ပင်ဂွင်းလေးကို ကယ်တင်ပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးလိုက်တဲ့ အဖိုးအို ကြုံခဲ့ရသော အံ့အားသင့်စရာ ဖြစ်ရပ်

အခုတစ်ခေါက်ရွှေခေတ်ပရိသတ်တွေကို ဖော်ပြပေးချင်တာကတော့ လူနဲ့တိရိစ္ဆာန်ကြားက ထူးခြားပြီး ကြည်နူးပီတိဖြစ်စရာကောင်းလှတဲ့ ချစ်ခြင်းမေတ္တာတရားကို ခံစားသိရှိနိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဇာတ်လမ်းလေးကတော့ South American Magellanic ပင်ဂွင်းမျိုးဖြစ်ပြီး Dindim လို့အမည်ပေးထားတဲ့ ပင်ဂွင်းလေးတစ်ကောင်ဟာ လွန်ခဲ့သော (၁၁) နှစ်လောက်ကသူ့ကို ကယ်တင်ခဲ့တဲ့အမျိုးသားကို တွေ့ဆုံဖို့အတွက် ကီလိုမီတာ (၈၀၀၀) လောက်ရှိတဲ့ခရီးကို နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အံ့အားသင့်စရာ ကူးခတ်ပြီးလာရောက်နေတဲ့အကြောင်းလေးပါ။ shwekhitonlinetv.com

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ဘရာဇီးနိုင်ငံက ကျွန်းကျေးရွာလေးတစ်ရွာမှာနေထိုင်တဲ့ အသက် (၇၁) နှစ်အရွယ် တံငါသည်အဖိုးအို Joao Pereira de Souza ဟာ ပင်လယ်ထဲကသဘောၤတစ်စီး ဖိတ်စင်ခဲ့တဲ့ ဆီတွေထဲမှာ ပိတ်မိပြီး ေ-သအံ့ဆဲဆဲဖြစ်နေတဲ့ ပင်ဂွင်းငယ်လေးတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုမြင်တွေ့ရတဲ့အချိန်မှာ Joao ဟာအလျင်အမြန်ပဲ ပင်ဂွင်းလေးကိုရေထဲကနေဆယ်ယူပြီး တစ်ကိုယ်လုံးမှာပေကျံနေတဲ့များမှဆီတွေကို သန့်စင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ပင်ဂွင်းလေးကျန်းမာရေးပြန်ကောင်းအောင် လ အနည်းငယ်လောက်ပြုစုပေးခဲ့ပါတယ်။ shwekhitonlinetv.com

ဒီအတောအတွင်းမှာ အဖိုးအို Joao ကပင်ဂွင်းလေးရဲ့ အမည်ကို Dindim လို့ပေးခဲ့ပါတယ်။ လအနည်းငယ်ကြာပြီး ပင်ဂွင်းလေးပုံမှန်အတိုင်းပြန်ဖြစ်တဲ့အချိန်မှာတော့ Joao ဟာ ပင်ဂွင်းလေးကို သူ့သဘာဝအတိုင်းပင်လယ်ထဲကို ပြန်လွှတ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ shwekhitonlinetv.com

“သူ့ကိုကျွန်တော်ကယ်ဆယ်ပြီး ပြုစုပေးခဲ့တဲ့အချိန်က (၁၁) လလောက်ရှိမယ်ထင်တယ်ဗျ။ ကျွန်တော်လည်း သူ့ကိုအတော်လေးတော့ သံယောဇဉ်ဖြစ်မိနေသလို Dindim ကလည်း ပင်လယ်ထဲပြန်မသွားချင်ပုံရပါတယ်။ လူတွေကတော့ သူကျွန်တော့ဆီပြန်လာတော့မှာ မဟုတ်ဘူးဆိုပြီး မျှော်လင့်မနေဖို့ပြောကြတယ်ဗျ၊ ဒါပေမယ့် တကယ်မယုံနိုင်စရာပါပဲဗျာ လအနည်းငယ်ကြာတော့ Dindim ကျွန်တော့ဆီရောက်လာခဲ့တယ်ဗျ” shwekhitonlinetv.com

Joao တို့လင်မယားဟာ Dindim ပြန်ရောက်လာလို့ဝမ်းသာမဆုံးဖြစ်ခဲ့ကြပါတယ်။ ပိုပြီး အံ့အားသင့်စရာကောင်းတာက ပင်ဂွင်းလေးက နှစ်စဉ်နှစ်တိုင်း Joao တို့ကိုတွေ့ဆုံဖို့ ဇွန်လထဲမှာရောက်လာပြီး ဖေဖေါ်ဝါရီလမှာ ပင်လယ်ထဲပြန်ထွက်သွားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီဇာတ်လမ်းလေးအကြောင်းကို “ပင်ဂွင်းလေးကို ငါ့ကိုယ်ပိုင်ကလေးလိုမျိုး ချစ်တယ်၊ ပင်ဂွင်းလေးကလည်း ငါ့ကို ချစ်တယ်လို့ယုံကြည်တယ်” “နောက်ပြီး သူကငါ့ပေါင်ပေါ်မှာအိပ်တယ်၊ တစ်ခြားသူတွေကိုသူက အထိမခံဘူး၊ ထိရင်ကိုက်တယ်” လို့ ဘရာဇီးလ်ရုပ်သံ Globo TV က အင်တာလာဗျူးတဲ့ အချိန်မှာ Joao က ပင်ဂွင်းလေးကို သားသမီးအရင်းသဖွယ်ချစ်ခင်ကြောင်း ဝမ်းသာစွာပြောပြခဲ့ပါတယ်။ shwekhitonlinetv.com

ဒီဇာတ်လမ်းက သင်တို့ရဲ့နှလုံးသားကို နွေးထွေးစေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ကျေးဇူးပြုပြီး ဒီဇာတ်လမ်းလေးအကြောင်းကို မိမိရဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုတွေသိရအောင် မျှဝေပေးပါဦးနော် …… shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။