ဆင်တွေနဲ့ ပတ်သတ်ပြီး လူတွေ သိပ်မသိကြသေးတဲ့ ထူးထူးခြားခြား အကြောင်းအရာများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဆင်တွေနဲ့ ပတ်သက်ပြီး လူ သိပ်မသိသေးတဲ့ ထူးထူးခြားခြား အကြောင်းအရာလေးတွေကို ‌ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ကုန်းနေ သတ္တဝါတွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ ဆင်တွေကို အာဖရိက ဆင် နဲ့ အာရှ ဆင် ဆိုပြီး အခြေခံအားဖြင့် ခွဲခြားထားပါတယ် ။ ဒါ့ကြောင့် ဆင်တွေရဲ့ ထူးထူးခြားအချက်တွေက ဘာတွေ ဖြစ်မလဲ ဆိုတာကတော့ အောက်က ပုံလေးတွေ တစ်ခုချင်းစီကို ဖတ်ကြည့်လိုက်ပါနော် …. shwekhitonlinetv.com

၁ ။ အာရှဆင်တွေ ဟာ အာဖရိက ဆင်တွေ ထက် အကောင် ပိုသေးပါတယ် ။

ပညာရှင်တွေရဲ့ ပြောကြားချက်အရ အာရှဆင်တွေ ဟာ အာဖရိက ဆင်တွေထက် အကောင် ပိုသေးသလို နားရွက်လည်း သေးပါတယ်တဲ့ ။ ဒါ့အပြင် အာရှဆင်တွေရဲ့ အသားအရောင်ဟာ မီးခိုးရင့်ရောင် ( ဒါမှမဟုတ် ) အညို ရောင် ဖြစ်ပေမယ့် သူတို့ရဲ့ မျက်စိ ၊ နားနဲ့ နှာမောင်း နေရာက အရောင်တွေကတော့ ပန်းရောင် ( သို့ ) အဝါရောင် ရှိပါတယ် ။ shwekhitonlinetv.com

၂ ။ တိရစ္ဆာန် တွေထဲမှာ ဦးနှောက် အကြီးဆုံး ရှိတဲ့ အာဖရိက ဆင်

အာဖရိက ဆင်တွေ ရဲ့ ဦးနှောက်ဟာဆိုရင် တိရစ္ဆာန်တွေထဲမှာ ဦးနှောက် အကြီးဆုံး ရယ်လို့ သတ်မှတ် ခံထားရပါတယ် ။ အာဖရိက ဆင်တစ်ကောင် ဦးနှောက် ရဲ့ ပျမ်းမျှ အလေးချိန် ဟာ ( ၅ ) ကီလိုဂရမ် ကျော်ပါတယ်တဲ့ ။ ဦးနှောက်တောင် အခုလောက် အလေးချိန် ရှိတယ်ဆိုရင် ဆင် တစ်ကောင်လုံးရဲ့ အလေးချိန်ကို တွက်ကြည့်လိုက်ရင်တော့ တော်တော်လေးကို လန့်ချင်စရာ ကောင်းမှာပါ ။ လေ့လာမှုတွေအရ အာဖရိက ဆင် ရဲ့ အလေးချိန်ဟာ ( ၆၀၀၀ ) ကီလိုဂရမ်ရှိပြီး အာရှဆင်တွေရဲ့ အလေးချိန်ကတော့ ( ၅၄၀၀ ) ကီလိုဂရမ် ရှိပါတယ် ။ shwekhitonlinetv.com

၃ ။ ဆင်ရဲ့ အမြန်နှုန်း

ဆင်တစ်ကောင် ရဲ့ လမ်းလျှောက်မှု နှုန်းဟာ တစ်နာရီကို ( ၄ ) မိုင်နှုန်း အထိရှိပြီး အကွာအဝေး တော်တော်ဝေးတဲ့ အထိလည်း ရေကူးနိုင်ပါတယ် ။ ထူးဆန်းတာကတော့ ဆင်တွေဟာ နို့တိုက်သတ္တဝါတွေထဲမှာမှ လုံး၀ မခုန်တတ်တဲ့ တစ်ခုတည်းသော သတ္တဝါပဲ ဖြစ်ပါတယ်တဲ့ ။ အမြန်နှုန်းကို ကြည့်မယ်ဆိုရင်လည်း ဆင်တွေဟာ တစ်နာရီကို ( ၁၅ ) မိုင်နှုန်းအထိ ပြေးနိုင်ပြီး အကွာအဝေး တိုတယ်ဆိုရင်တော့ ( ၂၅ ) မိုင်နှုန်း အထိ ပြေးနိုင်စွမ်း ရှိပါတယ် ။ shwekhitonlinetv.com

၄ ။ အရွယ်ရောက် ဆင် တစ်ကောင် ဟာ ဘယ်လောက် စားနိုင်လဲ ?

