မသမာသူတို့၏ လုပ်ကြံစီရင်မှုကြောင့် ကွယ်လွန်ခဲ့ကြတဲ့ ကမ္ဘာကျော်တွေရဲ့ မိဘများ

အခုတစ်ခေါက်မှာတော့ မိဘတွေ Thet ဖြတ်ခြင်းခံခဲ့ရတဲ့ ကမ္ဘာကျော်ဆယ်လီတွေရဲ့ အကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီဆယ်လီတွေကိုတော့ အားလုံးသိပြီးသားဖြစ်မယ်လို့လည်းထင်ပါတယ်။ shwekhitonlinetv.com

၁။ ရှားလိဇ်သီရွန်

တောင်အာဖရိကနွယ်ဖွား အမေရိကန်မင်းသမီး ရှားလိဇ်သိရွန် (Charlize Theron) ရဲ့မိခင်ဖြစ်သူ ဂါဒါ (Gerda) ဟာ သူမရဲ့ဖခင်ဖြစ်သူ ရှားလက်စ် (Charles) ကို ၁၉၉၁ ခုနှစ်မှာ Thet ပစ်ခဲ့ပါတယ်။ ဂါဒါရဲ့ထွက်ဆိုချက်မှာတော့ ရှားလက်စ်က မူးပြီးသူမနဲ့ သူမရဲ့သမီးဖြစ်သူကို Thet ပစ်မယ်လို့ချိန်းခြောက်တာကြောင့် သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာတော့ တရားသူကြီးက မိမိကိုယ်ကိုကာကွယ်တဲ့ဖြစ်ရပ်တစ်ခုအနေနဲ့ ဂါဒါကိုပြစ်ဒဏ်ပေးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ shwekhitonlinetv.com

၂။ မိုက်ကယ်ဂျော်ဒန်

မိုက်ကယ်ဂျော်ဒန် (Michael Jordan) ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ကမ္ဘာကျော် ဂန္ဒဝင်ဘတ်စကတ်ဘောသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ဂျော်ဒန် (James Jordan) ဟာ ၁၉၉၃ ခုနှစ်မှာ မော်တော်ကားတစ်စီးပေါ်က သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကိုခံရပြီး သေဆုံးခဲ့ရပါတယ်။ သူ့ဖခင်သေဆုံးပြီး နောက် (၃) နှစ်အကြာမှာတော့ ဒန်နီရယ်ဂရင်း (Daniel Green) နဲ့ လယ်ရီဒီရီမီ (Larry Demery) ဆိုတဲ့သူနှစ်ဦးကို လူသတ်မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးနိုင်ခဲ့ကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခဲ့ပါတယ်။ shwekhitonlinetv.com

၃။ ဂျိတ်ဇိုင်းရပ်

ဂျိတ်ဇိုင်းရပ်စ် (Jake Zyrus) ဆိုတာကတော့ တစ်ချိန်က Glee ဇာတ်လမ်းတွဲတွေမှာပါဝင်ဖူးပြီး Pyramid သီချင်းနဲ့ လူသိများခဲ့တဲ့ ဖိလစ်ပိုင်အဆိုတော် ရှာရိစ် (Charice Prmpengco) ဖြစ်ပါတယ်။ သူမဟာ ဖခင်ဖြစ်သူကို အသက် (၁၁) နှစ်အရွယ်မှာဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့ကုန်စုံဆိုင်မှာပဲ မူးယစ်ဆေးဝါးသုံးစွဲထားတဲ့သူတစ်ဦးက ဓားနဲ့ Htoe သွားခဲ့တာဖြစ်ပါတယ်။ ရှရိစ်ဟာ လက်ရှိအချိန်မှာတော့ လိင်ပြောင်းလဲထားသူဖြစ်ပြီး နာမည်ကိုလည်း ဂျိတ်ဇိုင်းရပ်စ်ဆိုပြီးပြောင်းလဲထားပါတယ်။ shwekhitonlinetv.com

၄။ ဂျနီဖာဟာ့ဒ်ဆန်

၂၀၀၈ ခုနှစ်မှာတော့ ဂျနီဖာဟာ့ဒ်ဆန် (Jennifer Hudson) ရဲ့ အမေဖြစ်သူ ဒါနဲလ်ဒိုနာဆန်၊ အစ်ကိုဖြစ်သူ ဂျေဆင်ဟာ့ဒ်ဆန် နဲ့ တူဖြစ်သူ ဂျူလီယန်ကင်းတို့ဟာ နေအိမ်မှာပဲပစ် Thet ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီအချိန်က ဂျနီဖာဟာ့ဒ်ဆန်ဟာ အသက် (၇) နှစ်သာရှိပါသေးတယ်။ သူမ အစ်မဖြစ်သူရဲ့ ကွဲကွာနေတဲ့ခင်ပွန်းဟောင်း ဝီလီယံဘယ်ဖော (William Balfour) က သူမအစ်မ တစ်ခြားယောက်ျားနဲ့ ဘဝသစ်ပြန်စနေတာကို မကျေနပ်လို့ယခုလို ပြုမူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီပြစ်မှုကိုကျူးလွန်ခဲ့တဲ့ ဝီလီယံကိုတော့ တရားရုံးက သုံးဘဝစာထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ shwekhitonlinetv.com

၅။ ပက်ဖ်ဒက်ဒီ

ပက်ဖ်ဒက်ဒီ (Puff Daddy) လို့လူသိများတဲ့ နာမည်ကျော် ရပ်ပါ ရှောင်ကုန်းဘ် (Seean Combs) ဟာ သူ့ရဲ့ဖခင်ဖြစ်သူကို (၃) နှစ်သားအရွယ်မှာကတည်းက ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ဖခင်ဖြစ်သူ မယ်ဗင်ကုန်းဘ် (Melvin Combs) ဟာ နယူးယော့ခ်မြို့က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ ဖရန့်လူးကပ်စ် (Frank Lucas) နဲ့အတူအလုပ်လုပ်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သေနတ်နဲ့ ပစ်ခတ်ခြင်းခံထားရတဲ့ မာဗင်ရဲ့ရုပ်အလောင်းကို ကားတစ်စီးအတွင်းမှာတွေ့ရှိခဲ့ရပြီး ဘယ်သူ့လက်ချက်မှန်းတော့ မသိခဲ့ရပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။