နေရောင်ခြည်စွမ်းအင်သုံးပြီး ရက် (၂၀) လောက်မရပ်မနားဘဲ ကမ္ဘာပတ်ပြမယ့် လေသင်္ဘောကြီး

ပြင်သစ်နိုင်ငံ အခြေစိုက် Euro Airship ဟာ သူတို့ကုမ္ပဏီကနေ အထူးဒီဇိုင်းထုတ်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး လေသင်္ဘောကြီးနဲ့ လာမည့်နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာပတ်မယ်လို့ ကြေညာလိုက်ပါတယ်။ shwekhitonlinetv.com

ရုပ်ကြွင်းလောင်စာအသုံးပြုမှုလျော့ချရေး ပြယုဂ်တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ပြီးဖန်တီးခဲ့တဲ့ ဒီလေသင်္ဘောကြီးဟာ နေရောင်ခြည်ကနေရရှိမယ့် ဆိုလာစွမ်းအင်ကိုအဓိက အသုံးချပြီး ကမ္ဘာပေါ်ကနိုင်ငံပေါင်း (၂၅) နိုင်ငံကို ရက် (၂၀) လောက်မရပ်မနား ခရီးနှင်ပျံသန်းမှာပါ။ shwekhitonlinetv.com

ဒီလေယာဉ်ကြီးရဲ့ အပြင်ဘက်ကိုယ်ထည်မှာ စုစုပေါင်း (၄၈၀၀) စတုရန်းမီတာလောက်ရှိမယ့် ဆိုလာပြားတွေကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။ အဲ့ဒီကနေရရှိမယ့် ဆိုလာစွမ်းအင်က ဒီလေသင်္ဘောကြီးကို ညအချိန်မှာပါ မရပ်မနားခရီးနှင်ပျံသန်းနိုင်ဖို့အတွက် လုံလောက်မှုရှိတယ်လို့လည်း Euro Airship က ဆိုထားပါတယ်။ shwekhitonlinetv.com

အခုဆိုရင် နည်းပညာပိုင်းစမ်းသပ်မှုတွေနဲ့ တွက်ချက်မှုတွေအကုန်လုံးက အဆင်ပြေတဲ့အနေအထားကို ရောက်ရှိသွားပြီဖြစ်လို့ လာမယ့် ၂၀၂၄ မှာ ဒီလေသင်္ဘောကြီးကို စတင်တည်ဆောက်တော့မှာဖြစ်ပါတယ်။ ပြီးရင်တော့ ၂၀၂၆ နှစ်ဦးပိုင်းမှာ ကမ္ဘာပေါ်ကနိုင်ငံ (၂၅) နိုင်ငံကို (လုံးဝ) ရပ်နားခြင်းမပြုဘဲ တောက်လျှောက်ပျံသန်းပြမှာပါ။ shwekhitonlinetv.com

ပြောရရင် မိုင်ပေါင်း (၂၅၀၀၀) လောက်ရှိတဲ့ ခရီးစဉ်တစ်ခုကို ရုပ်ကြွင်းလောင်စာ အသုံးမပြဘဲ ဆိုလာစွမ်းအင်ကို အဓိက အားထားပြီးပျံသန်းကြမှပါ။ ဒီ ပျံသန်းမှုသာအောင်မြင်ခဲ့မယ်ဆိုရင် လာမည့်အနုာဂတ်မှာ သဘာဝပတ်ဝန်းကျင်အတွက် များစွာအကျိုးရှိစေမယ့် နည်းပညာတစ်ခုကို သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာတွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။