သင်မြင်ဖူးသေးမှာ မဟုတ်တဲ့ ထူးထူးခြားခြား အဆောက်အဦး ဒီဇိုင်း များ

ဒီနေ့ ကမ္ဘာကြီးမှာတော့ ခေတ်မီတိုးတက်လာတဲ့လူ့အဖွဲ့အစည်းရဲ့ပြယုဂ်တွေဖြစ်တဲ့ ထူူးထူးခြားခြားဒီဇိုင်းနဲ့ အဆောက်အဦးတွေကရေတွက်လို့မကုန်နိုင်အောင်များပြားစွာတည်ရှိနေပြီဖြစ်ပါတယ်။ ဒီလိုအဆောက်အဦးတွေထဲကမှ အထူးခြားဆုံးနဲ့ သင်တစ်ခါမှမမြင်ဖူးလောက်တဲ့ အဆောက်အဦးတွေရဲ့ အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ National Grand Theater

အလွန်ကြီးမားတဲ့ ဥကြီးတစ်လုံးနဲ့တူတဲ့ ဒီအဆောက်အဦးကတော့ တရုတ်နိုင်ငံ ပေကျင်းမြို့မှာရှိတဲ့ National Grand Theater ဖြစ်ပါတယ်။ တိုက်တေနီယမ် နဲ့ မှန်ကိုအဓိကအသုံးပြုပြီးတည်ဆောက်ထားတဲ့ ဒီအဆောက်အဦးကြီးက ထိုင်ခုံ (၅၅၀၀) ဆံံ့တဲ့ ပြဇာတ်ရုံကြီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Kansas City Public Library

ကြီးမားတဲ့စာအုပ်ကြီးတွေကို အစီအရီထောင်ထားတဲ့ပုံစံနဲ့ ဒီအဆောက်အဦးကြီးကတော့ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်၊ ကန်းဆက်စီးတီးမှာရှိတဲ့ စာကြည့်တိုက်ကြီးပဲဖြစ်ပါတယ်။ စာကြည့်တိုက်နဲ့ကိုက်ညီမယ့် ဒီဇိုင်းဖြစ်တဲ့အပြင် မြင်တဲ့သူတိုင်းကိုလာချင်အောင်ဆွဲဆောင်နိုင်တဲ့ ဒီဇိုင်းလည်းဖြစ်လို့ အတော်လေးကိုစိတ်ကူးစိတ်သန်းကောင်းတဲ့ ဗိသုကာဖန်တီးမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

၃။ Habitat 67

ဒီလူနေတိုက်ခန်းအဆောက်အအုံကတော့ နာမည်ကျော်ဗိသုကာပညာရှင် Moshe Safdie ဒီဇိုင်းရေးဆွဲထားတဲ့ ခေတ်သစ်လူနေမှုပုံစံစီးရီးတွေထဲကတစ်ခုဖြစ်ပါတယ်။ တည်ရှိတာကတော့ ကနေဒါနိုင်ငံ မွန်ရီယယ်မြို့မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Nautilus House

မက္ကဆီကို ဗိသုကာပညာရှင်ကြီး Javier Sinosiain ဒီဇိုင်းရေးဆွဲဖန်တီးထားတဲ့ ဒီခရုခွံပုံစံ အိမ်ကလေးကတော့ မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှာတည်ရှိတာပဲဖြစ်ပါတယ်။ စိတ်ကူးယဉ်ဆန်ပြီး အေးအေးချမ်းချမ်းနေရတာမျိုးကြိုက်နှစ်သက်တဲ့သူတွေအတွက် နေချင်စရာကောင်းလွန်းတဲ့အိမ်လေးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Mirador Building

ငယ်ငယ်ကဆော့ကစားခဲ့ကြတဲ့ အတုံးဆက်တဲ့ဂိမ်းထဲကလိုပုံစံနဲ့ ဒီလူနေအဆောက်အဦးကြီးကတော့ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာတည်ရှိပြီး ဒီဇိုင်းရေးဆွဲခဲ့တဲ့ဗိသုကာပညာရှင်ကတော့ Blanca Lleo ဖြစ်ပါတယ်။ အလယ်မှာထားထားတဲ့ နေရာလွတ်ကတော့ ဒီအဆောက်အဦးကြီးမှာနေထိုင်တဲ့သူတွေအတွက် အပန်းဖြေစရာနဲ့ ကစားကွင်းအဖြစ်ထားရှိပေးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Church of Hallgrímur

အိုက်စလန်နိုင်ငံ မြို့တော် Reykjavík မှာတည်ရှိတဲ့ Church of Hallgrímur ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အလှပဆုံးဘုရားရှိခိုးကျောင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲထားတဲ့ပုံစံကတော့ သိပ္ပံစိတ်ကူးယာဉ် ဇာတ်ကားတွေထဲက ဂြိုဟ်သားတွေရဲ့အဆောက်အအုံတွေနဲ့တောင် ခပ်ဆင်ဆင်ရယ်ပါ။ shwekhitonlinetv.com

၇။ Eden Project

အင်္ဂလန်နိုင်ငံ Cornwall ဒေသမှာရှိတဲ့ Eden Project ဆိုတဲ့ဒီအဆောက်အအုံတွေကတော့ အတော်လေးကိုအမြင်ဆန်းစေတဲ့ အဆောက်အအုံတွေဖြစ်ပါတယ်။ ဒီအဆောက်အအုံတွေထဲမှာတော့ မတူကွဲပြားခြားနားတဲ့ ဒေသအသီးသီးက အပင်မျိုးစိတ်ပေါင်းများစွာကို စိုက်ပျိုးထားရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Wonderworks

Wonderworks ဆိုတဲ့အမည်နဲ့ အဆောက်အုံကတော့ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာတည်ရှိတာဖြစ်ပါတယ်။ သိပ္ပံနဲ့သက်ဆိုင်တဲ့ ပြတိုက်တစ်ခုဖြစ်ပြီး ကလေးတွေကိုလာချင်အောင်ဆွဲဆောင်ဖို့အတွက် အခုလိုထူးထူးခြားခြား ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply