ပေါက်ပေါက်ရှာရှာ ဖန်တီးလိုက်မိသလိုဖြစ်သွားတဲ့ ဒီဇိုင်း အလွဲများ

အခုတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် ဘဝအမောတွေပြေစေမယ့် အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဒီဇိုင်းဆွဲတဲ့သူတွေ မှားယွင်းစွာ လုပ်မိတဲ့ ပုံလေးတွေကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ တစ်ချို့ပုံတွေဆို တော်တော်လေးကို အူတက်အောင် ရယ်နေရတာပါ။ ဘယ်လိုပုံတွေဖြစ်မလဲဆိုတာ အတူကြည့်လိုက်ရအောင်နော်…. shwekhitonlinetv.com

၁။ ခေါင်းမူးတတ်တဲ့သူတွေ မစီးသင့်တဲ့ ဓာတ်လှေကား

တစ်ချို့သူတွေက ဓာတ်လှေကားစီးရင် အမြင့်ရောက်လေ ခေါင်းမူးလေ မျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီ ဓာတ်လှေကားကတော့ မစီးခင်ထဲက ခေါင်းမူးသွားရမှာပါ။ အထပ်ပေါင်း များစွာရှိတဲ့အပြင် နံပါတ်စဉ်တွေကလည်း တစ်ခုနဲ့ တစ်ခု ထပ်နေတာမျိုးတွေ ဖြစ်နေတာကြောင့် မစီးခင်ထဲက ခေါင်းမူးသွားမယ့် သဘောမှာ ရှိပါတယ်။ shwekhitonlinetv.com

၂။ အမြင့်ခုန်ပြီး ဖြတ်ရမယ့် စက်ဘီးလမ်း

အခုမြင်နေရတဲ့ စက်ဘီးလမ်းကတော့ တစ်ကယ့်ကို အဆန်းပါပဲ။ တစ်ဘက် သွားရမယ့် လမ်းကို ပိတ်ထားတာကြောင့် ဒီလမ်းပေါ်ကို စက်ဘီးစီးပြီး ဖြတ်ရမယ်ဆိုရင် အမြင့်ခုန်ပြီး သွားမှပဲ အဆင်ပြေမှာပါ။ shwekhitonlinetv.com

၃။ အစာကြေ ရင်ချောင်စေမယ့် လမ်းကလေး

ဒီလမ်းလေးကို ဆောက်တဲ့သူတွေကတော့ တစ်နေရာရာ မှားယွင်းသွားတဲ့ ပုံပါပဲ ။ လမ်းရဲ့ မျက်နှာပြင်တွေဟာ မညီညာပဲ ကုန်းကမူတွေ လိုမျိုး ဖြစ်နေတာပဲ ဖြစ်ပါတယ် ။ တစ်ကယ်လို့ သင်ဟာ အစားတွေ စားတာများလွန်းလို့ အစာမကြေဖြစ်နေရင် ဒီလမ်းလေးမှာ စက်ဘီးနဲ့ နှစ်ခေါက်လောက် စီးလိုက်ရင် နေသာထိုင်သာ ရှိသွားမှာပါ ။ shwekhitonlinetv.com

၄။ အတက်အဆင်းတွေ လုပ်ရင်းနဲ့ မေ့လဲသွားစေတဲ့ လှေကား

ပုံထဲမှာပါတဲ့ လှေကားမျိုးကို တက်မယ်ဆိုရင်တော့ အကောင်းဆုံးက အောက်ကို မကြည့်တာပါပဲ။ အခန့်မသင့်ရင် လှေကား အတက်ဆင်း လုပ်ရင်းနဲ့တောင် မျက်စိရှုပ်လွန်းတဲ့ ဒီဇိုင်းကြောင့် မူးမေ့ပြီး လဲသွားစေနိုင်ပါတယ်။ shwekhitonlinetv.com

၅။ ဝှီးချဲသမားတွေ အတွက် မသင့်တော်လွန်းတဲ့ လှေကား

အခုမြင်နေရတဲ့ လှေကားကတော့ ဝှီးချဲသမားတွေအတွက် တော်တော်လေးကို မသင့်တော်တာပါ။ လှေကား အတတ်ရော အဆင်းအတွက်ပါ လုံးဝကို အဆင်မပြေစေမယ့် ပုံစံပဲ ဖြစ်ပါတယ်။ ဆောက်တဲ့လူတွေကတော့ ဒီအချက်ကို သေချာ မစဉ်းစားမိခဲ့တဲ့ ပုံပါပဲ ။ shwekhitonlinetv.com

၆။ စာဖတ်မှားသွားရင် လန့်စရာဖြစ်သွားနိုင်တဲ့ စာလုံးများ

ဒီပုံထဲက သင်္ဘောမှာဆိုရင် အလုပ်သမားတွေ အတွက် လိုက်နာရမယ့် အခြေခံလိုက်နာရမယ့် စည်းကမ်းလေးတွေကို ရေးပေးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စာရေးတဲ့ နေရာက နည်းနည်း လွဲနေသလိုမျိုး ဖြစ်သွားတာကြောင့် ရုတ်တရက် အပေါ်အောက် ဖတ်လိုက်မယ်ဆိုရင် “ လုံခြုံမှုမရှိဘူး ၊ ဆေးလိပ်အရင်သောက်ပါ “ ဆိုတဲ့ သဘောမျိုး သက်ရောက်သလိုမျိုး ဖြစ်နေပါတယ်။ shwekhitonlinetv.com

၇။ အိမ်သာထဲက မှန်ဘောင်တံခါး

အိမ်သာဆိုတဲ့ နေရာမျိုးဟာ အများသူ ၊ငါတွေအတွက် လုံခြုံမှုရှိအောင် ဖန်တီးထားတဲ့ နေရာလို့ဆိုရင် မမှားပါဘူး ။ ဒါပေမယ့် အခုမြင်နေရတဲ့ အိမ်သာတံခါးကတောင် အထဲက ဖောက်မြင်လို့ရအောင် တမင် မှန်တပ်ပေးထားလို့တောင် ထင်ချင်စရာပါ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ဒီဇိုင်းအလွဲတွေနဲ့ ဆောက်လုပ်ရေးနေရာက အလွဲတွေကို စုစည်းဖော်ပြပေးထားတာမို့ ဟာသအမြင်နဲ့သာ ကြည့်ရှုပေးကြပါနော် ။ နောက်ပိုင်းတွေမှာလည်း အခုလို ဘဝအမောတွေပြေစေမယ့် အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply