ဂန်းနန်းစတိုင် သီချင်းကို တောင်ကိုရီးယား Gym ခန်းမတွေမှာ မဖွင့်ဖို့ပိတ်ပင်ခြင်းခံရ

ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါနဲ့ပတ်သတ်ပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တစ်ခုကတော့ အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာရှိတဲ့ Gym ခန်းမတွေမှာ နာမည်ကျော် အဆိုတော် PSY ရဲ့ Gangnam Style သီချင်းကိုမဖွင့်ဖို့ ပိတ်ပင်ခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Gym ခန်းမတွေမှာ အားကစားပြုလုပ်ကြတဲ့လူအတော်များများကတော့ မြူးကြွတဲ့ တေးဂီတသံစဥ်တွေနဲ့အတူ အားကစားပြုလုပ်တက်ကြပါတယ်။ ဒါပေမယ့် ကျန်းမာရေးသုတေသီတွေရဲ့နောက်ဆုံးပေါ်တွေ့ရှိချက်တစ်ခုမှာတော့ Beat တွေအရမ်းမြူးကြွတဲ့တေးဂီတတွေနဲ့အတူ ကိုယ်လက်လှုပ်ရှားပြုလုပ်တာဟာ အသက်ရှူမြန်တာမျိုးကိုဖြစ်စေပြီး ချွေးထွက်များစေနိုင်တယ်လို့ ဆိုထားပါတယ်။ shwekhitonlinetv.com

ဒီလိုချွေးထွက်များရာကတစ်ဆင့် တစ်ခြားသူတွေထံကို ဘတ်တီးရီးယားနဲ့ အခြားကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တယ်လို့ ယူဆတာကြောင့် တာဝန်ရှိသူတွေဟာ Gym ခန်းမတွေမှာ တစ်မိနစ်ကို Beat ၁၂၀ ထက်ကျော်လွန်တဲ့ သီချင်းတွေ ဖွင့်ပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာကို တားမြစ်ခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ PSY ရဲ့ ဂန်နန်းစတိုင်သီချင်းဟာ တစ်မိနစ်ကို Beat ၁၃၂ (132bpm) အထိ ရှိနေတာကြောင့် ယခုလို ပိတ်ပင်ခံရတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့် အခုလက်ရှိအချိိန်မှာတော့ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် ဂုဏ်ယူစရာလည်းဖြစ် ကိုယ်လက်လှုပ်ရှားမှုပြုဖို့ မြူးကြွတဲ့တေးသီချင်းတစ်ပုဒ်လည်းဖြစ်တဲ့ ဂန်နန်းစတိုင် သီချင်းအပါအဝင် တစ်ခြား (120 bpm) အထက်ရှိတဲ့ သီချင်းတွေအကုန်လုံးက်ို Gym ခန်းမတွေမှာ အချိန်ကာလအတိုင်းအတာတစ်ခုမထိ ဖွင့်လှစ်ခွင့်ရှိမှာမဟုတ်တော့ပါဘူး။ shwekhitonlinetv.com

ဒါဟာ မြူးမြူးကြွကြွ ဂီတသံစဥ်တွေကိုကြိုက်နှစ်သက်သူအတွက်တော့ အတော်လေးကို စိတ်ပျက်စရာကောင်းတဲ့ တားမြစ်ချက်တစ်ခုဖြစ်ပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ကောင်းကျိုးရစေနိုင်တာကြောင့် ဘယ်သူမှတော့ကန့်ကွက်ခြင်းမရှိခဲ့ပါဘူး။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။