စိန် အတု၊အစစ် ခွဲခြားစစ်ဆေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေအတွက် စိန်အတု နဲ့ အစစ် အလွယ်တကူခွဲခြားနိုင်မယ့် နည်းလမ်းလေးတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ရေဖြင့်စစ်ဆေးခြင်း

ဒီနည်းကတော့ စိန်အတု၊ အစစ်ခွဲခြားဖို့အလွယ်ဆုံးနည်းလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းနဲ့စစ်ဆေးဖို့အတွက် ရေတစ်ခွက်ပဲလိုလို့ပါ။ သင့်အနေနဲ့ စိန်အစစ်တစ်လုံးနဲ့ စိန်အတုတစ်လုံးကို ရေထည့်ထားတဲ့ဖန်ခွက်ထဲထည့်လိုက်မယ်ဆိုရင် စိန်အစစ်က ဖန်ခွက်အောက်ခြေထိနစ်မြုပ်သွားမှာဖြစ်ပြီး စိန်အတုကတော့ အောက်ခြေထိနစ်မြုပ်ခြင်းမရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

စိန်အစစ်ဟာ သိပ်သည်းဆများလွန်းတာကြောင့် ဖန်ခွက်အောက်ခြေထိနစ်မြုပ်သွားရခြင်းဖြစ်ပါတယ်။ စိန်အစစ်နဲ့အလွန်တရာသိပ်သည်းဆတူညီအောင်လုပ်ထားတဲ့ စိန်အတုဆိုရင်တော့ အတုအစစ်ခွဲခြားတဲ့အခါ ဘယ်စိန်တုံးက ရေအောက်ကိုလျင်မြန်စွာနစ်မြုပ်သွားသလဲဆိုတာကိုကြည့်ရှုပြီးတော့ ခွဲခြားနိုင်ပါတယ်။ shwekhitonlinetv.com

၂။ တိုက်ခြစ်၍စစ်ဆေးခြင်း

စိန်ဟာမာကျောမှုအဆင့်မြင့်မားလွန်းတဲ့ အရာဝတ္ထုတစ်မျိုးဖြစ်ပါတယ်။ စိန်အစစ်နဲ့ အခြားမာကျောတဲ့အရာတွေ (ဖန်ပုလင်း၊ မှန် စသဖြင့်) ကို ပွတ်တိုက်ပြီး ခြစ်ကြည့်မယ်ဆိုရင်တော့ ပွတ်တိုက်ခံရတဲ့အရာမှာ အလွယ်တကူအစင်းရာတွေထင်ကုန်မှာဖြစ်ပါတယ်။ စိန်အတုနဲ့ ခြစ်ကြည့်မယ်ဆိုရင်တော့ အစင်းရာတွေထင်ဖို့ စိန်အစစ်နဲ့ခြစ်တာလောက် လွယ်ကူခြင်းမရှိတာကိုတွေ့ရပါလိမ့်မယ်။ shwekhitonlinetv.com

ဒါ့အပြင်စိန်အတုတွေဟု တူလိုမျိုးအရာမျိုးနဲ့ထုလိုက်ရင် အလွယ်တကူကြေမွသွားမှာဖြစ်ပေမယ့် စိန်အစစ်ကတော့ မာကျောမှုမြင့်မားတာကြောင့် အလွယ်တူကွဲကြေ (လုံးဝမကွဲကြေခြင်းတော့မဟုတ်) သွားမှာမဟုတ်ပါဘူး။ shwekhitonlinetv.com

၃။ မီးအပူဖြင့်စစ်ဆေးခြင်း

နောက်ထပ်တစ်နည်းကတော့ မီးအပူပေးပြီးစစ်ဆေးတဲ့နည်းပဲဖြစ်ပါတယ်။ စိန်အစစ်နဲ့အတုကို မီးအပူ တစ်မိနစ်လောက်ပေးပြီး ရေအေးထဲကိုထည့်ကြည့်လိုက်ပါ။ စိန်အစစ်ဟာ ပြင်းထန်မြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည်ရှိတာကြောင့် ဒီလိုစမ်းသပ်စစ်ဆေးတဲ့အခါ တစ်စုံတစ်ရာထိခိုက်ပျက်စီးခြင်းရှိမှာမဟုတ်ပေမယ့်။ စိန်ကိုအတုအပပြုလုပ်ထားတဲ့ ကျောက်တွေ၊ ဇာကွန်နီယံလိုသတ္တုမျိုးတွေဆိုရင်တော့ အပူပေးပြီးချက်ချင်း ရေအေးထဲစိမ်လိုက်တဲ့အခါ ကွဲကြေသွားတာမျိုး၊ အက်ကြောင်းတွေပေါ်လာတာမျိုးတွေ တွေ့ရမှာပါ။ shwekhitonlinetv.com

၄။ အာငွေ့ (သို့) မြုခိုးမြူငွေ့ ဖြင့်စစ်ဆေးခြင်း

သင့်အနေနဲ့ မှန်လိုအရာမျိုးကို အာငွေ့ပေးလိုက်တဲ့အခါ ပေးလိုက်တဲ့မှန်ရဲ့နေရာမှာ အခိုးအငွေ့တွေနဲ့ ခတ္တခဏလောက် ခပ်ဝါးဝါးဖြစ်သွားတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ စိန်အတုတွေကို ဒီလိုမျိုးစမ်းသပ်တဲ့အခါမှာ အလားတူ ရလာဒ်မျိုးထွက်ပေါ်တက်ပါတယ်။ စိန်အစစ်ကို အာငွေ့ပေးကြည့်ရင်တော့ သင့်ရဲ့ပါးစပ်ကထွက်လာတဲ့ အခိုးအငွေ့တွေနဲ့ စိန်အစစ်က မှုန်ဝါးသွားတာမျိုးရှိမှာမဟုတ်ပါဘူး။ မြူခိုးမြူနှင်းတွေဆိုင်းနေတဲ့ အချိန်မျိုးမှာစမ်းသပ်မယ်ဆိုရင်လည်း စိန်အစစ်က မြူခိုးတွေကပ်ပြီး ဝါးတားတားဖြစ်သွားတာမျိုးရှိမှာမဟုတ်ပါဘူး။ shwekhitonlinetv.com

၅။ X-ray ဖြင့်စစ်ဆေးခြင်း

စိန်တွေဟာ ရေဒီယိုသတ္တိကြွမော်လီကျူးပုံစံတွေရှိကြပါတယ်။ ဒါကြောင့်မို့လို့ စိန်တွေကို X-ray နဲ့စစ်ဆေးကြည့်မယ်ဆိုရင် ဓာတ်မှန်ပုံတွေမှာ ပေါ်မှာမဟုတ်ပါဘူး။ စိန်အတုတွေကတော့ ဓာတ်မှန်မှာ ပေါ်နိုင်ပါတယ်။ shwekhitonlinetv.com

၆။ သက်တံဖြင့်စစ်ဆေးခြင်း

သက်တံတစ်ခုကို စိန်အစစ်နဲ့ ကြားခံပြုလုပ်ပြီးကြည့်မယ်ဆိုရင်တော့ သက်တံရဲ့ရောင်စဉ်တွေကိုမီးခိုးရောင်ခပ်ဖျော့ဖျော့ အနေနဲ့သာ မြင်ရမှာဖြစ်ပါတယ်။ စိန်အတုကို ကြားခံပြုလုပ်ပြီး ကြည့်မယ်ဆိုရင်တော့ သက်တံရောင်စဉ်တွေကို သူတို့ရဲ့အရောင်တွေအတိုင်းပဲ တွေ့ရမှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။