သိပ္ပံပညာနဲ့ လက်လှမ်းမမှီနိုင်ဘဲ အဖြေရှာမရတဲ့ကိစ္စကြီး (၅) ခု

တိုးတက်နေတဲ့ဒီနေ့ခေတ်မှာတော့ လူသားတွေရဲ့နေ့စဉ်ဘဝမှာ သိပ္ပံပညာရပ်ဟာအလွန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာနဲ့ လက်လှမ်းမမှီနိုင်ဘဲ အဖြေရှာမရတဲ့ကိစ္စတွေကတော့ ဟိုးပဝေသဋီကနေ ယနေ့ထက်ထိတိုင် ရှိနေပြန်ပါတယ်။ အဲ့ဒီထဲက အထင်ရှားဆုံးဖြစ်ရပ်တစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ တိရိစ္ဆာန်များအစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းခြင်း

တိရိစ္ဆာန်တွေဟာ GPS ကိုအသုံးမပြုဘဲနဲ့မိုင်ထောင်ပေါင်းများစွာဝေးတဲ့ နေရာတွေကိုရွှေ့ပြောင်း နေထိုင်နိုင်ကြပါတယ်။ သူတို့တွေအနေနဲ့ရည်ရွယ်ရာအရပ်ကိုလမ်းမှားသွားတာ၊ လမ်းပျောက်သွားတာမျိုးမရှိတာကတော့ အတော်လေးကိုအံ့သြဖို့ကောင်းလှပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီးတော့ သီအိုရီတွေများစွာရှိပေမယ့်လည်း ဘယ်သူမှတော့အတိအကျသိရှိခြင်းမရှိပါဘူး။ ခိုတွေနေရာရွှေ့ပြောင်းခြင်းနဲ့ပတ်သတ်ပြီးအမြဲတစေလေ့လာနေသူတစ်ဦးရဲ့ အင်ဒီပန်းဒန့်သတင်းစာမှာရေးသားခဲ့တဲ့ ဆောင်းပါးမှာတော့ ခိုတွေဟာအမြင်အာရုံ၊ အနံ့ခံအာရုံတွေအပြင် သံလိုက်ဓာတ်ကိုပါအသုံးပြုသွားလာကြတယ်လို့ဖော်ပြထားပါတယ်။ ဒါကလည်းအလုံးစုံးတိတိကျကျသိရှိခြင်းမျိုးမဟုတ်တဲ့အပြင် အခြားတိရိစ္ဆာန်တွေကရော ဘယ်လိုနည်းလမ်းတွေနဲ့လမ်းကြောင်းရှာဖွေမှတ်သားပြီး အစုလိုက်အပြုံလိုက်နေရာရွှေ့ပြောင်းကြသလဲဆိုတာ သိပ္ပံပညာရှင်တွေလည်း ယနေ့တိုင်အဖြေရှာလို့မရသေးပါဘူး။ shwekhitonlinetv.com

၂။ နဂါးရဲ့မီးလုံးများ

နှစ်စဉ်နှစ်တိုင်းထိုင်းနိုင်ငံ မဲခေါင်မြစ်ထဲမှာ ရာနဲ့ချီတဲ့မီးလုံးတွေကိုတွေ့ရလေ့ရှိပါတယ်။ ဒီအရာတွေကိုထိုင်းလူမျိုးတွေကတော့ ဘွန်ဖိုင်ပရာနက် လို့ခေါ်ကြသလို နဂါးရဲ့မီးလုံးတွေလို့လည်းခေါ်ကြပါတယ်။ “ဒီအရာတွေက နှစ်စဉ်သတင်းကျွတ်ကာလတွေနဲ့ ဆောင်းဦးရာသီဆိုရင်ပေါ်ပေါက်လာတက်ပါတယ်” လို့ဒေသခံတွေကဆိုပါတယ်။ အချို့ကတော့ ဒါဟာမီသိန်းဓာတ်ငွေ့တွေမြစ်အထက်ကို ရေပူပေါင်းတွေနဲ့အတူတက်လာရာကနေ အရောင်တွေထွက်ပေါ်လာတယ်လို့ဆိုကြပါတယ်။ ရှေးရိုးစွဲဒေသခံအချို့ကတော့ အလွန်ကြီးမားတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးဟာအိပ်နေရာကနိုးလာပြီး မြစ်ထဲကနေ မြစ်ပေါ်ကိုတက်လာကာအသက်ရှုခြင်းကြောင့် ဖြစ်တယ်လို့လဲဆိုကြပါတယ်။ အချို့ကတော့သီတင်းကျွတ်ကာလမီးပုံးများလွှတ်တင်ခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့်ခိုင်လုံတဲ့အထောက်အထားကိုတော့ ဘယ်သူမှရှာမတွေ့သေးပါဘူး။ shwekhitonlinetv.com

