ဆောက်လုပ်ရေး ပြုလုပ်နေစဥ် မတော်တဆ တွေ့ရှိခဲ့တဲ့ ထူးခြားဆန်းပြား အရာများ

ဒီတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်တွေကို ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းကနေ မထင်မှတ်ဘဲတွေ့ရှိခဲ့ရတဲ့ ထူးထူးဆန်းဆန်းအရာတွေအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုအရာတွေကို တွေ့ရှိခဲ့ကြသလဲဆိုတာ ဆက်လက်ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com

၁။ အရိုးစုများ

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းရှိ Modular Project မှ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Troy Eiken ဟာ သူတို့ပရောဂျက်အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေစဉ်မှာ မြေအောက်ထဲကနေ ခွေး နဲ့ ကြောင် အကောင် (၂၀) လောက်ရဲ့ ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ ရုပ်ကြွင်းတွေဟာ လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ်လောက်ကမြုပ်နှံထားတဲ့ ရုပ်ကြွင်းတွေဖြစ်ပြီး ဘယ်လိုအကြောင်းကြောင့် အခုလိုတစ်နေရာထဲစုပြုံပြီး မြုပ်နှံထားသလဲဆိုတာတော့ မသိရှိကြပါဘူး။ shwekhitonlinetv.com

၂။ မြုပ်နှံထားတဲ့ ငွေကြေးများ

Excavator Warren Bruggy မှ လုပ်သားတစ်ဦးဖြစ်တဲ့ Daniel Boyd ဟာ အိမ်ကြီးတစ်ခုရဲ့ ရေကူးကန်နဲ့ တင်းနစ်ကွင်းကိုဖြိုဖျက်နေစဉ်အတွင်း ငွေစက္ကူ (၅၀၀၀၀၀) နီးပါးကိုတူးဖော်တွေ့ရှိခဲ့ရပါတယ်။ ဒီ ငွေစက္ကူတွေထဲမှာ (၄၀၀၀၀၀) နီးပါးက တစ်ချိန်ကထုတ်ဝေခဲ့တဲ့ ခေတ်ဟောင်း ငွေဒင်္ဂါးတွေဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ ကြီးမားလွန်းတဲ့ ဆင်လိပ်ပြာကြီး

၂၀၂၂ ခုနှစ် မေလထဲမှာတော့ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမှာရှိတဲ့ မူလတန်းကျောင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တစ်ခါမှမတွေ့ဖူးတဲ့ Monster Moth (ဧရာမဆင်လိပ်ပြာကြီး) တစ်ကောင်ကိုတွေ့ရှိခဲ့ရပါတယ်။ Wood Moth လို့ခေါ်တဲ့ ဒီဆင်လိပ်ပြာကြီးဟာ အတောင်နှစ်ဖက်ထိကို (၂၅) စင်တီမီတာရှိပြီး အလေးချိန် (၃၀) ဂရမ်ရှိတာကြောင့် ပျံသန်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ shwekhitonlinetv.com

၄။ ဖွက်ထားတဲ့ရှေးခေတ် အနုပညာလက်ရာများ

အီတလီနိုင်ငံ ဖလောရင်မြို့က ဆောက်လုပ်ရေးလုပ်သားတွေကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း အင်္ဂတေနဲ့ဖုံးအုပ်ပြီးဖွက်ထားတဲ့ Renaissance ခေတ် ရေဆေးပန်ချီကားနှစ်ချပ်ကိုရှာဖွေတွေ့ရှိခဲ့ကြဖူးပါတယ်။ ဒီပန်းချီကားနှစ်ချပ်ဟာ Ferdinando I နဲ့ Cosimo II de Medici တို့ိကိုပုံဖော်ထားတဲ့ ပန်းချီကားတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး

ဂျာမနီနိုင်ငံမှာတော့ ယခုနှစ်အတွင်း (၅၀၀) ကီလိုဂရမ်အလေးချိန်ရှိတဲ့ မပေါက်ကွဲသေးတဲ့ဗုံးတစ်လုံးကို တွေ့ရှိခဲ့တာကြောင့် လူ (၃၀၀၀) ခန့်ကိုဘေးလွတ်ရာသို့အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဆောက်လုပ်ရေးလုပ်သားတွေဟာ သူတို့ရဲ့လုပ်ငန်းခွင်တစ်ခုအတွင်း ဒီမပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ စကျင်ကျောက် ခေါင်းတလား

တူရကီနိုင်ငံအနောက်မြောက်ပိုင်း Eskisehir ပြည်နယ် Seyitgazi ခရိုင်အတွင်း Construction Site တစ်ခုမှာ စကျင်ကျောက်နဲ့ပြုလုပ်ထားတဲ့ ရှေးဟောင်းခေါင်းတလားတစ်ခုကို တူးဖော်တွေ့ရှိခဲ့ရပါတယ်။ ဒီခေါင်းတလားဟာ အမြင့် (၁.၅) မီတာ အကျယ် (၃၃) စင်တီမီတာရှိပြီး လေ့လာစူးစမ်းမှုတွေပြုလုပ်နိုင်ဖို့အတွက် Eskisehir ပြတိုက်တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ shwekhitonlinetv.com

၇။ လူအရိုးစုများ

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မီးရထားဘူးတာရုံ ပရောဂျက်တစ်ခုမှာတော့ ဆောက်လုပ်ရေးလုပ်သားတွေဟာ လူအရိုးစုတွေကို တူူးဖော်တွေ့ရှိခဲ့တာကြောင့် ဒေသဆိုင်ရာရဲများကိုအလျင်အမြန်ခေါ်ယူခဲ့ကြရပါတယ်။ ဒီနေရာဟာတစ်ချိန်က သုဿန်အဟောင်းတစ်ခုဖြစ်တယ်လို့သိရပြီး ၁၉၀၁ ခုနှစ်မှာ ဗဟိုဘူတာရုံတည်ဆောက်မှုကြောင့် သုဿန်ကိုပိတ်ပစ်ထားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။