လူသားတွေလို သက်ရှိတွေ ရှိနေဖို့ မျှော်လင့်နိုင်တဲ့ ကမ္ဘာနဲ့ပုံစံတူ ဂြိုလ်ကြီး (၇) လုံးအကြောင်း

အာကာသနှင့် စကြဝဠာကြီးရဲ့အကြောင်းကိုစိတ်ဝင်စားတဲ့ ရွှေခေတ်ပရိသတ်တွေအတွက်တော့ အခုတစ်ခေါက်မှာ ကမ္ဘာဂြိုဟ်နဲ့အရွယ်အစား၊ ဖြစ်တည်မှု၊ သက်ရှိတည်ရှိနေနိုင်မှု အနီးစပ်ဆုံးတူညီနေတဲ့ နေအဖွဲ့အစည်းပြင်ပက Exoplanet (၇) လုံး အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ GLIESE 667CC

NASA ကအသစ်ဖွင့်လှစ်ထားတဲ့ Jet Propulsion Laboratory ရဲ့အဆိုအရ GLIESE 667CC ဟာ ကမ္ဘာကနေ အလင်းနှစ် (၂၂) နှစ်သာကွာဝေးတဲ့နေရာမှရှိတယ်လို့သိရပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာထက် (၄.၅) ဆကြီးမားပြီး မိခင်ကြယ်ကို (၂၈) လျှင်တစ်ကြိမ်ပတ်နေတဲ့ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ သူလှည့်ပတ်နေတဲ့ ဂြိုဟ်ဟာနေထက်သိသိသာသာ အပူချိန်နည်းတဲ့ ကြယ်နီပုလေးဖြစ်တာကြောင့် ဒီဂြိုဟ်မှာလူသားတွေ နေထိုင်လို့ရနိုင်မယ့် ဇုန်တစ်ခုရှိမယ်လို့ခန့်မှန်းရပါတယ်။ shwekhitonlinetv.com

၂။ KEPLER-22B

ဒီဂြိုဟ်ကြီးကတော့ ကမ္ဘာထက် (၂.၄) ဆလောက်ကြီးတဲ့ဂြိုဟ်ကြီးဖြစ်ပြီး မိခင်ကြယ်ကို သက်ရှိတဲ့ဖြစ်ထွန်းဖို့ အဆင်ပြေမယ့်အကွာအဝေးကနေ လှည့်ပတ်နေတဲ့ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ကမ္ဘာနဲ့အလင်းနှစ် (၆၀၀) အကွာမှာတည်ရှိတဲ့ ဒီဂြိုဟ်ဟာ သူ့ရဲ့မိခင်ကြယ်ကို (၂၉၀) ရက်မှာတစ်ပတ်ပြည့်အောင်လှည့်ပတ်နေတာကြောင့် ကမ္ဘာကနေကိုပတ်နေတဲ့ (၃၆၅) ရက်နဲ့ယှဉ်ကြည့်မယ်ဆိုရင် အတော်လေးကိုနီးစပ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂြိုဟ်ဟာ ကျောက်သားကျောက်ဆိုင်တွေနဲ့ ဖွဲ့စည်းထားတာလား ဓာတ်ငွေ့တွေနဲ့ချည်းဖွဲ့စည်းထားသလားဆိုတာကတော့ အသေးစိတ်လေ့လာရဦးမှာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ PROXIMA CENTAURI B

Proxima Centauri B ကတော့ ကမ္ဘာကနေ အလင်းနှစ် (၄) နှစ်အကွာမှာတည်ရှိပြီး ကမ္ဘာနဲ့ အနီးကပ်ဆုံး Exoplanet တစ်လုံးအဖြစ်လူသိများကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီဂြိုဟ်ဟာ ကမ္ဘာမြေဒြပ်ထုထက် (၁.၂၇) ဆလောက်ပိုလေးလံတယ်လို့သိရပါတယ်။ ဒီဂြိုဟ်ဟာ သူ့ရဲ့မိခင်ကြယ်ဖြစ်တဲ့ Proxima Centauri ကိုအလွန်နီးကပ်တဲ့ ပတ်လမ်းကြောင်းကနေပတ်နေတာဖြစ်လို့ တစ်ပတ်ပြည့်ဖို့ကြာချိန်က (၁၁.၂) ရက်သာရှိပါတယ်။ နောက်ပြီးမိခင်ကြယ်နဲ့အလွန်နီးကပ်တာကြောင့် ခရမ်းလွန်ရောင်ခြည်တွေနဲ့ ထိတွေ့နေရတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ KEPLER-62F

