မြင်သူတိုင်းကို အံ့သြစေမယ့် ကမ္ဘာတစ်ဝှမ်းက ထူးထူးခြားခြား တီထွင်မှုများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အပြင်မှာ တစ်ကယ်ရှိတယ်လို့ ယုံရခက်စေခဲ့တဲ့ တီထွင်မှုတွေ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ် ။ ဘယ်လို ထူးခြားတဲ့ တီထွင်မှုတွေ ဖြစ်မလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ဖော်ပြပေးကြပါဦးနော် ။ shwekhitonlinetv.com

၁။ ခေါင်းပေါ်မှာ တပ်ရတဲ့ တစ်ရှုးလိပ်

ဒီတီထွင်မှုကတော့ လူကြားထဲမှာ မကြာခဏ နှာချေတာပဲ ဖြစ်ဖြစ် ၊ ချောင်းဆိုးတာပဲ ဖြစ်ဖြစ် လုပ်တတ်တဲ့သူတွေအတွက် တီထွင်ထားတာပဲ ဖြစ်ပါတယ် ။ ပုံစံကတော့ တစ်ရှုးလိပ် အကြီးစားကိုမှ ခေါင်းပေါ်တင်ထားပြီး မေးသိုင်းကြိုးနဲ့ တွဲပေးထားတာကြောင့် တစ်ရှုး အထုတ်အသေးလေးတွေကို သုံးရတာ မလောက်တဲ့သူတွေ အတွက်တော့ အဆင်ပြေစေမှာပါ ။ shwekhitonlinetv.com

၂။ ကြမ်းပါတိုက်လို့ရတဲ့ ကလေး အကျီ

အခုမြင်ရတဲ့ ကလေးအကျီလေးကတော့ ဝမ်းလျားမှောက်ပြီး သွားတတ်ကာစ ကလေးတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ အကျီပဲ ဖြစ်ပါတယ်။ တစ်ချို့လူတွေရဲ့ ပြောပုံအရ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အိမ်အလုပ်တွေ ကူလုပ်ပေးစေချင်ရင် ဒီအကျီက အကောင်းဆုံးပဲလို့တောင် ပြောကြပါတယ် ။ shwekhitonlinetv.com

၃။ ဆံပင်ရှည်သူတွေအတွက် ဆံပင်ကာပေးမယ့် ကိရိယာ

ဆံပင်ရှည်တဲ့သူတွေအတွက်ကတော့ ခေါက်ဆွဲပြုတ် စားတဲ့အခါ ဆံပင်ကို ပြန်ပြီး သပ်ရတဲ့ ပြဿနာကို ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီပစ္စည်လေးကတော့ အာ့လို ပြဿနာတွေနဲ့ မကြုံရအောင် ကာကွယ်ပေးနိုင်ပြီး ခေါက်ဆွဲပြုတ်စားတော့မယ်ဆို မျက်နှာ တစ်ဝိုက် ကို ကာပြီး ဝတ်ပေးလိုက်ယုံပါပဲ ။ shwekhitonlinetv.com

၄။ မြက်ဖိနပ်

တစ်ကယ်လို့ သင်ဟာ ဖိနပ်စီးထားပေမယ့်လည်း မြက်ခင်းတောထဲ ခြေဗလာ နဲ့ လမ်းလျှောက်ချင်တဲ့ ခံစားချက်မျိုးရချင်တယ်ဆိုရင်တော့ ဒီဖိနပ်လေးက အသင့်တော်ဆုံးပါပဲ ။ ခြေညှပ်ဖိနပ် ပုံစံကိုမှ အပေါ်ယံအသားကို မြက်ခင်းအတုတွေနဲ့ ဖန်တီးပေးထားတာ ဖြစ်ပြီး စီးတဲ့အခါ ခံစားမှုတစ်မျိုးလေး ဖြစ်နေစေမှာပါ ။ shwekhitonlinetv.com

၅။ ကလေးထိန်းရင်း စီးနိုင်တဲ့ စကူတာ

တစ်ခါတစ်လေ လက်တွန်းလှည်းနဲ့ ကလေးထိန်းပြီး သွားနေရပေမယ့်လည်း အလျင်လိုပြီး သွားချင်တဲ့ သူတွေအတွက် တီထွင်ထားတဲ့ စကူတာပဲ ဖြစ်ပါတယ် ။ စကူတာကိုမှ ကလေးလက်တွန်းလှည်း နဲ့ ပေါင်းစပ်ပေးထားတာ ဖြစ်ကာ ကလေးလည်း ထိန်းရင်း စကူတာလည်း စီးလို့ရမှာပါ ။ ဒါပေမယ့်လည်း အရှိန်မထိန်းနိုင်ရင် ကလေးအတွက်ပါ အန္တရာယ်များတာကြောင့် သတိတော့ ထားသင့်ပါတယ် ။ shwekhitonlinetv.com

၆။ တစ်ကိုယ်လုံး နီးပါး ကာပေးနိုင်တဲ့ ထီး

အခုမြင်ရတဲ့ ထီးလေးကတော့ မိုးရွာတဲ့အခါ လူတစ်ကိုယ်လုံး မိုးမစိုချင်တဲ့ သူတွေအတွက် အထူးဖန်တီးပေးထားတဲ့ ထီးတစ်လက်ပဲ ဖြစ်ပါတယ် ။ သာမန်ထီးပုံစံကိုမှ ဘေးနားမှာ ပလက်စတစ် အကြည်သားပါ ထည့်ပေးထားတာကြောင့် မိုးရွာရင် အကျီတွေကို ရေမစိုစေတော့မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၇။ ငါးကန် ပါဝင်တဲ့ အိမ်သာ

တရုတ်နိုင်ငံက ပညာရှင်တွေကတော့ ထူးထူးဆန်းဆန်း ငါးကန်ပါ ပါဝင်တဲ့ ဘိုထိုင်အိမ်သာပုံစံကို တီထွင်ပေးလိုက်ပါတယ်။ ဒါကိုတော့ ငါး မွေးချင်ပေမယ့်လည်း အိမ်မှာ ငါးကန်ထားဖို့ နေရာမလောက်တဲ့သူတွေအတွက် အိမ်သာနဲ့ တွဲပြီး ငါးကန်ကိုပါ ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာတစ်ဝှမ်းတွေ့ရတဲ့ ထူးထူးခြားခြား တီထွင်မှု အချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးခြားခြား အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။