ရေမြောင်းတူးရင်း ယူရိုသန်းပေါင်းများစွာတန်တဲ့ ရှေးခေတ်ဒင်္ဂါးအမြောက်အများကိုတွေ့ရှိခဲ့သည့် အလုပ်သမားများ

စပိန်နိုင်ငံ Andalusia ပြည်နယ် Tomares ဒေသကဆောက်လုပ်ရေး အလုပ်သမားတွေဟာ ရေမြောင်းသွယ်တန်းဖို့ မြေတူးဖော်ရင်း အမှတ်မထင်ဘဲ အဖိုးတန်လှတဲ့ ရောမခေတ်သုံး ဒင်္ဂါးအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ကံကောင်းလွန်းတဲ့အလုပ်သမားတွေဟာ Seville မြို့၊ Tomares မြို့နယ်မှာရှိတဲ့ ပန်းခြံတစ်ခုအတွက် ရေမြောင်းသွယ်တန်းဖို့မြေကြီးတူးနေရင်း ပုံမှန်မဟုတ်တဲ့မြေအနေအထားကို သတိပြုမိခဲ့ကြပါတယ်။ သူတို့အနေနဲ့ဆက်လက်တူးဖော်ခဲ့ရမှာတော့ ကျိုးပဲနေတဲ့ မြေအိုးအပိုင်းအစတွေကိုတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ပဲ သူတို့ဟာဆက်တူးရင်းက ကျိုးပဲ့နေတဲ့အိုးအကွဲတွေကနေဖိတ်စင်ထွက်ကျနေတဲ့ ဒင်္ဂါးများ၊ ဒင်္ဂါးပြားတွေအပြည့်ထည့်ထားတဲ့ မြေအိုးအကောင်းတွေကိုပါအများအပြားတွေ့ရှိခဲ့ကြပါတယ်။ shwekhitonlinetv.com

သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ ဒင်္ဂါးတွေရဲ့ အလေးချိန်က စုစုပေါင်းဟာ ပေါင် (၁၃၀၀) နီးပါးရှိတယ်လို့သိရပြီး လွန်ခဲ့တဲ့ (၃) ရာစု နဲ့ (၄) ရာစုလောက်ကအသုံးပြုခဲ့တဲ့ ဒင်္ဂါးတွေဖြစ်ပါတယ်။ အများစုကတော့ ကြေးနဲ့ပြုလုပ်ထားတဲ့ ဒင်္ဂါးတွေဖြစ်ပြီး အချို့ကတော့ ငွေကဲ့သို့သော အခြားသတ္တုတွေနဲ့ ရောစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

ကျွမ်းကျင်သူတွေရဲ့ လေ့လာဆန်းစစ်ချက်အရ (၃) ရာစု အစောပိုင်းလောက်က စိုးစံခဲ့ကြတဲ့ ရောမဧကရာဇ် Maximian ဒါမှမဟုတ် Constantine တို့ရဲ့လက်ထက်က အသုံးပြုခဲ့တဲ့ ဒင်္ဂါးပြားတွေလို့ဆိုပါတယ်။ အဲ့ဒီအချိန်က စပိန်မှာရှိတဲ့ ရောမစစ်တပ်တွေကိုအခွန်ဆောင်ဖို့ ဒါမှမဟုတ် ထောက်ပံ့ဖို့အတွက်ထားရှိခဲ့တဲ့ ဒင်္ဂါးတွေဖြစ်နိုင်ကြောင်းလည်း သုံးသပ်ထားကြပါတယ်။ shwekhitonlinetv.com

“အခု ရှာဖွေတွေ့ရှိမှုကို အသေးစိတ်လေ့လာနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ မကြာခင်မှာ အချက်အလက်တွေ ပိုရလာမယ်လို့ ယုံကြည်ပါတယ်” လို့ Seville ရှိ Andalusia ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်းသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

Seville’s Archaeology Museum မှ အကြီးအကဲ Ana Navarro ကတော့ ဒီဒင်္ဂါးပြားတွေဟာ သေချာပေါက် ယူရိုသန်းပေါင်းများစွာ တန်ကြောင်းပြောကြားခဲ့ပြီး တန်ဖိုးအတိအကျကို ခန့်မှန်းတွက်ချက်မှု မပြုနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ shwekhitonlinetv.com

ဘီစီ (၂၀၆) မှာ ရောမတွေဟာ Iberian ကျွန်းဆွယ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြပြီး နှစ်ပေါင်း (၇၀၀) လောက်နေထိုင်ခဲ့ကြပါတယ်။ သူတို့တွေဟာ အဲ့ဒီအချိန်တွေက Andalusia ကို ရောမအင်ပါယာရဲ့ အချမ်းသာဆုံးကိုလိုနီများထဲမှ တစ်ခုအဖြစ်သို့ပြောင်းလဲခဲ့ကြတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။