နိုင်ငံတစ်ချို့မှာ ထုတ်ပြန်ထားတဲ့ ထူးဆန်းလွန်းသော ဥပဒေများ

Shwe Khit ပရိသတ်ကြီးရေ နိုင်ငံတိုင်းမှာ ပြည်သူပြည်သားတွေအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေဆိုတာရှိပါတယ်။ shwekhitonlinetv.com

ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာတော့ ထူးထူးဆန်းဆန်း နားလည်ရခက်တဲ့ ဥပဒေတွေကို ပြဌာန်းထားတာတွေလည်း ရှိပါတယ်နော်။ ဒါ့ကြောင့် အခုတစ်ခေါက်မှာတော့ နိုင်ငံတစ်ချို့မှာ ပြဌာန်းထားတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ မြောက်ကိုရီးယား

မြောက်ကိုရီးယားနိုင်ငံဟာဆိုရင် များပြားလှတဲ့ ဥပဒေတွေကို ထုတ်ပြန်ထားပြီး ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ နိင်ငံသားတိုင်း လိုက်နာကြရပါတယ်။ ဘယ်လို ဥပဒေမျိုးတွေလည်းဆိုတော့ လက်ထပ် မထိမ်းမြားခင်မှာ ရင်းနှီးတဲ့ နေထိုင်ဆက်ဆံရေးတွေကို တားမြစ်ထားပြီး အစိုးရအနေနဲ့ ဒီဥပဒေကို ဘယ်သူမှ မချိုးဖောက်ရအောင် စောင့်ကြည့်ဖို့ Special Police တွေကို ညွှန်ကြားထားပါတယ်။

နောက်တစ်ခုက မြောက်ကိုရီးယားနိုင်ငံသူ အမျိုးသမီးတွေဟာ ဘောင်းဘီအရှည် ဝတ်ဆင်ခွင့် မရှိပါဘူး ။ အမျိုးသားတွေဆိုရင်လည်း သူတို့ဆံပင်ကို ( ၁၅ ) ရက်တစ်ခါ မဖြစ်မနေ ညှပ်ဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။ shwekhitonlinetv.com

၂။ အီရန်

အီရန်နိုင်ငံမှာဆိုရင် အမျိုးသမီးတွေဟာ အပြင်သွားတိုင်း ရိုးရာဝတ်စုံဖြစ်တဲ့ hijab ( ဒါမှမဟုတ် ) burkha ဝတ်ဆင်ပြီးမှသာ သွားလာခွင့်ရှိပါတယ်။ ဒါ့အပြင် အစိုးရက အနောက်တိုင်းနဲ့ ပတ်သတ်ဆက်နွယ်တဲ့ တေးဂီတအမျိုးအစားတွေ နားထောင်တာကို တားမြစ်ထားပြီး အမျိုးသားရော အမျိုးသမီးပါ အရက်သေစာ သောက်စားခွင့် မရှိပါဘူး။ shwekhitonlinetv.com

၃။ ဆီးရီးယား

ဆီးရီးယားနိုင်ငံဟာဆိုရင် စစ်မဖြစ်ခင်တုန်းက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ရှုခင်းအလှအပတွေ များစွာရှိတဲ့နိုင်ငံပါ။ စစ်ကြီးဖြစ်တော့ ဆီးရီးယားအစိုးရဟာ တစ်နိုင်ငံလုံးရဲ့ ဆက်သွယ်ရေးတွေ ကို ပိတ်ဆိုထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ အခုဆိုရင် ပြည်သူတွေကို ဖုန်းပြောတာ ၊ အင်တာနက် သုံးတာ စတဲ့ ဆက်သွယ်ရေး ဆိုင်ရာတွေကို အကန့်အသတ်နဲ့ သာ သုံးစွဲခွင့်ပေးထားပါတယ်။ shwekhitonlinetv.com

၄။ အီရီထရီးယား

အီရီထရီးယားနိုင်ငံဟာဆိုရင် အာဖရိကတိုက်ရဲ့ ဦးချိုဒေသမှာ တည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီနိုင်ငံမှာဆိုရင် သမ္မတဖြစ်တဲ့ Isaias Afewerki က ပြည်သူတွေ လိုက်နာရမယ့် ဥပဒေတွေကို ထုတ်ပြန်ပေးထားပါတယ်။ ထူးဆန်းတဲ့ ဥပဒေကတော့ အီရီထရီးယားနိုင်ငံမှာ တစ်ခုခု ထုတ်လွှင့်တာပဲ ဖြစ်ဖြစ် ထုတ်ဝေတာပဲ ဖြစ်ဖြစ် သမ္မတအကြောင်း ဗဟုသုတအဖြစ် မဖြစ်မနေ ထည့်ပေးရပါတယ်။ shwekhitonlinetv.com

