ပုံမှန်နဲ့မတူဘဲ ရယ်ရွှင်ဖွယ်ကောင်းလောက်အောင် ထူးထူးခြားခြားကွဲထွက်နေတဲ့ ယူနီဖောင်းများ

ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ကမ္ဘာတစ်လွှားကနိုင်ငံအချို့မှာယနေ့တိုင် အသုံးပြုနေတဲ့ နယ်ပယ်အသီးသီးက ထူးထူးဆန်းဆန်းယူနီဖောင်းတွေအကြောင်းပဲဖြစ်ပါတယ်။ သေချာတာကတော့ သင့်အနေနဲ့ တစ်သက်နဲ့တစ်ကိုယ် ဒီလိုယူနီဖောင်းမျိုးကို မမြင်တွေ့ဖူးဘူးဆိုတာပါပဲ။ shwekhitonlinetv.com

၁။ Beach Soccer Bikini

ဒီဝတ်စုံကတော့ သဲသောင်ပြင်ဘောလုံးအသင်းတစ်သင်းရဲ့ ဝတ်စုံဖြစ်ပြီး Beach Soccer Bikini လို့အမည်ပေးထားပါတယ်။ အကျီၤရဲ့အရောင်ကလည်း သဲသောင်ပြင်အရောင်နဲ့ ထပ်တူကျနေတော့ အမှတ်တမဲ့အဝေးကကြည့်ရင် ဘီကီနီနဲ့ မိန်းကလေးတစ်ဦးသဖွယ်ထင်မှတ်အောင် ဖန်တီးထားသလားတော့မပြောတက်ပါဘူး။ shwekhitonlinetv.com

၂။ မြောက်ကိုရီးယား ထိပ်တန်းစစ်အရာရှိများ

မြောက်ကိုရီးယား ထိပ်တန်းစစ်အရာရှိကြီးတွေရဲ့ ယူနီဖောင်းမှာတော့ ဆုတံဆိပ်တွေများစွာနဲ့အလှဆင်ထားပါတယ်။ ဒီအရာတွေက ဘာဆုတံဆိပ်တွေလည်းတော့ အသေအချာ မပြောတက်ပါဘူး။ shwekhitonlinetv.com

၃။ ယီမင် ရဲတပ်ဖွဲ့

ရုပ်ဖျက်ခြင်း၊ ပျောက်ကျားဝတ်စုံဝတ်ခြင်း စတာတွေဟာ စစ်ရေးအရတစ်ဖက်ရန်သူက မိမိကိုအလွယ်တကူ မမြင်တွေ့နိုင်အောင်ပြုလုပ်တာလို့ ကျွန်တော်တို့ အနေနဲ့သိထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ယီမင်နိုင်ငံက ရဲတပ်ဖွဲ့တွေရဲ့ ပျောက်ကျားဝတ်စုံနဲ့ ရုပ်ဖျက်ခြင်းအနုပညာကတော့ ဟာသလိုဖြစ်နေပါတယ်။ shwekhitonlinetv.com

၄။ မွန်ဂိုးလီးယား ဂုဏ်ပြုတပ်ဖွဲ့

ဒီဝတ်စုံဒီဇိုင်းကတော့ ဂျင်ဂျစ်ခန်းရဲ့ ကိုယ်ရံတော်တွေဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကိုပြန်ပြီး အထူးပြုမွမ်းမံထားတာဖြစ်ပါတယ်။ ဒီဝတ်စုံကိုဝတ်ဆင်ဖို့အတွက်ကြောင့် ဒီတပ်ဖွဲ့ဝင်တွေရဲ့ အရပ်အမြင့်ဟာ အနိမ့်ဆုံး (၅) ပေ (၁၁) လက်မရှိရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ စပိန် ခြေလျင်တပ်မဟာ

