ယာကူဇာတက်တူးတွေရဲ့ နောက်ကွယ်က ထူးဆန်းသော အဓိပ္ပါယ်များ

ဂျပန်နိုင်ငံလို့ဆိုလိုက်တာနဲ့ ထင်ရှားလှတဲ့ ရိုးရာတွေအပြင် ဂျပန်လူမျိုးတို့ရဲ့ လေးစားဖွယ်ကောင်းတဲ့ စိတ်ဓာတ်ကိုလည်း ပြေးပြီး မြင်မိမှာပါ။ ဒါပေမယ့် နောက်ထပ်နာမည်ကြီးကတော့ ယာကူဇာဂိုဏ်းအကြောင်းတွေပါပဲ…ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ယာကူဇာဂိုဏ်းသားတွေ အထိုးများတဲ့ တက်တူးတွေရဲ့ အဓိပ္ပါယ်အကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်ဗျ… shwekhitonlinetv.com

ငါးကြင်း တက်တူး

ယာကူဇာဂိုဏ်းသားတွေ အထိုးများတဲ့ တက်တူးတွေထဲမှာ ငါးကြင်းတက်တူးကလည်း တစ်ခုအပါအဝင်ပါပဲ။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ ရေဆန်ကိုတက်နေတဲ့ ငါးကြင်းပုံစံက ရေဆန်ကို ဆန်ပြီးတက်ရဲတဲ့ ငါးဟာ တစ်ဖြည်းဖြည်းနဲ့ ရေတံခွန်ကိုပါ ဆန်တက်ပြီး ကူးဖြတ်နိုင်တာကြောင့် နောက်ပိုင်းမှာ နဂါးအဖြစ်ပြောင်းလဲသွားတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပြောချင်တာကတော့ စိန်ခေါ်မှုများတဲ့ လောကထဲမှာ မကြောက်မရွံရင်ဆိုင်ရဲတဲ့သူသာ အင်အားအကြီးဆုံး ဖြစ်မယ်လို့ ဆိုလိုထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ဂန္ဓမာပန်း တက်တူး

နောက်ထပ်အထိုးများတာကတော့ ဂန္ဓမာပန်းပုံ တက်တူးပါ။ ဂန္ဓမာပန်းဟာ ရှေးခေတ်ဂျပန်ဘုရင်မင်းမြတ်တို့ရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှေးအယူအဆများအရ ဂန္ဓမာပန်းရဲ့ ပွင့်ဖတ်တွေဟာ မီးတောက်များလို ဖြစ်နေတာကြောင့် နေမင်းရဲ့ ပန်းအဖြစ်လို့ တင်စားခဲ့ကြပါတယ်။ ယာကူဇာတတ်တူးတွေမှာတော့ ဂန္ဓမာပန်းတွေကို ကိုယ်ပိုင် ဒီဇိုင်းတွေနဲ့ ဖန်တီးပြီး ရေးထိုးကြပါတယ်။ shwekhitonlinetv.com

Oni Mask တက်တူး

ရှေးဟောင်းရာဇဝင်တွေအရတော့ Oni တွေဟာ ဘီလူးမျိုးနွယ်တွေလို့ဆိုကြပါတယ်။ သူတို့ဟာ စိတ်ထားမကောင်းတဲ့သူတွေကို အပြစ်ပေးလေ့ရှိပြီး မကောင်းသူတွေကို ဖယ်ရှားပေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။ Oni တွေဟာ ရက်စက်လွန်းလို့ ဉာဏ်လည်းအတော်ကောင်းတယ်လို့ ပြောကြပါတယ်။ ယာကူဇာတက်တူးတွေမှာတော့ Oni maskတွေကို အပြစ်ပေးခြင်းနဲ့ အခြားသော အဓိပ္ပါယ်အနေနဲ့ ထိုးကြပါတယ်။ shwekhitonlinetv.com

Fuu dog တက်တူး

Fuu Dog တွေဟာ ဗုဒ္ဓဘုရားကျောင်းတွေမှာ အစောင့်အရှောက်အဖြစ်ထားတဲ့ အကောင်ကြီးတွေပဲ ဖြစ်ပါတယ်။ ယာကူဇာတက်တူးတွေမှာတော့ Fuu Dogs တွေကို မကောင်းတဲ့ ဘေးအန္တရာယ်တွေကို ကာကွယ်တဲ့ဆိုတဲ့ အနေနဲ့ ထိုးကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

နဂါး တက်တူး

နဂါးကိုတော့ ဂျပန်နိုင်ငံမှာ အနက်အဓိပ္ပါယ်တစ်မျိုးနဲ့ တက်တူးအဖြစ်ရေးထိုးကြပါတယ်။ ဂျပန်နိုင်ငံမှာတော့ နဂါးဆိုတာ ကောင်းတဲ့ အတိတ်နမိတ်ဖြစ်ပြီး ကာကွယ်စောင့်ရှောက်သူလို့ တင်စားကြပါတယ်။ ယာကူဇာဂိုဏ်းသားတေွကတော့ နဂါးကို အဓိပ္ပါယ်အမျိုးမျိူးနဲ့ ထိုးထားကြတာဖြစ်ပြီး နဂါးအရောင်ပေါ်မူတည်ပြီးတော့လည်း အဓိပ္ပါယ်တွေ ကွဲပြားသွားပါသေးတယ်။ အစိမ်းရောင် နဂါးက သဘာ၀ကို ကိုယ်စားပြုပြီး အနက်ရောင် နဂါးက အတွေ့အကြုံကို ကိုယ်စားပြုပါတယ်။ shwekhitonlinetv.com

ဂျပန်လူမျိုးများက နဂါးအပေါ် မြင်သော ရှုထောင့်များသည် အနောက်နိုင်ငံ၏ အမြင်များနှင့် ကွဲပြားခြားနားသည်။ အနောက်နိုင်ငံက လူများသည် နဂါးကို ကြောက်ရွံ့ထိတ်လိန့်ဖွယ် သားရဲကောင်ကြီး အဖြစ် မြင်ကြသော်လည်း ဂျပန်လူမျိုးများအနေဖြင့် နဂါးသည် လူသားများကို ကာကွယ်စောင့်ရှောက်သူ၊ ကောင်းကျိုးပေးသူ အဖြစ် မြင်ကြသည်။ ယာကူဇာတက်တူးများတွင် နဂါးပုံ အဓိပ္ပာယ်မှာ ဉာဏ်ပညာ ကြီးမားခြင်း၊ ခွန်အားရှိခြင်းနှင့် ရဲရင့်ခြင်းတို့ကို ကိုယ်စားပြုသည်။ နဂါး အရောင်အပေါ် မူတည်၍လည်း အဓိပ္ပာယ်များ ကွဲပြားသေးသည်။ အနက်ရောင်နဂါးသည် အတွေ့အကြုံကို ကိုယ်စားပြုပြီး အစိမ်းရောင် နဂါးသည် သဘာဝကို ကိုယ်စားပြုသည်။ ရွှေရောင် နဂါးသည် ထိုးထားသူ၏ တန်ဖိုးကို ကိုယ်စားပြုသည်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ဂျပန်နိုင်ငံက ယာကူဇာဂိုဏ်းသားတွေကြားမှာ အထိုးများတဲ့ တက်တူးတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ဗဟုသုတရစရာတွေကိုလည်း ဖော်ပြပေးအုန်းမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါအုန်းနော်…. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply