သတိမထားမိချိန်မှာ အမိအရ ရိုက်ကူးခံလိုက်ရတဲ့ တလွဲ ဓာတ်ပုံများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီး အတွက် သတိမထားမိပဲ လုပ်လိုက်တဲ့ အလွဲပုံရိပ် တွေကို ဖော်ပြပေးချင်ပါတယ်။ “ လူတိုင်း အမှားနဲ့ မကင်းဘူး ” ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဘယ်လို အလွဲလေးတွေ လုပ်ထားလဲဆိုတာ တစ်ပုံချင်းစီ ကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com

၁။ မထင်မှတ်ပဲ သစ္စာဖောက်မိသွားတဲ့ Pepsi ဒရိုင်ဘာ

Pepsi Cola ကို လိုက်လံ ဖြန့်ဝေတဲ့ ဒရိုင်ဘာတစ်ယောက် ခဏတဖြုတ်နားနေချိန် Coca Cola ကို သောက်နေတဲ့ ပုံပါ။ ဒီပုံကို သူ့အထက်က အရာရှိ မြင်ရင်တော့ ဒရိုင်ဘာအနေနဲ့ အတော်လေးကို ဖြေရှင်းရခက် ဖြစ်နေမှာပါ။ shwekhitonlinetv.com

၂။ အစာခွက်မှားစားလိုက်တဲ့ ကိုရွှေကြောင်

ကြောင်လေးတစ်ကောင်ကတော့ သူ့ရဲ့ အစာခွက်နဲ့ မှားပြီး ခွေးလေးရဲ့ အစာခွက်ကို ခပ်တည်တည်နဲ့ စားနေတဲ့ ပုံလေးပါ။ ခွေးလေးတော့ သူ့အစာခွက်ထဲက အစာတွေ ဘယ်ပျောက်သွားလဲဆိုပြီး ရှာနေမိမှာပါ။ shwekhitonlinetv.com

၃။ သမ္မတ လာတာတောင် အအိပ်မပျက်တဲ့ ကလေးလေး

ပုံထဲက ကလေးလေးကတော့ ပွဲမှာ စားတာတွေ များပြီး ဟန် မဆောင်နိုင်အောင် အိပ်ပျော်နေတာပါ။ ဒါကို သမ္မတဟောင်း အိုဘားမားကတော့ ကလေးကို မနှိုူးရက်ပဲ အပျော်သဘောအနေနဲ့ ဓာတ်ပုံတောင် ရိုက်လိုက်ပါသေးတယ်။ shwekhitonlinetv.com

၄။ ပိပိရိရိ မလိမ်တတ်တဲ့ အမျိုးသမီး

အမျိုးသမီး တစ်ယောက်ကတော့ “ မနက်ခင်း အိပ်ယာနိုးတဲ့ အချိန် အိပ်ယာပေါ်ကနေ မထချင်တဲ့ ပုံဆိုပြီး “ Status နဲ့ အတူ သူမရဲ့ ပုံကို Faceook ပေါ်တင်လိုက်ပါတယ်။ ဒါပေမယ့် Comment မှာ မန့်ထားတဲ့သူ တစ်ယောက်က “ မိတ်ကပ်တွေ မပျက်ပဲ အိပ်ယာကနေ နိုးလာတာ အံ့ဩစရာပဲလို့ “ ရေးလိုက်တဲ့အခါ အမျိုးသမီးရဲ့ အလိမ်တွေ ပေါ်သွားခဲ့ရပါတယ်။ shwekhitonlinetv.com

၅။ ပစ္စည်းအဖွက်တော်တဲ့ ခွေးလေး ဂုတ်ကြား

ခွေးလေးဟာ သူ့ရဲ့ ရတနာလို ဖြစ်နေတဲ့ အရိုးတွေကို ဆိုဖာခုံအောက်မှာ တစ်ချိန်လုံး ဘယ်သူမှ မသိအောင်ဖွက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သခင်ဖြစ်သူက အိမ်ရှင်းနေရင်း ဆိုဖာခုံကို မ လိုက်တဲ့အချိန်မှာတော့ အံ့ဩသွားတဲ့ ခွေးလေးရဲ့ မျက်နှာကို အမိအရ ရိုက်ကူးထားတဲ့ ပုံပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ မှန်ထဲက ပြောပြနေတဲ့ အမှန်တရား

မိန်းကလေးတစ်ယောက် သူမရဲ့ Single Life ကို ဖုံးကွယ်ချင်လို့ သူမအိပ်နေတဲ့ ပုံကို တစ်ယောက်ယောက်က ရိုက်ပေးနေတဲ့ ပုံလုပ်ပြီး Facebook ပေါ်တင်လိုက်ပါတယ်။ ဒါပေမယ့်လည်း မှန်ထဲမှာပေါ်နေတဲ့ ပုံရိပ်ကြောင့် သူမ လှည့်စားတာတွေ ပေါ်သွားခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ David Beckham ရဲ့ မျက်လုံးတွေက ဘယ်ရောက် ?

ကမ္ဘာကျော် ဘောလုံးစတားတစ်ယောက်ဖြစ်တဲ့ ဘက်ခမ်းတစ်ယောက် အားကစားပွဲကို စိတ်ဝင်စားလို့ လာအားပေးဖို့ ရောက်နေတာပါ။ ဒါပေမယ့် တစ်ကယ့် ပွဲထဲရောက်အခါမှာတော့ သူ့မျက်လုံးက တစ်နေရာရာကို စိတ်ဝင်စားနေသလိုပါပဲ။ shwekhitonlinetv.com

၈။ အငိုက်မိ ဖမ်းခံလိုက်ရတဲ့ သမ္မတဟောင်း အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားတစ်ယောက် အခမ်းအနားပွဲတစ်ခုကို တက်နေရင်း အမျိုးသမီးတစ်ယောက်ရဲ့ အလှအပ တရားကို ခိုးကြည့်နေခဲ့တာပါ။ ဒါကို ဘေးနားမှာရှိတဲ့ ပြင်သစ်သမ္မတက ပြုံးပြုံးကြီး ဘေးကနေကြည့်နေတဲ့ ပုံလေးကို ရိုက်ကူးထားတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အကြည့်တွေ ထဲမှာ မီးတောက်နေတဲ့ Captain America

ဒီပုံလေး ကတော့ Avenger ရုပ်ရှင်အတွက် အဖွဲ့သားတွေ Promote လာလုပ်ပြီး ဓာတ်ပုံ ရိုက်နေကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Captain America ဖြစ်တဲ့ Chris တစ်ယောက် သူ့ရဲ့ အကြည့်တွေကို Scarlet Witch ဆီကနေ မခွာနိုင်တဲ့ပုံပါပဲ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ရုတ်တရတ် ကိုယ်မသိလိုက်ခင်လေးမှာပဲ အမိအရ ရိုက်ကူးထားတဲ့ ပုံလေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ဘ၀အမောတွေပြေစေမယ့် အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။