၂၀၂၂ ခုနှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံ (၁၁) နိုင်ငံက ပြည်သူတွေရဲ့ လုပ်ခလစာများ ( မြန်မာနိုင်ငံ ပါဝင်ပါတယ် )

လုပ်ခလစာတွေနဲ့ ငွေကြေးပိုင်းဆိုင်ရာကိစ္စရပ်တွေကို အမြဲလိုလိုစစ်တမ်းတွေကောက်ပြီး ထုတ်ပြန်ကြေညာလေ့ရှိတဲ့ Wage Centre ဝက်ဆိုဒ်ကထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံ (၁၁) နိုင်ငံရဲ့ နိုင်ငံအလိုက်တစ်ဦးချင်းပျမ်းမျှလုပ်ခလစာတွေကတော့ …

၁။ စင်ကာပူ – အမေရိကန်ဒေါ်လာ (၄,၅၈၅)

အာဆီယံဒေသတွင်းမှာ အဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကတော့ နိုင်ငံသားတစ်ဦးချင်းပျမ်းမျှလုပ်ခလစာရရှိမှုမှာ ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။ စင်ကာပူနိုင်ငံသားတစ်ယောက်ရဲ့ တစ်လပျမ်းမျှလစာကတော့ အမေရိကန်ဒေါ်လာ (၄,၅၈၅) ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ဘရူနိုင်း – အမေရိကန်ဒေါ်လာ (၃,၅၅၀)

ယခင်ကအာဆီယံဒေသတွင်းမှာ အားအနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တဲ့ ဘရူနိုင်းနိုင်ငံဟာဆိုရင်လည်း လက်ရှိအချိန်မှာ မှန်ကန်တဲ့ဈေးကွက်ဗျူဟာနဲ့ စီးပွားရေးစနစ်ကိုချမှတ်နိုင်ခဲ့တာကြောင့် ဒေသတွင်းနိုင်ငံတွေထဲမှာ စီးပွားရေးအဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံ သားတွေရဲ့ ပျမ်းမျှတစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၃,၅၅၀) ရှိပါတယ်။ shwekhitonlinetv.com

၃။ မလေးရှား – အမေရိကန်ဒေါ်လာ (၆၀၀)

ထိပ်ဆုံးက (၂) နိုင်ငံနဲ့ယှဉ်မယ်ဆိုရင်တော့ တတိယနေရာက မလေးရှားနိုင်ငံရဲ့ တစ်ဦးချင်းပျမ်းမျှတစ်လဝင်ငွေက သိသိသာသာကြီးကို ကွာဟလို့နေပါတယ်။ မလေးရှားနိုင်ငံသားတစ်ဦးရဲ့ ပျမ်းမျှတစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၆၀၀) ပါ။ shwekhitonlinetv.com

၄။ အင်ဒိုနီးရှား – အမေရိကန်ဒေါ်လာ (၅၆၀-၆၃၀)

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၄) နေရာမှာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးရဲ့ ပျမ်းမျှတစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၅၆၀) ကနေ (၆၃၀) ကြားမှာရှိပါတယ်။ shwekhitonlinetv.com

၅။ ဖိလစ်ပိုင် – အမေရိကန်ဒေါ်လာ (၄၈၅-၅၈၅)

အာဆီယံဒေသတွင်းက စီးပွားရေးဖွံဖြိုးမှုအလယ်အလတ်တန်းကျတဲ့ နေရာမှာရှိတဲ့ဖိလစ်ပိုင်နိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၅) နေရာမှာရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ပျမ်းမျှတစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၄၈၅) ကနေ (၅၈၅) အထိရှိပါတယ်။ shwekhitonlinetv.com

၆။ ထိုင်း – အမေရိကန်ဒေါ်လာ (၄၃၅)

ခရီးသွားလုပ်ငန်းအထူးဖွံဖြိုးလှတဲ့ ထိုင်းနိုင်ငံကတော့ ဒီစာရင်းရဲ့အဆင့် (၆) နေရာမှာရပ်တည်လျက်ရှိပါတယ်။ ထိုင်းနိုင်ငံသားတွေရဲ့ တစ်လပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၄၃၅) ဒေါ်လာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ ဗီယက်နမ် – အမေရိကန်ဒေါ်လာ (၂၇၅)

ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရတော့ ဗီယက်နမ်နိုင်ငံဟာ ဒေသတွင်းမှာ စီးပွားရေးကျဆင်းနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒီစာရင်းမှာ အဆင့် (၇) နေရာမှာသာရှိတဲ့ ဗီယက်နမ်နိုင်ငံသားတွေရဲ့ တစ်ဦးချင်းပျမ်းမျှတစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၂၇၅) ဒေါ်လာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ကမ္ဘောဒီးယား – အမေရိကန်ဒေါ်လာ (၂၅၀-၃၀၀)

တစ်ချိန်က အာဆီယံဒေသတွင်းမှာဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဆိုရင်တော့လက်ရှိအချိန်မှာ စီးပွားရေးအနည်းငယ်ဖွံ့ဖြိုးတိုးတက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးရဲ့ ပျမ်းမျှတစ်လဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၂၅၀) ကနေ (၃၀၀) ကြားမှာရှိပါတယ်။ shwekhitonlinetv.com

၉။ လာအို – အမေရိကန်ဒေါ်လာ (၁၉၅)

ဒေသတွင်း အင်အားနည်းနဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့်(၉) နေရာမှာရှိပါတယ်။ လာအိုနိုင်ငံသားတစ်ဦးရဲ့ ပျမ်းမျှတစ်လဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၁၉၅) ဒေါ်လာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ အရှေ့တီမော – အမေရိကန်ဒေါ်လာ (၁၇၅)

အာဆီယံအဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အရှေ့တီမောနိုင်ငံကတော့ ဒီစာရင်းရဲ့ အဆင့် (၁၀) မှာရှိနေပါတယ်။ အရှေ့တီမောနိုင်ငံသားတစ်ဦးရဲ့ တစ်လပျမ်းမျှဝင်ငွေကတော့ အမေရိကန်ဒေါ်လာ (၁၇၅) ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၁။ မြန်မာ – အမေရိကန်ဒေါ်လာ (၁၅၅)

ဒီစာရင်းရဲ့နောက်ဆုံးနေရာကိုရယူထားတာကတော့ ပြည်တွင်းရေးမငြိမ်မသက်မှုတွေနဲ့ စီးပွားရေးကဏ္ဍာမှာ အဖက်ဖက်ကနေ ကျဆင်းနေတဲ့ မြန်မာနိုင်ငံပဲဖြစ်ပါတယ်။ လက်ရှိစစ်တမ်းတွေအရဆိုရင် မြန်မာနိုင်ငံသားတစ်ဦးရဲ့ ပျမ်းမျှတစ်လဝင်ငွေဟာ အမေရိကန်ဒေါ်လာ (၁၅၅) ဒေါ်လာဝန်းကျင်သာရှိပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။