တံတားပေါ်မှာ ဆောက်ထားတဲ့ ထူးထူးခြားခြား နေအိမ်များ

တံတားတွေဆိုတာကတော့ မြစ်ချောင်းတွေ လျှိုမြောင်တွေ ကိုဖြတ်သန်းပြီးတစ်နေရာနဲ့ တစ်နေရာကိုတစ်ဆက်တည်းသွားလို့ရဖို့အတွက် ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် တံတားပေါ်မှာလူနေအိမ်တွေနဲ့ဈေးဆိုင်ခန်းတွေပါ ပါရှိတဲ့ရှားရှားပါးပါးတံတားတွေလည်း ကမ္ဘာပေါ်မှာရှိနေပါတယ်။ အဲ့ဒီတံတားတွေကိုဖော်ပြရမယ်ဆိုရင်တော့ ….. shwekhitonlinetv.com

၁။ Chongqing Bridge

တရုတ်နိုင်ငံ လင်ရှီးမြို့ကလေးမှာရှိတဲ့ Chongqing တံတားကတော့ မီတာ (၄၀၀) လောက်ရှည်လျားပြီး တံတားပေါ်မှာတရုတ်ရိုးရာအိမ်တွေနဲ့ အနောက်တိုင်းစတိုင်အိမ်ပေါင်းများစွာကို သယ်ဆောင်ထားပါတယ်။ shwekhitonlinetv.com

၂။ Ponte Vecchio

Arno မြစ်ကိုဖြတ်သန်းတည်ဆောက်ထားတဲ့ Ponte Vecchio တံတားကတော့ (၁၄) ရာစုနှစ်ကတည်းကတည်ရှိခဲ့တဲ့ တံတားလေးဖြစ်ပါတယ်။ မြစ်ရဲ့အကျဉ်းဆုံးနေရာမှာတည်ဆောက်ထားတဲ့ ဒီတံတားလေးဟာ ကမ္ဘာပေါ်မှာဈေးဆိုင်တန်းတွေရှိတဲ့ တံတား (၄) စင်းထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Pont des Merchands

Pont des Merchands တံတားကတော့ ပြင်သစ်နိုင်ငံမှာတည်ရှိပြီး တံတားပေါ်မှာလူနေအိမ်နဲ့ ဈေးဆိုင်တန်းလေးတွေကို တည်ဆောက်ထားပါတယ်။ တစ်ကယ်တော့ခံတံတားက ရှေးရောမတွေရဲ့ လက်ရာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Old Nahe Bridge

ဂျာမနီနိုင်ငံမှာတည်ရှိတဲ့ Old Nahe Bridge ကတော့ သက္ကရာဇ် (၁၃၀၀) ခုနှစ်ဝန်းကျင်ကတည်းကဆောက်လုပ်ထားတဲ့ ရှေးဟောင်းတံတားတစ်ခုပါ။ အလယ်ခေတ်ဗိသုကာလက်ရာတစ်ခုဖြစ်တဲ့ ဒီတံတားပေါ်မှာအိမ်တွေစတင်ဆောက်လုပ်ပြီးနေထိုင်ခဲ့ကြတာကတော့ ၁၄၈၀ ခုနှစ်မှဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Pulteney Bridge

အင်္ဂလန်နိုင်ငံ Bath City မှာရှိတဲ့ Pulteney Bridge ကတော့ ၁၇၇၃ ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ Avon မြစ်ကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ဒီတံတားဟာ ၁၇၀၀ ပြည့်နှစ်လွန်ကာလတွေက ခေတ်စားခဲ့တဲ့ Palladianism စတိုင်ဗိသုကာလက်ရာဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲခဲ့တဲ့ ပညာရှင် Robert Adam က တံတားစတည်ဆောက်စဉ်ကာလကတည်း တံတားပေါ်မှာဈေးဆိုင်တန်းတွေထည့်သွင်းခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Covered Bridge

ဘူလ်ဂေးရီးယားနိုင်ငံ Lovech မြို့မှာရှိတဲ့ Covered Bridge ကတော့ အဖုံးအုပ်ထားတဲ့ပုံစံနဲ့မို့လို့ ဒီနာမည်ကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ Osam မြစ်ကိုဖြတ်ပြီး Lovech မြို့ဟောင်းနဲ့မြို့သစ်တို့ကိုဆက်သွယ်ပေးထားတဲ့ ဒီတံတားဟာလည်း ကမ္ဘာပေါ်မှာဈေးဆိုင်တန်းတွေရှိတဲ့ တံတား (၄) ခုထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Krämerbrücke

ဂျာမနီနိုင်ငံ Erfurt မှာရှိတဲ့ Krämerbrücke တံတားကတော့ ဘေးတစ်ဘက်တစ်ချက်စီမှာလူနေဆိုင်ခန်းတွေ (၃၂) ခန်းအထိပါရှိတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ ဆိုင်ခန်းအများစုက လက်မှုပညာနဲ့ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွေဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ ဂျာမနီနိုင်ငံတွင်းက အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။