အဏုမြူဗုံးဒဏ် (၂) ကြိမ်ခံခဲ့ရပေမယ့် အသက်မသေဘဲ ရှင်သန်နိုင်ခဲ့သူ တစ်ဦး

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေထဲမှာတော့ ဂျပန်နိုင်ငံဟာ ပထမဆုံး အဏုမြူဗုံးဒဏ်ကို မြည်းစမ်းခံစားခဲ့ရတဲ့ နိုင်ငံလို့ဆိုနိုင်ပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ဂျပန်နိုင်ငံက ဟီးရိုးရှီးမား (Hiroshima) နဲ့ နာဂါဆာကီ (Nagasaki) မြို့တွေဟာ သမိုင်းမှာဖျောက်ဖျက်ဖို့ခက်လှတဲ့ ရင်နင့်ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ အမေရိကန်တို့ရဲ့ ဆန်းသစ်တဲ့ လက်နက်ကြောင့် ဒီမြို့ (၂) မြို့ဟာ ပြာပုံဖြစ်ခဲ့ရပြီး လူပေါင်းများစွားသေကျေပျက်စီးခဲ့ရပါတယ်။ shwekhitonlinetv.com

အဏုမြူဗုံးရဲ့ သဘောသဘာဝအရ ဗုံးဒဏ်သင့်တဲ့ နေရာဒေသက သက်ရှိတွေနဲ့ အပင်တွေဟာ ချက်ချင်းမသေဆုံးရင်တောင် သက်တမ်းစေ့ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုနိုင်ပေမယ့် ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံခဲ့ရပြီး ထူးထူးခြားခြား အသက်မသေဘဲ ရှင်သန်ကျန်ရစ်နေခဲ့သူတစ်ဦးတော့ ရှိခဲ့ပါတယ်။ ဒီနေ့ ဖော်ပြပေးမှာကတော့ ဒီလို အဏုမြူဗုံး (၂) လုံး စလုံးကျဲချခံရတဲ့နေရာမှာ ရှိနေခဲ့ပေမယ့် မသေဘဲ အသက်ပြင်းခဲ့တဲ့ ဆုတိုမူ ယာမာဂူချီ (Tsutomu Yamaguchi) ဆိုတဲ့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၉၄၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှာ နာဂါဆာကီမြို့ သား ဆုတိုမု ယာမာဂူချီ တစ်ယောက် အလုပ်ကိစ္စတစ်ခုနဲ့ ဟီရိုရှီးမားမြို့ ကို ရောက်ရှိနေခဲ့ပါတယ်။ သူဟာ မစ်ဆူဘီရှီကော်ပိုရေးရှင်း ရဲ့ ရေနံအင်ဂျင်နီယာတယောက်ဖြစ်ပြီးတော့ မိတ်ဆွေ နှစ်ယောက်နဲ့အတူ ဟီရိုးရှီးမားမြို့ကို ရောက်နေခဲ့တာဖြစ်ပါတယ်။ ဗအလုပ်ကိစ္စတွေအပြီး နောက်တစ်နေ့ပြန်ဖို့ အတွက်ပါအားလုံး စီစဥ်ထားပြီးသားလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

မနက် (၈) နာရီ (၁၅) မိနစ် ရောက်တဲ့အခါမှာတော့ အမေရိကန် တွေရဲ့ (B-29) ဗုံးကြဲလေယာဉ်ကနေ “Little Boy” လို့အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး အဏုမြူ ဗုံးကို ဟီရိုရှီးမား မြို့ပေါ်ကြဲချလိုက်ပါတော့တယ် ။ အဏုမြူ ဗုံးပေါက်ကွဲမှု အရှိန်ရယ် မီးလောင်မှုရယ်ကြောင့် လူ (၈၀,၀၀၀) လောက်ဟာ ချက်ချင်းအသက်ဆုံးရှုံးတယ်ခဲ့ရတယ်လို့သိရပါတယ်။ ဒါတင်မကသေးဘဲ အပြင်းအထန် ဒဏ်ရာရခဲ့သူတွေနဲ့ ဓာတ်ရောင်ခြည်သင့်မှုဒဏ်ခံရသူတွေ ထပ်မံသေဆုံးကုန်လို့ သေဆုံးသူစုစုပေါင်း (၁၅၀,၀၀၀) ထိဖြစ်လာခဲ့ပါတယ် ။ shwekhitonlinetv.com

