အချိန် ဆယ်နှစ်ကြာအောင် ထုလုပ်ခဲ့ရတဲ့ ကမ္ဘာ့အကြီးဆုံး ငှက်ရုပ်ထုကြီး

အနုပညာလက်ရာတစ်ခုကို လူတစ်ယောက်အနေနဲ့ အချိန်ကာလဆယ်စုနှစ်တစ်လောက်ပေးပြီးဖန်တီးတယ်ဆိုတာ တော်ရုံရူးသွပ်မှုနဲ့တော့မဖြစ်နိုင်လောက်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ကယ့်အပြင်လောကမှာ အဲ့ဒီလိုပြုမှုပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်သွားစေခဲ့သူတစ်ယောက်တော့ရှိပါတယ်။ shwekhitonlinetv.com

သူ့ရဲ့နာမည်က Rajiv Anchal လို့အမည်ရပြီး အိန္ဒိယနိုင်ငံသား ရုပ်ရှင်ဒါရိုက်တာနဲ့ ပန်းပုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူနဲ့သူ့ရဲ့အဖွဲ့သားတွေဟာ အိန္ဒိယနိုင်ငံ ကီရာလာမြို့မှာရှိတဲ့ အမျိုးသားသဘာဝ ဥယျာဉ်တစ်ခုထဲမှာ အလွန်ကြီးမားလှတဲ့ ငှက်ရုပ်တုပုံစံအဆောက်အဦးတစ်ခုကို အချိန်များစွာယူပြီး ဖန်တီးတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီ ငှက်ရုပ်တုကြီးရဲ့အမည်ကိုတော့ Jatayu လို့အမည်ပေးထားပြီး အလျား ပေ (၂၀၀)၊ အနံ ပေ (၁၅၀) နဲ့ အမြင့်က ပေ (၇၀) အထိရှိအောင်ကြီးမားလှပါတယ်။ (Jatayu ဆိုတာကတော့ ဟိန္ဒူရာမယန ဇာတ်တော်လာ လင်းယုန်အသွင်သဏ္ဍာန်ရှိတဲ့ နတ်ဆိုးတစ်ပါးဖြစ်ပါတယ်) shwekhitonlinetv.com

Achal ဟာ ဒီရုပ်တုရဲ့အစိတ်အပိုင်းအကုန်လုံးကို သေချာစွာအသေးစိတ်ဖန်တီးထားတာဖြစ်ပါတယ်။ ငှက်ရဲ့ခန္ဓာကိုယ်အတွင်းကိုဝင်ရောက်နိုင်အောင်ဖန်တီးထားပြီး အဲ့ဒီကတစ်ဆင့် ဦးခေါင်းပိုင်းပေါ်ထိတက်ရောက်နိုင်အောင်လည်းပြုလုပ်ပေးထားပါတယ်။ shwekhitonlinetv.com

အတွင်းပိုင်းမှာတော့ Jatayu နဲ့ပတ်သက်တဲ့ဇာတ်လမ်းဖြစ်စဉ်တွေနဲ့ အခြားဗဟုသုတဆိုင်ရာတွေကိုလေ့လာလို့ရအောင် ပြခန်းသဖွယ်ဖန်တီးထားတာမို့လို့ ဒီငှက်ရုပ်တုကြီးကို Jatayu Earth’s Center လို့လည်းခေါ်ကြပါသေးတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာတော့ Anchal တို့ ဆယ်နှစ်လောက်အချိန်ယူပြီးတည်ဆောက်ခဲ့တဲ့ ဒီငှက်ရုပ်တုကြီးဟာ ကမ္ဘာပေါ်မှာ အံ့သြဖွယ်ရာကောင်းတဲ့ဗိသုကာလက်ရာဒီဇိုင်းနဲ့ အကြီးမားဆုံးငှက်ရုပ်တုကြီးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။