ကမ္ဘာ့စျေးအကြီးဆုံး ဇိမ်ခံကားတွေကို ပိုင်ဆိုင်ထားကြတဲ့ ကမ္ဘာတစ်လွှားက မိန်းမပျိုလေးများ

ပရိသတ်ကြီးကို ဒီတစ်ခါပြောပြပေးမယ့် အကြောင်းအရာလေးကတော့ နာမည်ကြီး ဇိမ်ခံကားတွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်က နာမည်ကြီး အမျိုးသမီးတွေ အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဘယ်သူတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ Nicki Minaj

အမေရိကန်နိုင်ငံက နာမည်ကြီး အနုပညာရှင် တစ်ယောက်‌ ဖြစ်တဲ့ Nicki Minaj ကတော့ ကမ္ဘာတစ်ဝှမ်းက သူမကို အားပေးတဲ့ ပရိသတ်တွေ အများအပြား ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမဟာ အမေရိကန် အဆိုတော် ၊ တေးရေး နဲ့  ရက်ပ်ပါ တစ်ဦး အဖြစ်ပါ အနုပညာ အလုပ်အကိုင်တွေကို လုပ်နေတာပါ ။ Nicki Minaj ဟာ သူမ ထွက်ရှိခဲ့တဲ့ သီချင်း အယ်လ်ဘမ် တွေကနေ အတော်လေး အောင်မြင်သွားခဲ့ပြီး လူတော်တော်များများရဲ့ attention ကို ရခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒါ့အပြင် Nicki Minaj ဟာ သူမ ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်တွေ ကြောင့် ဂီတနဲ့ ပတ်သက်တဲ့ ဆုပေါင်းများစွာကို ရရှိထားပါသေးတယ် ။ ကမ္ဘာအနှံ့တစ်ဝှမ်း ပရိသတ် အခိုင်အမာ တစ်ဦး ဖြစ်တာကြောင့် ငွေကြေးချမ်းသာ ကြွယ်၀သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ Nicki Minaj ပိုင်ဆိုင်တဲ့ ကားတွေထဲမှာ နာမည်အကြီးဆုံးကတော့ Lamborghini Aventador ဆိုတဲ့ ဇိမ်ခံကား ဖြစ်ပြီး တန်ဖိုးကတော့ ဒေါ်လာ ( ၄ ) သိန်း တန်ကြေးရှိပါတယ် ။ shwekhitonlinetv.com

၂ ။ Beyonce

Beyonce လို့ ပြောလိုက်တာ နဲ့ မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီး အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူမဟာ တေးရေး ၊ ပရိုဂျူဆာ ၊ သရုပ်ဆောင် နဲ့ အဆိုတော် စတဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေသူ တစ်ယောက်ပါ ။ သူမ ဟာ အနုပညာ လုပ်ငန်း စတင်ခဲ့တဲ့ အချိန်က စပြီး နာမည်ကြီး သီချင်း အယ်လ်ဘမ် ပေါင်း များစွာ ထွက်ရှိခဲ့သလို ငယ်စဉ်ကတည်းကပင် အက ပြိုင်ပွဲ တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ လည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

Beyonce ရဲ့ ဂီတ နယ်ပယ်မှာ  အောင်မြင်မှုတွေကတော့ ဂရမ်ဆုပေါင်း ( ၂၀ ) အပြင် တစ်ခြားသော ဂီတထူးချွန်ဆု များစွာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် သူမရဲ့ သီချင်းအယ်လ်ဘမ်တွေဟာဆိုရင် ရောင်းအားအကောင်းဆုံး စာရင်းတွေထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ် ။ Beyonce ပိုင်ဆိုင်တဲ့ နာမည်ကြီး ကားကတော့ Rolls Royce Convertible ဇိမ်ခံကား ဖြစ်ပြီး အမေရိကန် ဒေါ်လာ ( ၁ ) သန်း တန်ကြေးရှိပါတယ် ။ ဒါ့အပြင် Beyonce ဟာ ထိုကားကို  သူမ လိုချင်တဲ့ ပုံစံ နဲ့ တစ်ခြားသော လုပ်ဆောင်ချက်တွေကို ထည့်သွင်းပြီး ထပ်မံ ပြု‌ပြင်ခဲ့ပါသေးတယ် ။ shwekhitonlinetv.com