ဒီဂြိုဟ်ဟာကမ္ဘာရဲ့အချင်းထက် (၄၀) ရာခိုင်နှုန်းလောက်ပိုကြီးပြီးတော့ နေထက်ပိုအေးတဲ့ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ဂြိုဟ်ဖြစ်တယ်လို့ NASA ကဆိုပါတယ်။ KEPLER-62F အနေနဲ့အဆိုပါကြယ်ကို (၂၆၇) ရက်လျှင်တစ်ပတ်ပြည်အောင်ပတ်နေတာဖြစ်ပြီး သက်ရှိတွေနေထိုင်နိုင်တဲ့ဇုန်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းသုံးသပ်ထားကြပါတယ်။ ဒီဂြိုဟ်ဟာ သူ့ရဲ့မိခင်ကြယ်ကိုနီးကပ်စွာလှည့်ပတ်နေပေမယ့်လည်း ၎င်းကြယ်ရဲ့ အလင်းထုတ်လွှတ်မှုကတော့ အလွန်နည်းပါးပါတယ်။ ဒီဂြိုဟ်မှာ သမုဒ္ဒတွေကိုထိန်းသိမ်းထားနိုင်မယ့် ကျောက်ဆောင်တွေရှိနေတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ အကွာအဝေးကတော့ ကမ္ဘာကနေအလင်းနှစ် (၁၂၀၀) ခန့်မှာရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ TRAPPIST-1E

TRAPPIST-1 ဆိုတဲ့ကြယ်ကိုလှည့်ပတ်နေတဲ့ TRAPPIST-1E ဂြိုဟ်ကတော့ ကမ္ဘာနဲ့အရွယ်အစားအနီးစပ်ဆုံးတူညီတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ဒီဂြိုဟ်ပေါ်မှာ ကမ္ဘာပေါ်ကသမုဒ္ဒရာတွေထက်ပိုပြီးရေရှိနေနိုင်ပေမယ့် အများစုကတော့အငွေ့ပျံသွားပြီဖြစ်တယ်လို့ Space.com ရဲ့ ၂၀၁၈ ခုနှစ်စာတမ်းတစ်စောင်မှာဖော်ပြဖူးပါတယ်။ TRAPPIST-1E ဂြိုဟ်ဟာလည်း ရှာဖွေတွေ့ရှိသမျှ Exoplanet တွေထဲမှာ သက်ရှိတွေကိုထောက်ပံ့ပေးနိုင်တဲ့ ဂြိုဟ်တစ်ခုဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ KEPLER-69C

ကမ္ဘာနဲ့အလင်းနှစ် (၂၇၀၀) အကွာမှာတည်ရှိနေတဲ့ KEPLER-69C ကတော့ ကမ္ဘာရဲ့အရွယ်အစားထက် (၇၀) ရာခိုင်နှုန်းလောက်ပိုကြီးပါတယ်။ သူ့မှာဘာတွေနဲ့ ပါဝင်ဖွဲ့စည်းထားသလဲဆိုတာကတော့ လေ့လာဆဲပါ။ ဘာပဲဖြစ်ဖြစ် ဒီဂြိုဟ်ဟာ သူ့ရဲ့မိခင်ကြယ်ကို (၂၄၂) ရက်မှာတစ်ကြိမ်လှည့်ပတ်နေသလို သူ့ရဲ့မိခင်ကြယ်ကလည်း ကျွန်တော်တို့နေရဲ့ အပူချိန်နဲ့ယှဉ်ရင် (၈၀) နှုန်းလောက်ပဲ ပူပြင်းတာမို့လို့ သက်ရှိတွေဖြစ်ထွန်းနိုင်မယ့် ဇုန်တစ်ခုရှိဖို့မျှော်လင့်ရပါတယ်။ shwekhitonlinetv.com

၇။ KEPLER-186F

ကမ္ဘာကနေအလင်းနှစ် (၅၀၀) အကွာမှာရှိတဲ့ KEPLER-186F ဂြိုဟ်ကတော့ ကြယ်နီပုတစ်လုံးကိုလှည့်ပတ်နေတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ ဒီဂြိုဟ်ဟာ ကမ္ဘာရဲ့အရွယ်အစားထက် (၁၀) ရာခိုင်နှုန်းခန့်ပဲပိုကြီးမားပြီး နေဆီက ကမ္ဘာရရှိတဲ့စွမ်းအင်ရဲ့ သုံးပုံတစ်ပုံလောက်ကိုသာရရှိတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပါတယ်။ NASA ရဲ့လေ့လာမှုတွေအရတော့ ဒီဂြိုဟ်မှာလည်းသက်ရှိတွေဖြစ်တည်နိုင်တဲ့ လက္ခဏာတွေရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။