အချိန်တွေကြာလဲ မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာကို ပြသနေတဲ့ ဓာတ်ပုံများ

ပျော်ရွှင်စရာကောင်းခဲ့တဲ့ အတိတ်တစ်ချိန်က ဓာတ်ပုံလေးတွေကို အမှတ်မထင် တွေ့ရတဲ့အခါ အားလုံးပဲ ငယ်ဘ၀က အချိန်တွေကို ပြန်လည် လွမ်းဆွတ်မိမယ် ထင်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးမဲ့ ပုံရိပ်လေးတွေကတော့ ငယ်ဘ၀က ဓာတ်ပုံလေးတွေထဲက အတိုင်း တစ်ပုံစံတည်း ပြန်လည်ရိုက်ကူးခဲ့တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ဓာတ်ပုံလေးတွေပဲ ဖြစ်ပါတယ်။ အချိန်တွေ ပြောင်းလဲသွားသည့်တိုင် မပြောင်းလဲနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားရစေမယ့် ဓာတ်ပုံလေးတွေကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်နော်။ shwekhitonlinetv.com

၁။ အနှစ် နှစ်ဆယ်ကြာသည့်တိုင် မပြောင်းလဲတဲ့ ချစ်ခြင်းတရား

ပထမဆုံး မြင်ရတဲ့ အတွဲပုံလေးကတော့ ဆယ်ကျော်သက်ဘ၀မှာ ခပ်မိုက်မိုက် စတိုင်လ်လေးနဲ့ ရိုက်ကူးထားတဲ့ ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ နှစ် ၂၀ ကြာ ကလေး ၂ ယောက် မွေးပြီးတဲ့နောက်မှာတော့ အောက်ကပုံလေးထဲကအတိုင်း ပြန်လည် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်းတွေကြာသွားသည့်တိုင် မပြောင်းလဲတဲ့ ချစ်ခြင်းသစ္စာတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ချစ်ခြင်းမေတ္တာလေးကို ခံစားရစေမှာပါ။ shwekhitonlinetv.com

၂။ ငယ်ကချစ် အနှစ်တစ်ရာ

ကလေးဘဝကတည်းက ချစ်မြတ်နိုးခဲ့ရတဲ့ တစ်စုံတစ်ယောက်ကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ရတဲ့အခါ ပြောမပြတတ်လောက်အောင် ပျော်စရာကောင်းနေမှာပါနော်။ အခု ပုံလေးကတော့ ကလေးဘဝကတည်းက ကစားဖော် ကစားဖက် သူငယ်ချင်းနဲ့ လက်တွဲသွားရတဲ့ စုံတွဲလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဖခင်နဲ့ သမီးရဲ့ကြားက ၅၂၈ ချစ်ခြင်းမေတ္တာ

ပထမဆုံး တွေ့ရတဲ့ ပုံလေးကတော့ အနီရောင် ဂါ၀န်ကားကားလေးနဲ့ သမီးငယ်လေးရဲ့ လက်လေးကို ကိုင်ကာ ပျော်ရွှင်နေတဲ့ ဖခင်ကို တွေ့ရမှာပါ။ အောက်က ပုံလေးထဲမှာတော့ ငယ်ငယ်က ရိုက်ကူးထားခဲ့တဲ့အတိုင်း ပြန်လည် ရိုက်ကူးထားတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။

ဓာတ်ပုံထဲက ဖခင်ကတော့ သမီးလေး အရွယ်ရောက်နေသည့်တိုင် မပြောင်းလဲတဲ့ ချစ်ခြင်းမေတ္တာတွေ ပြည့်နေတဲ့ မျက်၀န်းတွေနဲ့ ငေးကြည့်နေခဲ့တာကို အားလုံးပဲ တွေ့ကြမှာပါနော်။ shwekhitonlinetv.com

၄။ ၁၀ နှစ်ကြာပြီးတဲ့နောက် ပြောင်းလဲမှု

ချစ်ခြင်းမေတ္တာဆိုတာ လူသားအချင်းချင်းအပြင် တိရစ္ဆာန်လေးတွေ နဲ့ လူကြားမှာလည်း ခိုင်မာတဲ့ သံယောဇဥ်တွေ ရှိတတ်တဲ့အကြောင်းကို အားလုံးပဲသိပြီး ဖြစ်ကြမှာပါနော်။ အခုပုံလေးထဲမှာတော့ ခွေးပေါက်စလေးကို ပိုက်ထားတဲ့ ဆယ်ကျော်သက်ကောင်လေးကို ချစ်စဖွယ်တွေ့ရမှာပါ။ shwekhitonlinetv.com

အခုလို ပုံရိပ်လေးလိုပဲ ဆယ်နှစ်အကြာ ပြန်လည်ရိုက်ကူးတဲ့ အခါမှာတော့ ခွေးပေါက်လေးကလည်း ကြီးမားနေပြီ ဖြစ်သလို ကောင်လေးကလည်း တကယ့် ယောက်ျားကြီးတစ်ယောက်အသွင် ဖြစ်လို့ နေပါပြီ။ အချိန်တွေနဲ့ အရွယ်အစားသာ ပြောင်းလဲသွားပေမဲ့ သူတို့ နှစ်ဦးကြားက သံယောဇဥ်ကတော့ မပြောင်းလဲ သွားပါဘူးနော်။ shwekhitonlinetv.com