၃။ Tunguska ဖြစ်ရပ်

၁၉၀၈ ခုနှစ် ဇွန်လမှာတော့ ရုရှားနိုင်ငံရဲ့ဝေးလံခေါင်သီလှတဲ့သစ်တောအတွင်းမှာထူးဆန်းတဲ့ပေါက်ကွဲမှုကြီးတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုတော့ Tunguska Event လို့ခေါ်တွင်ခဲ့ကြပါတယ်။ ဒီပေါက်ကွဲမှုကြီးနဲ့အတူကျယ်လောင်တဲ့မြည်ဟီးသံကြီးလည်းထွက်ပေါ်လာခဲ့ပြီး ငလျင်လှုပ်သလိုဖိမ့်ဖိမ့်တုန်သွားပြီး (၇၇၀) စတုရန်းမိုင်ရှိတဲ့ သစ်တောဧရိယာဟာလည်း ကျိုးကြေပျက်စီးသွားခဲ့ပါတယ်။ နောက်ပိုင်းလေ့လာမှုအရတော့ဒီပေါက်ကွဲမှုဟာ ဟီရိုရှီးမားကိုကြဲခဲ့တဲ့ ဗုံးထက်အဆ (၁၀၀၀) လောက်ပိုပြင်းခဲ့တယ်လို့သိရပါတယ်။ အချို့ကတော့ဒါဟာရုရှားတို့ရဲ့ လက်နက်စမ်းသပ်မှု၊ ပန်းကန်ပြားပျံပျက်ကျမှု၊ ဥက္ကာခဲကျရောက်မှုအစရှိသဖြင့်ပြောကြပေမယ့် ဘာသဲလွန်စမှ ကျန်ရစ်ခဲ့ခြင်းမရှိတာကြောင့် ဒီနေ့တိုင်အဲ့ဒီပေါက်ကွဲမှုကြီးဖြစ်ရတဲ့အကြောင်းအရင်းကို အဖြေမသိနိုင်ဘဲရှိနေတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ငလျင်မလှုပ်မီထွက်ပေါ်လာတဲ့အလင်းရောင်များ

ကြီးမားတဲ့ငလျင်တစ်ခုမလှုပ်မီအချိန်မှာ ကောင်းကင်မှာအဖြူရောင် ဒါမှမဟုတ် အပြာရောင်အလင်းတွေဖြတ်ခနဲဖြတ်ခနဲ စက္ကန့်အတော်ကြာကြာပေါ်လာတက်ပါတယ်။ ဒီဖြစ်စဉ်ကို US Geological Servey အရမကြာခဏအစီရင်ခံတင်ပြခဲ့ဖူးပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ဒီဖြစ်စဉ်ကိုအစဉ်တစိုက်လေ့လာမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Piezoeelectricity , Frictional Heating to Phosphine Gas Emissions , Electrokinetics စတဲ့သီအိုရီတွေထွက်ပေါ်လာခဲ့ပေမယ့် လက်တွေ့ဖြစ်စဉ်နဲ့ နီးစပ်မှုမရှိခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ဒီအလင်းရောင်တွေဟာ ကျောက်ဆောင်တွေမှာရှိတဲ့ သဘာဝလျှပ်စစ်ဓာတ်တွေဟာ ငလျင်မလှုပ်မီ နိုးကြားလာပြီး ဒြပ်စင်တွေဓာတ်ပြုကြရာကနေပေါ်ထွက်လာတာဖြစ်တယ်လို့ သိပ္ပံပညာရှင်အတော်များများကတညီတညွတ်တည်းကောက်ချက်ချခဲ့ကြပါတယ်။ shwekhitonlinetv.com

၅။ Universe ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲ

Universe စတင်ဖြစ်ပေါ်လာတဲ့အကြောင်းနဲ့ပတ်သတ်ရင်တော့ လူအတော်များများလက်ခံယုံကြည်ထားတာက Big Bang သီအိုရီ ဖြစ်ပါတယ်။ Big Bang သီအိုရီကိုအကြမ်းဖျင်းပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၃) ဘီလီယံကျော်က အလွန်သိပ်သည်းသေးငယ်ပြီးပူပြင်းလှတဲ့ အမှတ်တစ်ခုကနေပြင်းထန်စွာပေါက်ကွဲထွက်ပြီး အဆက်မပြတ်ချဲ့ထွင်နေတဲ့ Universe ကြီးဖြစ်ပေါ်လာခဲ့တယ်ပေါ့။ ဒါပေမယ့်လည်း ဘာသာရေးဆိုင်ရာအယူအဆတွေနဲ့ အခြားရှုထောင့်တွေကကြည့်မယ်ဆိုရင်တော့ ကွဲလွဲမှုတွေကအမြောက်အမြားရှိနေပြန်ပါတယ်။ အားလုံးကလည်း လက်ဆုပ်လက်ကိုင်ပြလို့ရတဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာရှိမနေပြန်တာကြောင့် Universe ကြီးစတင်ဖြစ်တည်လာတဲ့ အကြောင်းအရင်းဟာလည်း ဒီကနေ့တိုင် သိပ္ပံပညာရှင်တွေအဖြေရှာလို့မရတဲ့အကြောင်းအရင်းတစ်ရပ်အဖြစ် ရှိနေခဲ့ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။