ပညာရှင်တွေ ရဲ့ ပြောကြားချက်အရတော့ အရွယ်ရောက်ပြီးသား ဆင်တစ်ကောင် ဟာ တစ်နေ့မှာ ( ၁၆ ) နာရီလောက်ကို အစား စားရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိပါတယ် ။ နောက်ပြီး အရွယ်ရောက်ဆင်တွေဟာ တစ်နေ့တာ အတွက် အစာ ( ၃၀၀ ) ကီလိုဂရမ်နဲ့ ရေ ( ၁၆၀ ) လီတာလောက်ကို မဖြစ်မနေ စားသောက်ပေးဖို့ လိုအပ်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ဆင်တွေ အတွက် စွယ်စုံ အသုံးဝင်တဲ့ နှာမောင်း

နှာမောင်း ဟာ ဆိုရင် ဆင်တွေ အတွက် စွယ်စုံ အသုံးဝင်တဲ့ ကိရိယာ တစ်ခုလို့ တောင် ညွှန်းဆို ရမှာ ပဲ ဖြစ်ပါတယ် ။ ဆင်တွေဟာ သူတို့နှာမောင်းကို အသုံးပြုပြီး အနံ့ခံတာ ၊ အသက်ရှုတာတွေအပြင်  မြက်ပင်တွေကို လည်းဖြတ် ပစ်နိုင်သလို  သစ်ကိုင်း တွေကိုပါ ထိုနှာမောင်းနဲ့ ရစ်ပတ်ပြီး အလွယ်တကူ ချိုးနိုင်ပါတယ်။ ဒါ့အပြင် ရှည်လျားလှတဲ့ ဆင်နှာမောင်းတွေဟာဆိုရင် ရေ ( ၁၄ ) လီတာလောက်ကို အသာလေး စုပ်ယူနိုင်ပါတယ် တဲ့  ။ အခုလိုမျိုး ဘက်စုံ သုံးနိုင်တဲ့ ဆင်တစ်ကောင်ရဲ့ နှာမောင်းဟာ ကြွက်သားပေါင်း များစွာရှိပြီး အတိအကျ ပြောရမယ်ဆိုရင် ကြွက်သားပေါင်း ( ၄၀,၀၀၀ ) ကျော် ရှိပါတယ် ။ shwekhitonlinetv.com

၆ ။ အနံ့ခံနိုင်စွမ်း အရမ်းကောင်းတဲ့ ဆင်များ

ဆင်တွေရဲ့ မျက်လုံးဟာ သေးငယ်ပြီး အမြင်အာရုံလည်း ချို့တဲ့ပါတယ်တဲ့ ။ ဒါပေမယ့် အနံ့ခံနိုင်စွမ်းကတော့ ရှိရှိသမျှ တိရစ္ဆာန်တွေထက်ကို သာလွန်သော အနံ့ခံနိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ် ။ လေ့လာမှုတွေအရ ဆင်တစ်ကောင်ဟာ ( ၁၂ ) မိုင်အကွာအဝေးကနေတောင် ရေရှိတဲ့ နေရာကို သူတို့ရဲ့ အနံ့ခံ အာရုံကို သုံးပြီး သိနိုင်ပါတယ် တဲ့…. shwekhitonlinetv.com

၇ ။ ဆင်တွေ ကြောက်ရတဲ့ သတ္တဝါ

ငယ်ငယ်တုန်းက နားထောင်ခဲ့ရတဲ့ ပုံပြင်ထဲကလိုမျိုး ဆင်တွေ က ကြွက် ကို မကြောက်ကြပါဘူး ။ တစ်ကယ့်အပြင်မှာတော့ သူတို့ ကြောက်ရတဲ့ အကောင်တွေဟာ ပျား နဲ့ ပုရွက်ဆိတ်တွေ ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့်ပဲ အာဖရိက မှာရှိတဲ့ တစ်ချို့လယ်သမားတွေဟာဆိုရင် သူတို့ရဲ့ လယ်ကွင်းထဲကို ဆင်တွေ ဝင်ပြီး မဖျက်ဆီးနိုင်အောင် ပျားအုံတွေထားပြီး အကာအကွယ် လုပ်ထားလေ့ ရှိပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဆင်တွေနဲ့ ပတ်သတ်ပြီး လူတွေ သိပ်မသိကြသေးတဲ့ ထူးထူးခြားခြား အကြောင်းအရာ တွေထဲကမှ အချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် …. shwekhitonlinetv.com