အများပြည်သူတွေအတွက် မထင်မှတ်ဘဲအကျိုးများစွာဖြစ်ခဲ့တဲ့ ကာဒီဘီရဲ့ မိုက်ပျံ

ကမ္ဘာကျော် ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်တဲ့ ကာဒီဘီ (Cardi B) ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူမရဲ့ဖျော်ဖြေပွဲတစ်ခုအတွင်း ပရိသတ်တစ်ဦးကို မိုက်နဲ့ပစ်ပေါက်ခဲ့တဲ့ သတင်းဟာ မီဒီယာတွေထက်မှာအတော်လေးကို ပလူပျံသွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒီဖြစ်ရပ်မှာ ကာဒီဘီ အနေနဲ့ဖျော်ဖြေဖို့စင်ပေါ်ရောက်လာတဲ့အချိန်မှာ စင်အောက်ကပရိသတ်တစ်ဦး လက်ထဲမှာကိုင်ထားတဲ့ သောက်စရာအရည်တစ်မျိုးနဲ့လှမ်းပြီးပက်တာကို ခံခဲ့ရတာကြောင့် ဒေါသထွက်ပြီး လက်ထဲကမိုက်နဲ့ အဆိုပါပရိသတ်ကို ပစ်ပေါက်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ကာဒီဘီ ပစ်ပေါက်ခဲ့တဲ့ အဲ့ဒီမိုက်ဟာ အခုအချိန်မှာတော့ မယုံနိုင်လောက်အောင်တန်ဖိုးကြီးမားသွားခဲ့ ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပွဲမှာ စက်ပစ္စည်းကိရိယာတွေကို ပံ့ပိုးပေးခဲ့တဲ့ The Wave ဆိုတဲ့ ကုမ္ပဏီပိုင်ရှင်က အဆိုပါမိုက်ကို ebay ကနေ လေလံတင်ရောင်းချခဲ့လို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကနဦးကြမ်းခင်းဈေး ဒေါ်လာ (၅၀၀) နဲ့ လေလံခေါ်ခဲ့တဲ့ အဲ့ဒီမိုက်ကို မယုံကြည်နိုင်စရာကောင်းလောက် အောင်ပဲ ဒေါ်လာ (၁) သိန်းနီးပါးပေးပြီးလေလံဆွဲခဲ့တဲ့ သူရှိခဲ့ပါတယ်။ ကာဒီဘီရဲ့ မထင်မှတ်တဲ့အပြုအမူတခုက လက်ရှိအချိန်မှာအရမ်းကိုတန်ဖိုးကြီးမားသွားခဲ့တာဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ဒီလေလံဆွဲမှုကနေ ရရှိတဲ့ငွေတွေကိုတော့ ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ကမ္ဘာကျော်တွေရဲ့ ထင်မှတ်မထားတဲ့အပြုအမူတွေက တစ်ခါတလေမှာ အများအကျိုးအတွက် အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။