၃ ။ Katy Perry

နာမည်ကြီး ကားကို ပိုင်ဆိုင်ထားတဲ့ နောက်ထပ် အမျိုးသမီးကတော့ နာမည်ကြီး အနုပညာရှင် Katy Perry ပဲ ဖြစ်ပါတယ် ။ သူမဟာ အမေရိကန် နာမည်ကြီး အဆိုတော် ၊ တေးရေး ၊ အဆိုတော်နဲ့ သရုပ်ဆောင် အဖြစ် အနုပညာ လုပ်ကိုင်နေသူတစ်ယောက်ပါ ။ နောက်ပြီး Katy Perry ဟာ ထက်ထက်မြက်မြက် စတိုင် ရှိတဲ့အပြင် သူမ ရဲ့ သီချင်းတွေ နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေ ကြောင့် လူသိများခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒ့ါအပြင် သူမဟာ ကမ္ဘာပေါ်က နာမည်ကြီး အနုပညာရှင် ( ၁၀ ) ဦး စာရင်း ထဲမှာလည်း ပါဝင်ထားပါသေးတယ် ။ ကမ္ဘာတစ်ဝှမ်း နာမည်ကြီးတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ Katy Perry ဟာ Forbes မဂ္ဂဇင်း အပြင် ဂင်းနစ် စံချိန် ဆု အတော်တော် များကိုလည်း ရရှိထားခဲ့တာပါ ။ Katy Perry ပိုင်ဆိုင်ထားတဲ့ နာမည် အကြီးဆုံး ကားကတော့ Audi A5 ဇိမ်ခံ အမျိုးအစား မော်လ်ဒယ် ကား ဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ( ၅ ) သောင်း တန်ကြေးရှိပါတယ် ။ shwekhitonlinetv.com

၄ ။ Gwen Stefani

အခုပြောပြပေးမယ့် နာမည်ကြီး ဇိမ်ခံကားကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးကတော့ Gwen Stefani ပဲ ဖြစ်ပါတယ် ။ Gwen ဟာ အမေရိကန် နာမည်ပြီး ဖက်ရှင် ဒီဇိုင်နာ ၊ သီချင်းရေးဆရာ ၊ အဆိုတော် နဲ့ သရုပ်ဆောင် အဖြစ် လုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမဟာ အနုပညာ သက်တမ်း တစ်လျှောက် အောင်မြင်တဲ့ သီချင်း အယ်လ်ဘမ် ပေါင်းများစွာ ထွက်ရှိခဲ့ပြီး ထို အယ်လ်ဘမ် တွေကနေ ဆုပေါင်း များစွာ ရရှိထားခဲ့ပါသေးတယ် ။ shwekhitonlinetv.com

ဒါ့အပြင် Gwen Stefani ဟာ ( ၂၀၁၂ ) ခုနှစ်တုန်းက တေးဂီတလောက ရဲ့ အအောင်မြင်ဆုံး အမျိုးသမီး ( ၁၀ ) ယောက် စာရင်းထဲမှာပါ ပါဝင်ခဲ့ပါတယ် ။ Gwen Stefani ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး ကားကတော့ နာမည်ကြီး ကား brand တစ်ခု ဖြစ်တဲ့  Rolls Royce ဇိမ်ခံ မော်လ်ဒယ် အမျိုးအစား ကား ဖြစ်ပြီး တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ( ၄ ) သိန်း တန်ကြေး ရှိပါတယ် ။ Gwen Stefani ရဲ့ ချမ်းသာ ကြွယ်၀မှုဟာ အတော်လေး များတာကြောင့် ဒီလိုမျိုး တန်ဖိုးကြီး ကားတစ်စီးကို ဝယ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅  ။  Rihanna

Rihanna ကတော့ ကမ္ဘာတစ်ဝှမ်းမှာ သူမကို အားပေးတဲ့ Fans ပေါင်းများစွာကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ် ။ သူမ ဟာ သီချင်းရေးဆရာ ၊ အဆိုတော် နဲ့ သရုပ်ဆောင် အလုပ်တို့ကို လည်း လုပ်ကိုင်နေသူ တစ်ယောက်ပါ ။ နာမည်ကြီး အနုပညာရှင် Rihanna ဟာ ဂီတ စျေးကွက်ထဲမှာ သူမရဲ့ ထွက်ရှိခဲ့တဲ့ သီချင်း အယ်လ်ဘမ်တွေကနေ အတော်လေး အောင်မြင်သွားခဲ့ပြီး ကမ္ဘာ့ အချမ်းသာဆုံး လူတွေ ရဲ့ စာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ် ။ shwekhitonlinetv.com

ဒါ့အ့ပြင် သူမဟာ ကမ္ဘာပေါ်က ဩဇာအကြီးဆုံး လူပုဂ္ဂိုလိ အယောက် ( ၁၀၀ ) စာရင်းထဲမှာလည်း ပါဝင်ထားပါသေးတယ် ။ Rihanna ပိုင်ဆိုင်တဲ့ ကားတွေထဲကမှ နာမည်အကြီးဆုံး ကားကတော့ နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Lamborghini ဖြစ်ပြီး အတော်လေး ကို စျေးကြီးပါတယ်တဲ့ ။ ဇိမ်ခံကား အမျိုးအစားဖြစ်တဲ့ ထိုကား ရဲ့ တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ( ၇၅၀၀၀၀ ) သိန်း တန်ကြေး ရှိပါတယ် ။ shwekhitonlinetv.com

၆ ။ Mariah Carey

အခု နောက်ဆုံးပြောပြပေးမယ့် နာမည်ကြီး ဇိမ်ခံကားကို ပိုင်ဆိုင်သူ အမျိုးသမီးကတော့ Mariah Carey ပဲ ဖြစ်ပါတယ်။ သူမဟာ နာမည်ကြီး အမေရိကန် ပရိုဂျူဆာ ၊ တေးရေးသူ ၊ အဆိုတော် နဲ့ သရုပ်ဆောင် တစ်ယောက် အဖြစ် လုပ်ကိုင်နေသူပဲ ဖြစ်ပါတယ် ။ Mariah Carey ရဲ့ ဂီတ ဘ၀ အစ မှာ ထွက်ရှိခဲ့တဲ့ ပထမဦးဆုံး သီချင်း အယ်လ်ဘမ်ဟာ ( ၁၉၉၀) ခုနှစ်က ထွက်ရှိခဲ့ပြီး ထို အယ်လ်ဘမ်ကနေ စတင် နာမည်ကြီးလာခဲ့ပါတယ် ။ shwekhitonlinetv.com

Mariah Carey ရဲ့ ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ဟာ အတော်လေး နာမည်ကြီး ခဲ့ပြီး ကမ္ဘာအနှံ့အပြားမှာပါ နာမည်ကြီးလာခဲ့ပါတယ် ။ နောက်ပိုင်းမှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ အယ်လ်ဘမ်တွေဟာဆိုရင်လည်း အောင်မြင်ခဲ့ပြီး ဂီတထူးချွန်ဆုပေါင်း များစွာကိုလည်း ရယူထားနိုင်ခဲ့ပါသေးတယ် ။ နာမည်ကြီး အနုပညာရှင် တစ်ယောက် ဖြစ်တာကြောင့် Mariah Carey ပိုင်ဆိုင်တဲ့ ကားကလည်း တစ်ကယ့်အပျံစားပါပဲ ။  သူမ ပိုင်ဆိုင်ထားတဲ့ ကားကတော့ နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Mercedes-Benz ဇိမ်ခံအမျိုးအစားကား ဖြစ်ပြီး အမေရိကန် ဒေါ်လာ ( ၆၀၀၀၀ ) တန်ကြေး ရှိပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ နာမည်ကြီး ဇိမ်ခံကားတွေကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်က နာမည်ကြီး အမျိုးသမီးတွေ ပိုင်ဆိုင်ထားတဲ့ ဇိမ်ခံကားတွေ အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com