မယုံကြည်နိုင်လောက်အောင် နည်းပါးတဲ့လစာငွေနဲ့ ဘောလုံးလောကထဲပြန်လည်ရောက်ရှိလာတဲ့ ဂန္ဒဝင်တစ်ဦး

ရော်နယ်လ်ဒင်ဟိုဆိုတဲ့ အမည်နာမဟာတစ်ချိန်က ကလေးအစ ခွေးအဆုံးသိခဲ့ကြတဲ့ နာမည်တစ်ခုဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင်ကြီးဟာ လက်ရှိအချိန်မှာ အသက်အရွယ်အားဖြင့် (၄၃) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

သူဟာ ဘောလုံးဘောကကနေအနားယူပြီးနောက်ပိုင်းမှာ ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်ခဲ့ရပြီး စည်းစိမ်ဥစ္စာတွေလည်း ခြူးတစ်ပြားမကျန်အောင်မွဲတွေသွားခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ နာမည်ကျော်အမှတ်တံဆိပ်အချို့ရဲ့ ပရိုမိုးရှင်းသရုပ်ပြပွဲတွေမှာသာ လိုက်လံသရုပ်ပြကစားရင်းဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာတော့ ရော်နယ်လ်ဒင်ဟိုအနေနဲ့ ကြေးစားဘောလုံးလောကကို ပြန်လည်ဝင်ရောက်လာပြီဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ရော်နယ်လ်ဒင်ဟိုအနေနဲ့ ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးတည်ထောင်ထားတဲ့ Kings Leauge က Porcinos FC အသင်းအတွက် စတင်ပွဲထွက်ကစားသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ရော်နယ်လ်ဒင်ဟို လူစားဝင်ကစားသမားအဖြစ်ဝင်ရောက်ကစားခဲ့တဲ့ဒီပွဲဟာ အင်တာနက်စာမျက်နှာနဲ့ ဆိုရှယ်မီဒီယာတွေမှာ တမဟုတ်ချင်းပျံ့နှံ့သွားပြီးကမ္ဘာအရပ်ရပ်က မီဒီယာကြီးတွေအနေနဲ့လည်း ဒီသတင်းနဲ့ဆက်စပ်တဲ့နောက်ကိုလိုက်ခဲ့ကြပါတယ်။ shwekhitonlinetv.com

နောက်ဆက်တွဲသတင်းတွေအရတော့ ရော်နယ်ဒ်ဒင်ဟိုဟာ Porcinos FC အသင်းမှာ ပွဲစဉ်တစ်ပွဲကစားတိုင်း အခြေခံလစာအဖြစ် ယူရို (၇၀) သာရရှိတယ်လို့သိရပါတယ်။ တစ်ချိန်ကလစာငွေ ယူရို သိန်းဂဏန်းရရှိခဲ့တဲ့ ဂန္ဒဝင်ကစားသမားတစ်ဦးအတွက်တော့ အခုရရှိတဲ့ပမာဏဟာ မယုံကြည်နိုင်စရာဟာသတစ်ခု သဖွယ်ဖြစ်နေတာအမှန်ပါပဲ။ shwekhitonlinetv.com

ဒါပေမယ့်လည်း ရော်နယ်လ်ဒင်ဟိုတစ်ယောက် ဒီလစာငွေပမာဏနှုန်းထားနဲ့ Porcinos FC အသင်းမှာ အမှန်တစ်ကယ်ကစားနေပြီး ဘောလုံးလောကထဲပြန်လည်ဝင်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment