေ လုပ်ပေးကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါဟာ ဖရန့်ဖတ်မြို့ကိုရောက်လာတဲ့ သူစိမ်းတစ်ယောက်အတွက်တော့ အတော်လေးကိုထူးခြားတဲ့မြင်ကွင်းလို့ ဆိုနိုင်ပေမယ့် မြို့ခံလူတွေအတွက်ကတော့ သူတို့ရဲ့ဆယ်လီမလေး ဂျန်နီကို နံနက်ခင်းတိုင်းမှာ တွေ့မြင်နှုတ်ဆက်ကြတာဟာ သာမန်ဖြစ်စဉ်ကလေးတစ်ခုသာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply