အသက် (၉၁) နှစ်အရွယ်မှာ ကမ္ဘာ့အသက်အကြီးဆုံး ဘဏ်ဓားပြအဖြစ်သတ်မှတ်ခံခဲ့ရသူ အကြောင်း

J.L Hunter Rountree ဆိုတဲ့အဘိုးကြီးတစ်ဦးကိုတော့ လူအများက “Red” ဆိုပြီး သိထားကြပါတယ်။ သူကနှယ်နှယ်ရရသူတစ်ဦးတော့မဟုတ်ပါဘူး။ အသက် (၉၁) နှစ်အရွယ်မှာ ဘဏ်တစ်ခုကို တစ်ကိုယ်တော်ဓားပြတိုက်ခဲ့လို့ ကမ္ဘာ့အသက်အကြီးဆုံး ဘဏ်ဓားပြအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ shwekhitonlinetv.com

သူဟာ တစ်ချိန်တုန်းကတော့ ဇနီးနဲ့ သားတစ်ဦးရှိပြီး ချမ်းသာကြွယ်ဝတဲ့သူတစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူပိုင်ဆိုင်တဲ့အရာတွေအားလုံးကို ကံကြမ္မာကယူဆောင်သွားခဲ့ပြီးနောက်ပိုင်းမှာတော့ သူ့အနေနဲ့ရာဇဝတ်မှု ကျူးလွန်တဲ့ဘဝကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၂၀၀၃ ခုနှစ် သြဂုတ်လ (၁၂) ရက်နေ့မှာ Rountree ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အယ်ဘီလီနီမှာရှိတဲ့ ဘဏ်တစ်ခုကနေ အမေရိကန်ဒေါ်လာ (၁၉၉၉) ကိုခပ်တည်တည်နဲ့ လက်နက်မဲ့ ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့အနေနဲ့ ဘဏ်ထဲကိုစာအိတ် (၂) လုံးကိုင်ဆောင်ကာဝင်ရောက်သွားခဲ့ပြီး တစ်လုံးမှာတော့ “Robbery” လို့အနီရောင်မှင်နဲ့ရေးသားထားပါတယ်။ ပြီးတော့ ဘဏ်ဝန်ထမ်းကိုအဲ့ဒီစာအိတ်ပြသပြီး ကျန်တဲ့စာအိတ်တစ်လုံးထဲကို ငွေတွေထည့်ခိုင်းခဲ့ကာ မထည့်ပေးရင်သူမကိုထိခိုက်အောင်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ shwekhitonlinetv.com

အစကတော့ ဘဏ်ဝန်ထမ်းအမျိုးသမီးက Rountree ရဲ့အပြုအမူကို စနောက်နေတာလားလို့ (၃) ကြိမ်လောက်မေးခဲ့ပြီး နောက်ဆုံးမှာတော့ သူ့ရဲ့စာအိတ်ထဲကိုပိုက်ဆံတွေထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံတွေရရှိပြီးနောက်မှာတော့ Rountree ကသူ့ရဲ့ အဖြူရောင်ဆီဒင်ကားနဲ့ ထွက်သွားခဲ့ပါတယ်။ shwekhitonlinetv.com

သိပ်မကြာခင်မှာပဲ ရဲကားတွေ Rountree ရဲ့နောက်ကိုလိုက်လာလို့ Rountree ဟာ တစ်နာရီကီလိုမီတာ (၉၀) နှုန်းအထိကားကိုမောင်းနှင်ပြီးပြေးခဲ့ပါသေးတယ်။ နောက်ဆုံးမှာတော့ သူ့ကိုရဲတွေက အဝေးပြေးလမ်းပေါ်မှာ ပိတ်ပြီးဖမ်းနိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

သူ့ကိုတော့ ဘဏ်ဓားပြမှုနဲ့ တရားရုံးကထောင်ဒဏ် (၁၂) နှစ်ခွဲချမှတ်ခဲ့ကာ အကျဉ်းထောင်ကိုပို့လိုက်ပါတယ်။ ထောင်ထဲမှာအသက်အကြီးဆုံးဖြစ်တဲ့သူ့ကို အခြားထောင်သားတွေက “Famous” လို့အမည်ပြောင်ပေးထားပါတယ်။ ထောင်ထဲမှာအသက်အကြီးဆုံးဖြစ်ရတာဘယ်လိုခံစားရသလဲလို့ ထာင်တွင်းအင်တာဗျူးတစ်ခုမှာ သူ့ကိုမေးခဲ့တော့ “အရမ်းကိုကြီးကျယ်ခမ်းနားတယ်လို့” Rountree ကပြန်ဖြေခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။