လာမည့်နှစ်အနည်းငယ်လောက်ဆို မြင်တွေ့ရတော့မှာမဟုတ်တော့တဲ့ စေတန်ရဲ့ခါးပတ်ကွင်းများ

စေတန်ဂြိုဟ် (စနေဂြိုဟ်) ဟာ ကျွန်တော်တို့နေအဖွဲ့အစည်းအတွင်းမှာရှိတဲ့ ဂြိုဟ်တွေအားလုံးအနက် ကွဲပြားတဲ့ပုံသဏ္ဍာန်နဲ့ ကြည့်ရတာလှပလွန်းတဲ့ဂြိုဟ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခြားဘယ်ဂြိုဟ်မှာမှ မရှိတဲ့ ဂြိုဟ်ပတ်ကွင်းတွေ သူ့မှာရှိလို့ပါ။ shwekhitonlinetv.com

ဒါပေမယ့် ဒီဂြိုဟ်ကြီးကလည်း “အနိစ္စ” ဆိုတဲ့မတည်မြဲခြင်းသဘောကိုလွန်ဆန်နိုင်ခြင်းမရှိပါဘူး။ သူ့အနေနဲ့ တဖြေးဖြေး အဲ့ဒီ ဂြိုဟ်ပတ်ကွင်းကိုဆုံးရှုံးနေပြီး တစ်ချိန်ကျရင် လုံးဝမရှိပျောက်ကွယ်သွားမှာပါ။ shwekhitonlinetv.com

နာဆာရဲ့ လေ့လာတွေ့ရှိချက်တွေအရ စနေဂြိုဟ်ကြီးဟာ “Ring Rain” ဆိုတဲ့ဖြစ်စဉ်ကိုကြုံနေတယ်လို့ သိရပါတယ်။ ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ သူ့ကိုပတ်နေတဲ့ ဂြိုဟ်ပဲ့အပိုင်းအစတွေဟာ မိုးရွာသလိုသူ့ရဲ့ လေထုထဲကိုကျဆင်းနေတာမျိုးပါ။ (တစ်ကယ်တော့ သူ့ရဲ့ Gravity ကြောင့် ဂြိုဟ်ပဲ့အပိုင်းအစလေးတွေဟာ ဓာတ်ငွေ့လုံးကြီးထဲကို ဆွဲသွင်းခံနေရတာပါ။) shwekhitonlinetv.com

လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကထက်စာရင် အခုအချိန်မှာပိုပြီး စေတန်ဟာ ဂြိုဟ်ပတ်ကွင်းတွေကို ပိုမိုလျှင်မြန်တဲ့နှုန်းနဲ့ ဆုံးရှုံးနေတယ်လို့ သူ့ကိုစဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ shwekhitonlinetv.com

လက်ရှိနှုန်းနဲ့ဆိုရင် လာမည့် (၂၀၂၅) လောက်ဆိုစေတန်ရဲ့ ဂြိုဟ်ပဲ့ခါးပတ်ကွင်းကို တယ်လီစကုပ်နဲ့ ကမ္ဘာကနေလှမ်းကြည့်လို့ မမြင်ရတော့တဲ့အခြေအနေကို ရောက်ရှိသွားမှာဖြစ်တယ်လို့လည်းဆိုကြပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် လုံးဝပျောက်ကွယ်သွားဖို့ကတော့ နောက်ထပ်နှစ်သန်းပေါင်း (၃၀၀) လောက်ကြာဦးမှာပါ။ သိသိသာသာ ပါးလွှာသွားတာနဲ့ ဂြိုဟ်ရဲ့ဝင်ရိုးစွန်းတိမ်းစောင်းမှုတွေကြောင့် ကမ္ဘာကမြင်ရမယ့် ရှုထောင့်အနေအထား မတူတော့တာကြောင့် မမြင်ရတော့ခြင်းသာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။