အများအကျိုးအတွက် ဒေါ်လာသန်း (၅၀) ကိုငြင်းဆန်ခဲ့တဲ့ ကျွန်းပျော်တစ်ဦး

ငွေကြေးကြွယ်ဝချမ်းသာတဲ့သူတွေဟာ ဒီနေ့ခေတ်မှာ သူတို့အတွက်ဇိမ်ခံအပန်းဖြေအိမ်ကြီးတွေကို ဆောက်လုပ်ပြီးနေထိုင်ဖို့အတွက် သာယာလှပတဲ့ရှုခင်းတွေ့နဲ့ပြည့်နှက်နေတဲ့ ကျွန်းငယ်လေးတွေကို ဝယ်ယူတက်ကြပါတယ်။ shwekhitonlinetv.com

ဘရန်ဒန်ဂရင်းရှောလို့အမည်ရတဲ့ ပုဂ္ဂိုလ်ကတော့ အခြားကြွယ်ဝသူတွေနဲ့မတူညီတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဆေးရှဲလ်ကျွန်းစုတွေထဲက မိုယန်နီ (Moyenne) လို့အမည်ရတဲ့ကျွန်းငယ်လေးတစ်ခုကိုဝယ်ယူပြီး အဲ့ဒီကျွန်းမှာပဲအခြေချနေထိုင်ကာ ကျွန်းကိုအများနဲ့သက်ဆိုင်တဲ့နေရာလေးတစ်ခုဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ shwekhitonlinetv.com

၁၉၇၃ မှာ ဂရင်းရှောဟာ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ ဆေးရှဲလ်ကျွန်းစုတွေထဲကတစ်ခုဖြစ်တဲ့ မိုယန်နီကျွန်းကို ပေါင် (၈၀၀၀) ပေးပြီးဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သတင်းစာအယ်ဒီတာအလုပ်ကနေထွက်ခဲ့ပြီး ဒီကျွန်းမှာကောင်းမွန်တဲ့ ဂေဟစနစ်တစ်ခုရှိနေစေဖို့ကြိုးပမ်းခဲ့ပါတယ်။ shwekhitonlinetv.com

ဂရင်းရှောရောက်ရှိတဲ့အချိန်တုန်းကဆိုရင်ကျွန်းဟာ ထူထပ်လှတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ အုန်းပင်တစ်ချို့သာရှိပါတယ်။ သောက်စရာရေတောင်မရှိလို့ သောက်သုံးဖို့အတွက်ရေကိုလည်း အနီးဆုံးမှာရှိတဲ့ ဆေးရှဲလ်ကျွန်းမကြီးတစ်ခုဆီကနေ သယ်ဆောင်သောက်သုံးခဲ့ရတာပါ။ shwekhitonlinetv.com

အဲ့ဒီလိုနဲ့ ဂရင်းရှောဟာ ကျွန်းမကြီးမှာရှိတဲ့ ဒေသခံတံငါသည်တစ်ဦးရဲ့ (၁၉) နှစ်အရွယ်သားဖြစ်သူ ရီနီအန်တိုနီလာဖော်ကျွန်း (Rene Antoine Lafortune) ကိုသူနဲ့အတူနေထိုင်ဖို့အတွက် အခကြေးငွေပေးပြီးငှားရမ်းခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ လာဖော်ကျွန်းက အခကြေးငွေမယူတော့ဘဲကျွန်းပေါ်မှာသာ ဂရင်းရှောနဲ့အတူအဖော်အဖြစ်နေထိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ နှစ်ပေါင်း (၄၀) အတွင်းကျွန်းပေါ်မှာ သစ်ပင်ပေါင်း (၁၆၀၀၀) စိုက်ပျိုးခဲ့သလို၊ (၄.၈) ကီလိုမီတာရှိတဲ့ လမ်းတစ်ခုကိုလည်းဖောက်လုပ်နိုင်ခဲ့ပါတယ်။ shwekhitonlinetv.com

ကျွန်းပေါ်မှာ ဧရာမလိပ်မျိုးရင်းဖြစ်တဲ့ Aldabra လိပ်မျိုးကိုအကောင်ရေ (၁၀၀) ကျော်လောက်ဝယ်ယူ သားဖောက်ကာ သဘာဝအတိုင်းနေထိုင်စေခဲ့ပါတယ်။ ဒါ့အပြင်အခြား ငှက်မျိုးစိတ်ပေါင်းများစွာကိုလည်း ကျွန်းပေါ်မှာလာရောက်နေထိုင်အောင်လို့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မိုးရေသိုလှောင်တဲ့စနစ်ကိုလည်းဖန်တီးနိုင်ခဲ့သလို နောက်ပိုင်းမှာ လျှပ်စစ်မီးရရှိအောင်ပါကြိုးပမ်းခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုး လှပစည်ကားပြီး ကောင်းမွန်တဲ့သဘာဝဂေဟစနစ်တစ်ခုရှိနေတာကြောင့် ၂၀၀၅ ခုနှစ်မှာ ဆော်ဒီမင်းသားတစ်ပါးကဒီကျွန်းကို အမေရိကန်ဒေါ်လာ သန်း (၅၀) ပေးပြီးဝယ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဂရင်းရှောကတော့ ရောင်းချဖို့ငြင်းဆန်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်သူ့မှာသားထောက်သမီးခံလည်းမရှိ၊ သူမရှိတော့ရင်ဒီကျွန်းပေါ်မှာ စီးပွားရေးသမားတွေက ဟိုတယ်လိုမျိုးအရာတွေနဲ့လာရောက်အမြတ်ထုတ်တော့မှာကို ကြိုသိတဲ့အတွက် ဒီကျွန်းကိုအများနဲ့သက်ဆိုင်တဲ့နေရာတစ်ခုဖြစ်အောင် ထားရှိခဲ့ဖို့ကြံစည်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒါကြောင့်ဒီကျွန်းအကြောင်းကို မှတ်တမ်းရုပ်ရှင်သဘောမျိုးရိုက်ကူးခဲ့ပြီး ဆေးရှဲလ်ကျွန်းအစိုးရနဲ့ သမ္မတကိုတင်ပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ဆန္ဒအတိုင်း ဒီကျွန်းကိုအမျိုးသားဥယျာဉ်အဖြစ်သတ်မှတ်ဖို့အတွက် ဆေးရှဲလ်အစိုးရကဆုံးဖြတ်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီသတင်းကိုကြားသိရချိန်မှာတော့ ဂရင်းရှောတစ်ယောက်ဝမ်းသာလုံးဆို့အောင် ပျော်ရွှင်ခဲ့ပြီး သူမရှိလည်းကျန်ခဲ့မယ့်ကျွန်းအတွက်ကို စိတ်ချသွားခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း (၅၀) ကိုငြင်းဆန်ပြီးအများအတွက်အကျိုးရှိမယ့်အရာကိုသာရွေးချယ်ခဲ့တဲ့ ဂရင်းရှောတစ်ယောက် အသက် (၈၇) အရွယ်မှာတော့ ကျွန်းပေါ်မှာပဲကွယ်လွန်အနိစ္စရောက်ခဲ့ရပါတယ်။ shwekhitonlinetv.com

သူဖန်တီးခဲ့တဲ့ မိုယန်နီကျွန်းလေးကတော့ ဒီနေ့အချိန်မှာ ကမ္ဘာပေါ်မှာအသေးဆုံးအမျိုးသားဥယျာဉ်လေးတစ်ခုအနေနဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ လှပစွာကျန်ရှိနေခဲ့ပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။