မြန်မာငွေကျပ် တစ်သိန်းခွဲ လောက် ပေးပြီးမှ စားလို့ရမယ့် ဂြိုလ်သားဟင်းလျာ အကြောင်း

ထိုင်ဝမ်မှာရှိတဲ့ Ramen ခေါက်ဆွဲဆိုင်ဟာ သူတို့ဆိုင်ရဲ့မီနူးမှာ ထူးဆန်းတဲ့ဟင်းလျာအမယ်တစ်မျိုးကို ထည့်သွင်းခဲ့တာကြောင့် ဒီဟင်းလျာရော ဆိုင်နာမည်ပါ အင်တာနက်သုံးစွဲသူတွေကနေတစ်ဆင့် နေ့ချင်းညချင်း နာမည်ကျော်သွားခဲ့ပါတယ်။ shwekhitonlinetv.com

အဲ့ဒီဟင်းလျာရဲ့အမည်ကတော့ ဂြိုဟ်သားဟင်းလျာပဲဖြစ်ပါတယ်။ အမည်ပေးတဲ့သူရဲ့ အိုင်ဒီယာကြောင့် ဒီဟင်းလျာက ဘယ်လိုမျိုးလဲဆိုတာကို နာမည်ကြားရုံနဲ့ သိချင်စူးစမ်းချင်စိတ်ဖြစ်ပေါ်လာမှာ သေချာပါတယ်။ နောက်ပြီး အဲ့ဒီဟင်းလျာက ဘယ်လိုအရသာရှိမလဲဆိုတာရောပေါ့။ shwekhitonlinetv.com

တစ်ကယ်တော့ ဒီဂြိုဟ်သားဟင်းလျာဟာ ထူးဆန်းပြီး ပင်လယ်ရေနက်ပိုင်းမှာနေထိုင်တဲ့ Giant Isopod ဆိုတဲ့ သတ္တဝါတစ်မျိုးနဲ့ ကြက်သားပြုတ်ရည်ခေါက်ဆွဲကို တွဲဖက်ပေးထားတာပဲဖြစ်ပါတယ်။ ဒီ သတ္တဝါရဲ့ပုံစံက သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေထဲက ထူးဆန်းတဲ့ဂြိုဟ်သားကောင်တွေနဲ့တူလို့ ဂြိုဟ်သားဟင်းလျာဆိုပြီး အမည်ပေးထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

တစ်နေ့ကိုလည်းအရေအတွက်ကန့်သတ်ချက်နဲ့ သာရောင်းတဲ့ ဒီဟင်းလျာကို မြည်းစမ်းချင်သူတွေဟာ ဆိုင်ရှေ့မှာတန်းစီစောင့်ဆိုင်းနေရပြီး တစ်ရက်ကိုလာရောက်တန်းစီစောင့်ဆိုင်းသူ (၁၀၀) ကျော်အထိရှိတယ်လို့ ဆိုင်ရှင်ဖြစ်တဲ့ အသက် (၃၇) နှစ်အရွယ် Hu ကဆိုပါတယ်။ shwekhitonlinetv.com

ဒီဟင်းလျာတစ်ပွဲရဲ့ ဈေးနှုန်းကတော့ ထိုင်ဝမ်ဒေါ်လာ ၁၄၈၀ (အမေရိကန်ဒေါ်လာ ၄၈ ဒေါ်လာ) ကျသင့်တယ်လို့သိရပါတယ်။ မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင် တစ်သိန်းခွဲနီးပါးလောက်ကျသင့်တဲ့ ဒီဟင်းလျာကိုတော့ ဆိုင်ကိုအမြဲလာအားပေးတဲ့ ဖောက်သည်တွေကိုသာ ဦးစားပေးရောင်းချတာဖြစ်ပါတယ်။ ဒါတောင်မှ သူတို့အနေနဲ့ကြိုတင်စာရင်းပေးသွင်းထားရပါသေးတယ်။ shwekhitonlinetv.com

ဒီဟင်းလျာက ဘာကြောင့်အခုလောက်ဈေးကြီးရသလဲဆိုရင်တော့ အဖြေက ရှင်းပါတယ်။ ဒီသတ္တဝါတွေက ပင်လယ်ရဲ့ ဟိုးအောက်ခြေရေနက်ပိုင်းမှာနေတာကြောင့် မြင်တွေ့ရခဲပြီး ရှာဖွေဖမ်းဆီးရတာခက်ခဲလှလို့ပဲဖြစ်ပါတယ်။ သူတို့တွေက ပင်လယ်ရေအောက် အနက်ပေ (၁၆၀၀) ကျော်လောက်မှာနေတာကြောင့် သာမန်ငါးဖမ်းသင်္ဘောတွေအနေနဲ့ ဖမ်းဆီးဖို့မဖြစ်နိုင်ပါဘူး။ shwekhitonlinetv.com

နောက်ပြီး အရင်ကဒီသတ္တဝါကို စားဖူးသူရှိကောင်းရှိနိုင်ပေမယ့် ရှားပါးတာကြောင့် ဘယ်လိုအရသာရှိမလဲဆိုပြီး စူးစမ်းချင်တဲ့ လူတွေရဲ့စိတ်သဘောသဘာဝကြောင့်လည်း ဈေးနှုန်းကိုမြှင့်ထားတာဖြစ်နိုင်ပါတယ်။ အခုလက်ရှိစားဖူးပြီးတဲ့သူတွေကတော့ “သူ့ရဲ့အခွံအောက်ကအသားဖြူဖြူတွေက ကျောက်ပုစွန်၊ ကဏန်းလိုမျိုး အရသာရှိပါတယ်။ ပြီးတော့ အဝါရောင်အနှစ်တွေက မထင်ရလောက်အောင် လတ်ဆက်ပြီးချိုမြိန်ရတယ်လို့” မှတ်ချက်ပြုထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။