စပိန်ခြေလျင်တပ်ရဲ့ ယူနီဖောင်းဒီဇိုင်းကတော့ ရှေးခေတ်မကျ ဒီဘက်ခေတ်မဆန်နဲ့ အတော်လေးတော့ ဖက်ရှင်ကျတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ရင်ဘက်ကို ဟပြဲ (အဟိုက်) ပုံစံချုပ်လုပ်ထားတာကြောင့် ကိုယ်ကာယ တောင့်တင်းတဲ့သူတွေအကြိုက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဖီဂျီ သမ္မတကိုယ်ရံတော်ရဲတပ်ဖွဲ့

ဖီဂျီ သမ္မတကိုအနီးကပ်စောင့်ရှောက်ရတဲ့ ရဲတပ်ဖွဲ့ရဲ့ဝတ်စုံကလည်း ရုတ်တရက်မြင်ရသူတွေအဖို့တော့ အတော်လေကို ကို့ယို့ကားယားနိုင်ပြီး ရယ်ရွှင်ဖွယ်ဖြစ်နေမှာ အမှန်ပါပဲ။ ဖီဂျီလူမျိုးတွေအတွက်တော့ ဒါဟာရိုးရာဝတ်စုံတွေကိုအခြေခံပြီး နိုင်ငံအတွင်းမှာရှိတဲ့ အခြားတပ်ဖွဲ့တွေနဲ့ မတူဘဲကွဲပြားနေအောင် ဒီဇိုင်းဆွဲဝတ်ဆင်စေတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဒီပို့တီပို ပလန်စီယာ အိမ်ကွင်းဝတ်စုံ

ဒါကတော့ စပိန် စတုတ္ထတန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒီပို့တီပို ပလန်စီယာအသင်းရဲ့ အိမ်ကွင်းဝတ်စုံဖြစ်ပါတယ်။ ဒီဝတ်စုံကို သူတို့အနေနဲ့ ၂၀၁၆ တုန်းက ဆီဂန်ဒါကို တန်းတက်ခဲ့စဉ်က ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဆာမိုအာ ဂုဏ်ပြုတပ်ဖွဲ့

ဆာမိုအာ ကျွန်းနိုင်ငံလေးရဲ့ ရိုးရာဝတ်စားဆင်ယင်ပုံတွေကတော့ တစ်ခြားနိုင်ငံတွေနဲ့ အတော်လေးကိုကွဲပြားလှပါတယ်။ တစ်ခြားနိုင်ငံမှာ အမျိုးသမီးတွေသာ ဝတ်ဆင်လေ့ရှိတဲ့ စကတ် (ထမီ) လို ဝတ်စုံမျိုးကို သူတို့နိုင်ငံမှာတော့ အမျိုးသားတွေက ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်းသူတို့နိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့က အခုလိုဝတ်စားဆင်ယင်ထားတာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ဆိုးလ်မြို့မှ ကမ္ဘာလှည့်ခရီးသွားကာကွယ်စောင့်ရှောက်ရေးရဲများ

၂၀၁၃ ခုနှစ်မှာတော့ ဆိုးလ်မြို့ကအာဏာပိုင်တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ကမ္ဘာလှည့်ခရီးသွားကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ သူတို့ရဲ့ယူနီဖောင်းကတော့ PSY ရဲ့ ဂန်နန်းစတိုင် သီချင်းဗီဒီယိုထဲကနေ အတုယူထားသလားမှတ်ရပါတယ်။ shwekhitonlinetv.com

၁၀။ ထိုင်း တော်ဝင်လေတပ်

ဒါကတော့ထိုင်းတော်ဝင်လေတပ်ရဲ့ ယူနီဖောင်းအဆင်တန်ဆာတစ်ခုဖြစ်ပါတယ်။ ပန်းရောင်ဟာ ထိုင်းဘုရင်ဘူမိဘောနဲ့ ဆက်စပ်နေတယ်လို့သိရပြီး နက္ခဗေဒင်တွေအရတော့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အရောင်အဖြစ် ဘူမိဘောကယုံကြည်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။