လူတွေ နှစ်ခြိုက်စွာ စားသုံးနေပေမဲ့ အသက်အန္တရာယ်ရှိတဲ့ အစားအစာများ

ပရိသတ်ကြီး ရေ “ အစာလည်းဆေး ၊ ဆေးလည်း အစာ ” ဆိုတဲ့ စကားပုံလေး ရှိပေမယ့် တစ်ချို့ အစားအစာတွေကတော့ ဆေး မဖြစ်စေတဲ့အပြင် လူကို အသက်ဘေး ဖြစ်စေနိုင်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း လူအတော်များက ဒီလို အန္တရာယ်ရှိတဲ့ အစားအစာတွေကို နှစ်ခြိုက်စွာ စားသုံးလျက်ရှိကြပါတယ်။ ဘယ်လို အစားအစာတွေက မစားသင့်လဲဆိုတာ ဖော်ပြပေးထားလို့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ စောင်းလျားသီး

လူတွေ သိထားကြတာက စောင်းလျားသီး ဟာဆိုရင် ဗီတာမင် စီ ဓာတ်တွေ ပါဝင်တာမို့ ကျန်းမာရေး ကို ကောင်းမွန်းစေတယ်လို့ပါ ။ ဒါပေမယ့် အစာအိမ် ရောဂါရှိသူတွေ အတွက်ကတော့ စောင်းလျားသီး ထဲမှာ Oxalic acid တွေ ပါဝင်တာမို့လို့ မစားသင့်ပါဘူး ။ shwekhitonlinetv.com

နောက်ပြီး ကျန်းမာတဲ့ သူတွေတောင် စောင်းလျားသီးကို ပုံမှန်စားမယ်ဆိုရင် ကျောက်ကပ်နဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ် ။ shwekhitonlinetv.com

၂။ ဖားခြေထောက် ဟင်းလျာ

အမေရိကန် ဖားမျိုးနွယ်စုထဲမှာပါတဲ့  ဖားကြီးတွေရဲ့ ခြေထောက်ဟာ အာဖရိက နဲ့ အာရှနိုင်ငံ တစ်ချို့မှာတော့ စားကောင်းတဲ့ ဟင်းလျာ အဖြစ် သတ်မှတ်ထားပါတယ် ။ သာမန်အားဖြင့်တော့ နည်းလမ်းမှန်မှန်နဲ့ ချက်မယ်ဆိုရင် အန္တရာယ်မရှိပါဘူး ။ shwekhitonlinetv.com

ဒါပေမယ့်လည်း သတိထားရမှာက ဖားရဲ့ အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းနဲ့ အရေပြားဟာ အဆိပ်ဖြစ်စေနိုင်တာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့်မို့လည်း တစ်ခြား အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ ဖားတွေနဲ့ ဒီ ဖား ကြီးတွေကို ရောပြီး ချက်လိုက်မယ်ဆိုရင်တော့ မစားသင့်တဲ့ ဟင်းလျာတစ်ခု ဖြစ်သွားစေနိုင်ပါတယ် ။ shwekhitonlinetv.com

၃။ ငါးပူတင်း ဟင်းလျာ

ငါးပူတင်း ငါးတွေ ထဲမှာဆိုရင် tetrodotoxin လို့ ခေါ်တဲ့ အဆိပ်အတောက် များစွာ ပါဝင်ပါတယ် ။ ဒါ့ကြောင့် စားဖိုမှုးတွေဟာ ငါးပူတင်းကို ချက်တော့မယ်ဆိုရင် ဘယ်လို ချက်ရမလဲဆိုတဲ့ နည်းနဲ့ ငါးရဲ့ အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အပိုင်းတွေကို လှီးထုတ်တတ်ဖို့တော့ လိုပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း ငါးပူတင်း ဟင်းလျာကို လုံး၀ စိတ်ချစွာ မစားသုံးသင့်ပါဘူး ။ ဂျပန်နိုင်ငံမှာဆိုရင် နှစ်စဉ်နှစ်တိုင်း ငါးပူတင်း စားမိလို့ အစာအဆိပ် ဖြစ်သွားရသူတွေ အများ ကြီး ရှိပါတယ် ။ shwekhitonlinetv.com

၄။ တိရစ္ဆာန်သွေး နဲ့ ရောထားတဲ့ စွပ်ပြုတ်

ဗီယက်နမ် နိုင်ငံမှာဆိုရင် ဘဲ ( ဒါမှမဟုတ် ) ငန်းရဲ့ သွေးနဲ့ ရောပြီး ပြုတ်ထားတဲ့ စွပ်ပြုတ်ကို လူတော်တော်များများ ကြိုက်ကြပါတယ် ။ အကြောင်းကတော့ ဒီလို ရောပြီး ပြုတ်ထားတဲ့ စွပ်ပြုတ်ဟာ အားအင် ပြည့်ဖြိုးစေပြီး ကျန်းမာစေတယ်လို့ ယုံကြည်ထားကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့်လည်း အခုလို တိရစ္ဆာန်တွေရဲ့ သွေးနဲ့ ရောထားတဲ့ စွပ်ပြုတ်ဟာ ဆိုးကျိုးရှိနိုင်ပြီး ငှက်တွေဆီက ပါလာတဲ့ ဗိုင်းရပ်စ်နဲ့ တစ်ခြား အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေကို ပေးနိုင်လို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ လင်းနို့ စွပ်ပြုတ်

လင်းနို့ စွပ်ပြုတ်ကိုတော့ အာရှနိုင်ငံ တော်တော်များများမှာ နှစ်သက်စွာ စားသုံးကြတဲ့ ဟင်းလျာဖြစ်ပြီး ဂူထဲက ကြက်လို့တောင် တင်စားထားကြပါတယ်။ ဟင်းလျာကို ချက်ပြုတ်ပုံကတော့ စာဖိုမှူးတွေဟာ လင်းနို့တစ်ကောင်လုံးကို ပွက်ပွက်ဆူနေတဲ့ ဟင်းချိုပန်းကန်ထဲ ထည့်ပြီး ပြင်ဆင်ပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

လူအများစု ယုံကြည်ထားကြတာကတော့ လင်းနို့အသားဟာ အလွန်အရသာ ရှိလှပြီး အနာရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လို့ ထင်ကြတာပါ ။ ဒါပေမယ့် လင်းနို့တွေဟာ ရောဂါပိုးမွှားတွေကို သယ်ဆောင်လာနိုင်တဲ့ အပြင် တစ်ခြားသော ဆိုးကျိုးတွေပါရှိလို့ လုံး၀ကို မစားသင့်တဲ့ ဟင်းလျာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အသက်အန္တရယ်ပေးနိုင်ပေမယ့်လည်း လူတော်တော်များများ နှစ်ခြိုက်စွာ စားကြတဲ့ အစားအစားများကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။