လွန်ခဲ့တဲ့နှစ်သန်း (၄၀၀) ခန့်က အဖိုးတန်ကြယ်နီလာအစုအဝေးကြီးကို ရေတွင်းတူးရင်း မတော်တဆတွေ့ရှိခဲ့သူ

သီရိလင်္ကာအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သီရိလင်္ကာနိုင်ငံသားတစ်ဦးဟာ ရှားပါးတဲ့ ပြာလဲ့လဲ့နီလာကျောက်တွေပါဝင်နေတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်မျက်ရတနာအစိုင်အခဲကြီးကို သူ့ရဲ့အိမ်နောက်ဖေးမှာ မထင်မှတ်ဘဲတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အဆိုပါ ကျောက်မျက်ရတနာအစိုင်အခဲကြီးဟာ စုစုပေါင်း ၅၁၀ ကီလိုဂရမ် (သို့မဟုတ်) ၂.၅ သန်းကာရက်ခန့် အလေးချိန်ရှိပြီးတော့ သူ့ကို Serendipity Sapphire လို့ အမည်ပေးထားပါတယ်။ shwekhitonlinetv.com

ဒီ ကျောက်မျက်ရတနာအစိုင်အခဲတုံးကြီးကိုရှာတွေခဲ့တဲ့သူကတော့ Mr.Gamage လို့အမည်ရတဲ့ ကျောက်မျက်ရတနာ ကုန်သည်တစ်ဦးဖြစ်ပါတယ်။ သူ့အနေနဲ့ Ratnapura ကသူ့ရဲ့နေအိမ်အနောက်ဘက်မှာ ရေတွင်းတူးရင်းကနေ အခုလိုမတော်တဆ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ကျောက်မျက်ရတနာကျွမ်းကျင်သူတွေကတော့ ဒီ ကျောက်မျက်ရတနာအစိုင်အခဲကြီးဟာ ရှားပါးတဲ့ ကြယ်နီလာလို ကျောက်မျက်ရတနာတွေပါဝင်နေတာကြောင့် နိုင်ငံတကာဈေးကွက်မှာ ရောင်းချမယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း (၁၀၀) လောက်တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

Mr Gamage ဟာ ဒီရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်ပြီး အာဏာပိုင်တွေထံကို အကြောင်းကြားခဲ့ပေမယ့် ကျောက်တုံးကြီးမှာကပ်တွယ်နေတဲ့ ရွှံ့နှင့် အခြားအညစ်အကြေးတွေကို တစ်နှစ်နီးပါးလောက်အချိန်ယူပြီးမှ သာရှားပါးကျောက်မျက်ရတနာတွေဖြစ်ကြောင်း အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com

သန့်ရှင်းရေးလုပ်စဉ်အတွင်းမှာ ကျောက်တုံးအစိုင်အခဲကြီးက အချို့အပိုင်းအစတွေ ပြုတ်ကျလာမှသာ အရည်အသွေးမြင့်လွန်းတဲ့ ကြယ်နီလာတွေဖြစ်နေကြောင်း တွေ့ရှိခဲ့ရတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

“ဒီလို ကြီးမားတဲ့ကြယ်နီလာမျိုးကို ကျွန်တော် တစ်ခါမှမမြင်ဖူးပါဘူး။ ဒါဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၄၀၀) လောက်က ကမ္ဘာပေါ်ကိုပြုတ်ကျခဲ့တဲ့ ဥက္ကာခဲတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်နိုင်ပါတယ်” လို့ နာမည်ကျော်ကျောက်မျက်ဗေဒပညာရှင် ဒေါက်တာ Gamini Zoysa က BBC သို့ ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

သီရိလင်္ကာနိုင်ငံဟာ နီလာနဲ့ အခြားအဖိုးတန်ကျောက်မျက်တွေကို ထိပ်တန်းတင်ပို့နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နောက်ပြီး Ratnapura ဟာလည်း တောင်အာရှရဲ့ ကျောက်မျက်မြို့တော်လို့ လူသိများပါတယ်။ ဒီမြို့မှာ ဟိုးအရင်အချိန်တွေကလည်း အခုလိုမျိုး အဖိုးတန်ကျောက်မျက်ရှာဖွေတွေ့ရှိမှုတွေ အများအပြားရှိခဲ့ဖူးပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။