ပရိသတ်တွေအိမ်ပြန်ဖို့အတွက် ဒေါ်လာ (၁၀၀,၀၀၀) အသုံးပြုပြီး မြေအောက်ရထားတွေကို အချိန်ပိုပြေးဆွဲပေးဖို့ စီစဉ်ပေးခဲ့တဲ့ ဘီယွန်းဆေး

ကမ္ဘာကျော်ပေါ့ဘုရင်မ ဘီယွန်းဆေးဟာ သူမရဲ့နယ်လှည့်ဖျော်ဖြေပွဲကို မြောက်အမေရိကတစ်လွှားမှာ စတင်ပြုလုပ်နေပြီဖြစ်ပြီး သြဂုတ်လ (၆) ရက်နေ့မှာတော့ ဒုတိယမြောက်ညအဖြစ်အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့က FedEx Field မှာဖျော်ဖြေသွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်အဲ့ဒီနေ့က မိုးလေဝသအခြေအနေအရ ဖျော်ဖြေပွဲကိုသတ်မှတ်ထားတဲ့အချိန်ထက် နာရီဝက် တစ်နာရီခန့်နောက်ကျပြီးမှစတင်နိုင်ခဲ့ပါတယ်။ မိုးကြိုးမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ ဧရိယာတွေထဲမှာ သူမဖျော်ဖြေမယ့် FedEx Field လည်းပါဝင်နေလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကြောင့် ကွင်းအတွင်းမှရှိနေတဲ့ပရိသတ်တွေဟာလည်း မိမိတို့ရဲ့ကားနဲ့ လုံခြုံတဲ့အမိုးအကာတွေအောက်ကို သွားရောက်ခိုလှုံနေခဲ့ကြရပြီး ရာသီဥတုအခြေအနေပြန်လည်ကောင်းမွန်သွားမှသာ ကွင်းအတွင်းကိုပြန်လည်ဝင်ရောက်ခွင့်ရခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ဖျော်ဖြေပွဲကိုသတ်မှတ်ချိန်ထက် အချိန်တစ်နာရီလောက်နောက်ကျပြီးမှကျင်းပပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုလိုဖျော်ဖြေပွဲနောက်ကျသွားတာကြောင့် ပရိသတ်တွေအိမ်ပြန်ရမယ့်အချိန်ဟာလည်း နောက်ကျသွားခဲ့ပြီး မြေအောက်ရထားနဲ့ပြန်မယ့်သူတွေဟာ အခက်တွေ့ခဲ့ရပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဘီယွန်းဆေးက ဒီအခက်အခဲကို ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ မြေအောက်ဘူတာရုံ (၉၈) ခုစလုံးကို အချိန်တစ်နာရီတိုးမြှင့်ဖွင့်လှစ်ပေးထားဖို့နဲ့ မြေအောက်ရထားတွေကိုလည်း အချိန်တစ်နာရီတိုးမြှင့် ပြေးဆွဲပေးဖို့ ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၀၀,၀၀၀) ပေးပြီးတောင်းဆိုခဲ့တာပါ။ shwekhitonlinetv.com

ဒါကြောင့်မို့လို့ သူမရဲ့ပရိသတ်တွေအနေနဲ့လည်း အိမ်ပြန်ဖို့အတွက်မပူပင်ရတော့ဘဲ ဖျော်ဖြေပွဲအပြီး ပုံမှန်အတိုင်း အေးအေးဆေးဆေး အိမ်ပြန်လို့ရခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။