ကံကောင်းသွာမဲ့ အသက်မသေဘဲ ရှင်ကျန်ခဲ့တဲ့ ယာမာဂူချီ ဟာလည်း သေကံမရောက်ခဲ့ပေမယ့် ခန္ဓာကိုယ်အပေါ်ပိုင်းတခုလုံး အပူလောင်ဒဏ်ရာတွေ ရခဲ့တယ်။ ဘယ်ဖက်နားတစ်ဖက် လည်း သေရာပါတဲ့အထိ နားထိုင်းသွားခဲ့ပါတယ် ။ အဲ့ဒီ တစ်ညလုံး သူဟာဗုံးခိုကျင်းထဲက အပြင်ကိုမထွက်ဝံ့ပဲ တုန်လှုပ်ချောက်ချားစွာနဲ့ အချိန်ကုန်လွန်ခဲ့ရတယ်။ နောက်တနေ့မှာတော့ ဟီရိုရှီးမားမြို့ရဲ့အပျက်အစီးတွေကို စွန့်ခွာပြီး သူ့ရဲ့နေရပ်ဖြစ်တဲ့ နာဂါဆာကီ မြို့ကို ပြန်ခဲ့ပါတယ်။ shwekhitonlinetv.com

ဟီရိုရှီးမား ဖြစ်ရပ်တွေဖြစ်ပွားခဲ့ပြီး (၃) ရက်မြောက်နေ့ဖြစ်တဲ့ သြဂုတ်လ ( ၉ ) ရက်နေ့မှာတော့ ယာမာဂူချီဟာ ဒဏ်ရာတွေ သက်သာလာခဲ့ပြီး အလုပ်ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ယာမာဂူချီဟာ သူ့ရဲ့လုပ်ငန်းခွင်ထဲက လူတွေကို သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးအကြောင်းကို အံ့သြထိတ်လန့်စွာနဲ့ ပြန်လည်ပြောပြခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ မနက် (၁၁) နာရီ ခပ်စွန်းစွန်းမှာတော့ နောက်ထပ် (B-29) ဗုံးကြဲလေယာဉ်တစ်စင်းဟာကမ္ဘာပေါ်မှာ ဒုတိယမြောက်နဲ့ နောက်ဆုံးအဏုမြူဗုံးဖြစ်တဲ့ “Fat Man” ကို ယာမာဂူချီတို့ရဲ့ နာဂါဆာကီ မြို့ကိုထပ်မံ ကျဲချခဲ့ပြန်ပါတယ်။ ဒီဗုံးဒဏ်ကြောင့် သေဆုံးသူနာဂါဆာကီမြို့သူမြို့သား စုစုပေါင်း (၇၅,၀၀၀) ကျော်ရှိခဲ့ပါတယ်။ ကံဆိုးမ သွားရာမိုးလိုက်ရွာဆိုသလိုဖြစ်ခဲ့ပေမယ့် ဒီတကြိမ်မှာတော့ ယာမာဂူချီဟာ ခိုင်ခန့်လုံခြုံတဲ့ ကုမ္ပဏီရုံးအဆောက်အဦးထဲ ရောက်နေလို့ ဘာဒဏ်ရာမှ မရခဲ့ပါဘူး။ shwekhitonlinetv.com

စစ်ကြီးအပြီးမှာတော့ အဏုမြူ ဗုံးပေါက်ကွဲမှု (၂) ကြိမ်စလုံးကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရပြီး သေကံမရောက်ခဲ့တဲ့ တစ်ဦးတည်းသော သူအဖြစ် ယာမာဂူချီကို ဂျပန်အစိုးရက တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ ဗုံးကြဲစဥ်က အသက်မသေဆုံးခဲ့ပေမယ့် နောက်ပိုင်းမှာ ဓာတ်ရောင်ခြည်သင့်မှကြောင့် ယာမာဂူချီကို အသက်ရှည်စွာ နေရမှာမဟုတ်တော့ဘူးလို့ အတော်များများက ထင်မှတ်ထားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ယာမာဂူချီဟာ အသက် (၉၃) နှစ် အရွယ်ထိ အသက်ရှည်ရှည် နေသွားခဲ့ရပြီး (၂၀၁၀) ခုနှစ်ရောက်မှသာ ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။