ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ (၂) နှစ်သမီးလေး

(၆၆) ကြိမ်မြောက်ဂရမ်မီဆုချီးမြှင့်ပေးအပ်ပွဲကိုတော့ လာမယ့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီပွဲမှာပေးအပ်ချီးမြှင့်မယ့် သက်ဆိုင်ရာဂရမ်မီဆုတွေအတွက် ဆန်ခါတင်စာရင်းကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ကြေညာခဲ့ပါတယ်။ shwekhitonlinetv.com

အဆိုပါ ဆန်ခါတင်စာရင်းမှာတော့ ထူးထူးခြားခြားအနေနဲ့ (၂) နှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်နေတာကိုတွေ့ရပါတယ်။ အဲ့ဒီကလေးလေးကတော့ Hazel Monet လို့အမည်ရပြီး အမေရိကန်အမျိုးသမီးအဆိုတော် Victoria Monet ရဲ့ သမီးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကလေးလေးက သူမအမေသီဆိုထားတဲ့ Hollywood ဆိုတဲ့သီချင်းဗီဒီယိုမှာ Featuring Artist အနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်။ (သီချင်းပြီးဆုံးခါနီးကလေးသံလေးတွေက Hazel ရဲ့အသံဖြစ်ပါတယ်) အဲ့ဒီ သီချင်းနဲ့အတူ Hazel ဟာ ဂရမ်မီဆုပေးပွဲရဲ့ Best Traditional R&B Performance Award ဆုအတွက်ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။ shwekhitonlinetv.com

ဒါဟာ ဂရမ်မီသမိုင်းတစ်လျှောက်မှာတော့ အသက်အငယ်ဆုံးဆန်ခါတင်စာရင်းမှာပါဝင်ခဲ့တဲ့သူအဖြစ် Hazel လေးကို မှတ်တမ်းဝင်စေခဲ့ပြီး တစ်ကယ်လို့သာဆုကိုရရှိခဲ့မယ်ဆိုရင် အသက်အငယ်ဆုံး ဂရမ်မီဆုရှင်အဖြစ်ပါထပ်မံ မှတ်တမ်းသစ်ရေးထိုးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိ အသက်အငယ်ဆုံးရမ်မီဆုရှင်အဖြစ် မှတ်တမ်းဝင်ထားတာကတော့ နာမည်ကျော်အဆိုတော်စုံတွဲဖြစ်တဲ့ Jay Z နဲ့ Beyonce တို့ရဲ့သမီးလေး Blue Ivy Carter ဖြစ်ပါတယ်။ သူမကတော့ ၂၀၂၁ ခုနှစ် မတ်လထဲမှာကျင်းပခဲ့တဲ့ ဂရမ်မီဆုပေးပွဲမှာ “Brown Skin Girl” ဆိုတဲ့ သီချင်းဗီဒီယိုနဲ့ Best Music Video Award ဆုရရှိခဲ့တာပါ။ အဲ့ဒီအချိန်က သူမရဲ့အသက်က (၈) နှစ် နဲ့ (၃၂၂) ရက်သာရှိသေးတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။