နစ်မြုပ်နေတဲ့ စစ်သင်္ဘောကနေ ဒေါ်လာသန်း (၈၀) တန်ရွှေချောင်းတွေကို ရှာဖွေတွေ့ရှိခဲ့သူများ

အလွန်တရာမှ ကံကောင်းလှတဲ့ ဗြိတိန်ရေငုပ်သမားအဖွဲ့တစ်ဖွဲ့ဟာ ဒုတိယကမ္ဘာစစ်တုန်းကနစ်မြုပ်သွားခဲ့တဲ့ သင်္ဘောပျက်တစ်စီးကနေ အမေရိကန်ဒေါ်လာသန်း (၈၀) လောက်တန်ကြေးရှိတဲ့ ရွှေချောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒါဟာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးရေအောက်ရတနာရှာဖွေတွေ့ရှိမှုလို့ သတ်မှတ်လို့ရပါတယ်။ ဒီရေငုပ်သမားတွေဟာ အရည်အသွေးမြင့်တဲ့ရွှေနဲ့ပြုလုပ်ထားတဲ့ ရွှေချောင်း (၄၃၁) ကို ရေအောက်ထဲကသင်္ဘောပျက်ကြီးကနေ တွေ့ရှိခဲ့တာပါ။ shwekhitonlinetv.com

ဒီရွှေချောင်းတွေဟာ ဒုတိယကမ္ဘာစစ်တုန်းက ဆိုဗီယက်တွေအနေနဲ့ အမေရိကန်ဆီကနေဝယ်ယူထားတဲ့ လက်နက်တွေအတွက် အဖိုးအခအနေနဲ့ ပေးချေဖို့ ဗြိတိန်စစ်သင်္ဘော Cruiser HMS Edinburgh နဲ့ တင်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် ဆိုဗီယက်နိုင်ငံ Murmansk မြို့ဆိပ်ကမ်းကနေ မိုင် (၁၇၀) လောက်ကွာဝေးတဲ့ ဘာရင်ပင်လယ်ထဲ အရောက်မှာတော့ နာဇီစစ်သင်္ဘောတွေရဲ့ တိုက်ခိုက်တာခံရပြီး နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သင်္ဘောရဲ့လျှို့ဝှက်သိုလှောင်ခန်းထဲမှာ ရွှေချောင်းတွေပါလာတာကို သိတဲ့သူသိပ်မရှိခဲ့ပါဘူး။ shwekhitonlinetv.com

နောက်ပိုင်းမှာ ဆိုဗီယက်တွေဟာ အဲ့ဒီရွှေချောင်းတွေကိုပြန်လည်ရှာဖွေဖို့ကြိုးပမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် နည်းပညာမတိုးတက်သေးတဲ့ကာလမှာ ဘာရင်ပင်လယ်ရဲ့ အေးစက်လွန်းတဲ့ရေနက်ပိုင်းထိ ငုပ်လျှိုးရှာဖွေဖို့အတွက် မတက်နိုင်ခဲ့တာကြောင့် လက်လျော့ခဲ့ကြတာပါ။ shwekhitonlinetv.com

ကံကောင်းတဲ့ ဗြိတိန်ရေငုပ်သမားအဖွဲ့ကတော့ သူတို့ရဲ့ခေတ်မီတဲ့ ရေငုပ်သင်္ဘောလေးနဲ့ ဘာရင်ပင်လယ်ပြင်မှာ ရေအောက်ရတနာရှာဖွေမှုတွေပြုလုပ်ရင်း မထင်မှတ်ဘဲ ဒီရွှေချောင်းတွေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ရွှေချောင်းတစ်ချောင်းချင်းစီဟာ အလေးချိန် (၂၃) ပေါင် စီလေးလံပြီး ၁၉၃၆ ကနေ ၁၉၄၂ ခုနှစ်အတွင်းက နေ့စွဲတွေကိုရိုက်နှိပ်ထားပါတယ်။ ကာလတန်ကြေးနဲ့တွက်ကြည့်မယ်ဆိုရင် ဒီရွှေချောင်းတစ်ချောင်းကို အမေရိကန်ဒေါ်လာ (၂) သိန်းနီးပါးတန်ကြေးရှိတာကြောင့် သူတို့အနေနဲ့ စုစုပေါင်းအမေရိကန်ဒေါ်လာသန်း (၈၀) လောက်တန်ဖိုးရှိတဲ့ ရတနာတွေကို ရှာဖွေတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။