၅။ စက်ဘီးပေါ်က သားအဖ ၃ ယောက်

အခုမြင်တွေ့ရတဲ့ ပုံလေးကတော့ စက်ဘီးလေး တစ်စင်းနဲ့ ချစ်စရာကောင်းအောင် ရိုက်ထားတဲ့ သားအဖ ၃ ယောက်ရဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ အချိန်တွေ ကြာလာသည့်တိုင်အောင် ချစ်စရာကောင်းတဲ့ ချစ်ခြင်းမေတ္တာတွေကိုတွေ့ရမှာပါနော်။ shwekhitonlinetv.com

၆။ မောင်နှမ တွေကြားက ချစ်ခြင်းမေတ္တာ

ငယ်ငယ်တုန်းက မတည့်အတူနေ မမြင်ချောင်းကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာမျိုးကို မောင်နှမရှိသူတိုင်း ကြုံဖူးကြမှာပါနော်။ ဒါပေမဲ့ အသက်တွေကြီးလာတဲ့အခါ ငယ်ငယ်ကလို အတူတူ တွေ့ချင်နေရင်တောင် အဆင်မပြေတဲ့ အခိုက်အတန့်တွေလည်း ကြုံတွေ့ကြရမှာပါ။ shwekhitonlinetv.com

အခုပုံလေးထဲကတော့ ချစ်စရာကောင်းတဲ့ မောင်နှမ ၄ ယောက်ရဲ့ ငယ်ငယ်က သောင်ပြင်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလိုမျိုး အသက်အရွယ်ကြီးလာတဲ့အခါ ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ငယ်ငယ်ကလို အမှတ်တရတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးပါပဲနော်။ shwekhitonlinetv.com

၇။ ငယ်သူငယ်ချင်းတွေရဲ့ ၅၂၈ မေတ္တာ

ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိ အချိန်တွေကြာသည့်တိုင် အတွဲညီနေတဲ့ သူငယ်ချင်းတွေ ရှိမယ်ဆိုရင်တော့ အရမ်းကို ကံကောင်းတာပါပဲနော်။ ဒီပုံလေးထဲမှာတော့ ငယ်သူငယ်ချင်းလေးယောက်ရဲ့ အရမ်းကို ခိုင်မာတဲ့ သူငယ်ချင်း သံယောဇဥ်ကို တွေ့ရမှာပါ။ shwekhitonlinetv.com

မုန့်တွေစားရင်း ပျော်မြူးနေတဲ့ ငယ်ဘ၀ ပုံရိပ်လေးအတိုင်း ကြီးလာတဲ့အခါမှာလည်း မပြောင်းလဲပဲ ချစ်မြဲ ချစ်ဆဲ ဆိုတာကို သက်သေပြနေတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အစားသောင်းကျန်းနေတဲ့ ညီအစ်မ ၄ ယောက်

ဆိုးတိုင်ပင် ကောင်းတိုင်ပင် ညီအစ်မ ရှိရတဲ့ ခံစားချက်ကို ညီအစ်မ ရှိသူတွေပဲ နားလည်နိုင်မယ် ထင်ပါတယ်နော်။ အခုဖော်ပြပေးမယ့် အပေါ်က ပုံလေးထဲမှာတော့ ကလေးမလေး ၄ ယောက်က မီးဖိုချောင်ထဲမှာ အားရပါးရ စားသောက်နေတဲ့ ပုံလေးကို အမှတ်မထင် ရိုက်ကူးထားတဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အောက်ကပုံလေးကတော့ အဆိုပါ ကလေးမလေးတွေ အသက်ကြီးလာတဲ့အခါ ငယ်ငယ်ကအတိုင်း အစားပုတ်လေးတွေ အဖြစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ စိတ်တူ ကိုယ်တူ အစားပုတ်တာလည်း တူတဲ့ ညီအစ်မ ၄ ယောက်ပါပဲနော်။ shwekhitonlinetv.com

၉။ အချိန်တွေ ရွေ့သွားပေမဲ့ မပြောင်းလဲနိုင်တဲ့ အရာ

ဒီပုံလေးကတော့ အားလုံးထဲမှာ ထူးထူးခြားခြားလို့ ဆိုရမှာပါ။ မိသားစု၀င် ၁၀ ယောက်တောင် ရှိတဲ့ ၁၉၉၆ ခုနှစ်က မိသားစု ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။ ၁၈ နှစ်ကြာပြီးနောက် ၂၀၁၄ ခုနှစ်မှာလည်း မိသားစုတွေ တစ်စုတစ်စည်းနဲ့ ပြန်လည်ရိုက်ကူးခဲ့ကြပါတယ်။ shwekhitonlinetv.com

အံ့သြဖို့ ကောင်းတဲ့ အချက်ကတော့ ၁၈ နှစ်ကြာသည့်တိုင် မိသားစု၀င် ၁၀ ဦးလုံး တစ်ဦးတစ်ယောက်မှာ ဆုံးပါးကွယ်လွန်ခဲ့တာ မရှိပဲ အားလုံးကို စည်းစည်းလုံးလုံးနဲ့ တွေ့ရတာပဲ ဖြစ်ပါတယ်။ တကယ်ကို အားကျစရာကောင်းတဲ့ မိသားစုလေးပါပဲနော်။ shwekhitonlinetv.com

၁၀။ မပြောင်းလဲတဲ့ အပြုံး

အခု တွေ့ရတဲ့ ပုံလေးကတော့ မောင်နှမ ၃ ယောက်ရဲ့ ကားထဲမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးပဲ ဖြစ်ပါတယ်။ အရွယ်ရောက်လာပြီး ငယ်ငယ်ကလို ပြန်လည်ရိုက်ကူးတဲ့ အခါမှာလည်း မပြောင်းလဲပဲ အခုချိန်ထိ ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ အပြုံးတွေကို တွေ့ရမှာပါနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment

Leave a Reply