၅။ အီကွေတာ ဂီနီ

အီကွေတာ ဂီနီဟာဆိုရင် အာဖရိကတိုက်ရဲ့ အလယ်မှာရှိပြီး အသေးဆုံးနိုင်ငံထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတာကတော့ သမ္မတ Teodoro Obiang Nguema Mbasogo ဖြစ်ပြီး ကပ်သီးကပ်သပ်နိုင်လွန်းတဲ့ ဥပေဒေတစ်ချို့ကို ထုတ်ပြန်ထားသူလည်း ဖြစ်ပါတယ်။ ဘယ်လို ဥပဒေမျိုးလည်း ဆိုတော့ တိုင်းပြည်အတွင်းမှာရှိတဲ့ အရာအားလုံးကို ထိန်းချုပ်တဲ့ ဥပဒေဖြစ်ပြီး ဒီအထဲမှာ ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ရုံများပါ ပါဝင်ပါတယ်။ shwekhitonlinetv.com

၆။ ဆော်ဒီအာရေဗျ

ဆော်ဒီအာရေဗျနိုင်ငံဟာဆိုရင် များပြားလှတဲ့ ဥပဒေတွေကို ထုတ်ပြန်ထားပြီး တော်တော်များများ ဥပဒေတွေက အမျိုးသမီးတွေ အတွက်ပဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ကားမောင်းတာနဲ့ ခေတ်ပေါ်အဝတ်အစားတွေ ဝတ်ဆင်တာကို အစိုးရက ပိတ်ပင်တားမြစ်ထားပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အင်တာနက်အသုံးပြုမှုကိုလည်း တားမြစ်ထားပြီး မချိုးဖောက်အောင် အနီးကပ် စောင့်ကြည့်တာတွေရှိပါတယ်။ shwekhitonlinetv.com

၇။ ကျူးဘား

ကျုးဘားနိုင်ငံဟာ ရှုခင်းတွေ လှပတဲ့အပြင် အရောင်အသွေးစုံလင်လှတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတွင်း ထုတ်ပြန်ထားတဲ့ ထူးထူးဆန်းဆန်း ဥပဒေကတော့ ပြည်သူတွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အစိုးရမကောင်းကြောင်းကို မပြောရပါဘူးတဲ့။ ဒီဥပဒေကို မချိုးဖောက်အောင် အစိုးရဟာ လူတိုင်းကိုစောင့်ကြည့်နေပြီး ချိုးဖောက်ခဲ့ရင်လည်း အစစ်ဆေးအမေးမြန်းမရှိပဲ ထောင်ထဲတန်းသွားရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ တရုတ်

ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာလည်း ထူးထူးဆန်းဆန်း ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိပါတယ်။ အစိုးရဟာ အင်တာနက်အသုံးပြုမှုကို ကန့်သတ်ထားကာ လူငယ်တွေရဲ့ စိတ်ကို တော်လှန်ပုန်ကန်မှုတွေ ဖြစ်စေနိုင်တဲ့ အနောက်တိုင်း လွှမ်းမိုးမှုတွေကို ပိတ်ပင်တားမြစ်ထားပါတယ်။

တရုတ်မှာဆိုရင် အုပ်ချုပ်ရေးပြောင်းလဲတာတွေ ၊ နိုင်ငံရေးကို ပြန်လည် ပြောင်းလဲဖွဲ့စည်းတာတွေနဲ့ ၁၉၈၉ ခုနှစ်တုန်းက အရေးအခင်းတွေ အကြောင်းကို ထုတ်ပြောခွင့်မရှိပါဘူး။ shwekhitonlinetv.com

၉။ ဂျပန်

ဂျပန်နိုင်ငံလို့ဆိုလိုက်တာနဲ့ စည်းကမ်းပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာမှာ အထူးလိုက်နာတဲ့ နိုင်ငံအဖြစ်သိကြပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ဂျပန်ပြည်သူတွေကို ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေထဲက တစ်ခုကတော့ အတော်လေး ထူးဆန်းပါတယ်။

ဂျပန်ပြည်သူပြည်သားတွေဟာ ဒုတိယ ကမ္ဘာစစ်အကြောင်း ပြောခွင့် မရှိပါဘူး။ အထူးသဖြင့် ဟီရိုးရှီးမား နဲ့ နာဂါစာကီမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြောင်းတွေဆို ပိုလို့တောင် တားမြစ်ထားပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာပေါ်က တစ်ချို့နိုင်ငံတွေမှာရှိတဲ့ ထူးထူးဆန်းဆန်း ဥပဒေတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။