ရုရှားနိုင်ငံအတွင်းက သန်းနဲ့ချီတဲ့ ရုရှားပြည်သူတွေ အထိနာဖွယ်ရှိနေပါတယ်

ယူကရိန်းနိုင်ငံကို ကျူးကျော်မှုကြောင့် ရုရှားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေအသီးသီးရဲ့ ပိတ်ဆို့မှုအမျိုးမျိုးနဲ့ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ စီးပွားရေးပိတ်ဆို့မှုတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုအခါမှာလည်း Burger King , Starbucks , Pizza Hut , KFC , McDonald’s , Coca Cola , Pepsi အစရှိတဲ့ ကမ္ဘာကျော်စီးပွားရေး ကုမ္ပဏီတွေဟာ ရုရှားနိုင်ငံအတွင်းမှာရှိတဲ့ ၎င်းတို့လုပ်ငန်းတွေနဲ့ ဆိုင်ခွဲတွေအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါဟာ ရုရှားပြည်သူတွေအတွက်ကြီးမားတဲ့ နစ်နာမှုတွေဖြစ်ပေါ်လာမယ့် အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ဝန်ထမ်းအရေအတွက်က သိန်းနဲ့ချီပြီးရှိနေတာကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

McDonald’s ဆိုရင် ရုရှားနိုင်ငံအတွင်းမှာရှိတဲ့ ၎င်းတို့ရဲ့ဆိုင်ပေါင်း (၈၅၀) စလုံးကို လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းလိုက်တာဖြစ်ပြီး သူတို့ဆီမှာ အလုပ်ခန့်ထားတဲ့ ဝန်ထမ်းဦးရေက (၆၂,၀၀၀) လောက်ရှိပါတယ်။ shwekhitonlinetv.com

အလားတူပဲ ရုရှားနိုင်ငံအတွင်းမှာ ဆိုင်ခွဲပေါင်း (၁၃၀) ဖွင့်လှစ်ထားတဲ့ Starbucks ကလည်း ၎င်းတို့ရဲ့ဆိုင်ခွဲအားလုံးကို ခေတ္တပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ပြန်ဖွင့်မယ့်အချိန်ကိုတော့ မသိရှိသေးကြောင်း ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။ shwekhitonlinetv.com

ရုရှားဆန့်ကျင်မှုမှာ နောက်ဆုံးပါဝင်လာတာကတော့ ကမ္ဘာကျော်အချိုရည်အမှတ်တံဆိပ်တွေဖြစ်တဲ့ Coca Cola နဲ့ Pepsi တို့ပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေဟာ ရုရှားနိုင်ငံအတွင်းမှာရှိတဲ့ ၎င်းတို့ရဲ့လုပ်ငန်းတွေကို ရှေ့ဆက်သင့် မဆက်သင့်စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမယ်လို့ကြေညာထားပါတယ်။ shwekhitonlinetv.com

၂၀၂၂ ခုနှစ်အတွင်း ရုရှားနိုင်ငံမှာ ဆိုင်ခွဲပေါင်း (၁၀၀) လောက်ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ KFC ဟာလည်း သူတို့ရဲ့ အစီအစဉ်ကိုပြန်လည် ဆန်းစစ်သုံးသပ်နေပြီး ဒီအစီအစဉ်ကိုဖျက်သိမ်းသွားဖို့က ရာခိုင်နှုန်းများနေပါတယ်။ shwekhitonlinetv.com

ဒီစားသောက်ကုန်လုပ်ငန်းတွေအပြင် Apple , American Express , Bp , Disney , H&M , Honda , Ikea , Mastercard , Mazda , Microsoft , Mothercare , Netflix , Paypal , Playstation , Prada , Spotify , TikTok , Unilever , Victoria’s Secret တို့ဟာလည်း ရုရှားနိုင်ငံနဲ့ပတ်သက်ပြီးလုပ်ကိုင်နေတဲ့ ၎င်းတို့ရဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းရောင်းချမှုတွေကို ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒါဟာ ရုရှားနိုင်ငံရဲ့ စီးပွားရေးသာမက ရုရှားပြည်သူတွေအတွက်ပါ ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါတယ်။ ဒီလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့တော့ မကြာခင်မှာသူတို့နိုင်ငံရဲ့ ကျူးကျော်စစ်ပွဲကို ရပ်တန့်ဖို့အတွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply