၂၀၃၀ မတိုင်ခင်မှာ ရေအောက်ကိုရောက်ရှိသွားနိုင်တဲ့ ကမ္ဘာကျော်မြို့ကြီးများ

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာလျက်ရှိပါတယ်။ ဒီအကျိုးဆက်အနေနဲ့ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်ထားနိုင်တဲ့ နာမည်ကျော်မြို့ကြီးတစ်ချို့ဟာ ၂၀၃၀ ခုနှစ်မတိုင်ခင် ရေအောက်ထဲကိုနစ်မြုပ်သွားဖို့ရှိတယ်လို့ သိပ္ပံပညာရှင်တွေက တွက်ချက်ခန့်မှန်းထားပါတယ်။ ဘယ်မြို့တွေများဖြစ်မလဲဆိုတာ အဆုံးထိဖတ်ရှုပေးပါဦးနော် …..

၁။ အမ်စတာဒမ်မြို့ – နယ်သာလန်

နယ်သာလန်နိုင်ငံဟာ ဥရောပတိုက်မှာရှိတဲ့ Low Countries (မြေနိမ့်ပိုင်းနိုင်ငံ) တွေထဲမှာပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကမြို့တော်တွေဖြစ်တဲ့ အမ်စတာဒမ်၊ ရော့တာဒမ် နဲ့ ဟေ့ဂ် မြို့တွေဟာ မြောက်ပင်လယ် (The North Sea) နဲ့ အလွန်နီးကပ်စွာတည်ရှိနေပြီး လက်ရှိပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုနှုန်းအရဆိုရင် လာမယ့် ၂၀၃၀ ခုနှစ်မတိုင်မှာ ရေအောက်ရောက်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒတ်ချ်လူမျိုးတွေဟာ ရေလွှမ်းမိုးမှုကို ကာကွယ်တဲ့နေရာမှာ ထူးချွန်ကျော်ကြားလှတဲ့သူတွေဖြစ်ပါတယ်။ သူတို့အနေနဲ့ သူတို့နိုင်ငံရဲ့ မြို့တော်ကို ရေအောက်ရောက်မသွားအောင် ဘယ်လိုအစီအစဉ်တွေနဲ့ ကာကွယ်ကြမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ shwekhitonlinetv.com

၂။ ဗင်းနစ်မြို့ – အီတလီ

ရိုမန်းတစ်ဆန်တဲ့ ဗင်းနစ်မြို့ကတော့ မကြာခဏရေလွှမ်းမိုးမှုခံခဲ့ရပြီး လက်ရှိအချိန်မှာလည်း ရေပေါ်မြို့ကလေးတစ်မြို့အသွင်ဖြစ်နေတာပါ။ ခန့်မှန်းတွက်ချက်မှုတွေအရ နှစ်စဉ်မြင့်တက်လာတဲ့ ရေမျက်နှာပြင်ရယ် အလွန်ကြီးမားတဲ့ရေလွှမ်းမိုးမှုဖြစ်စဉ်တွေရယ်ကြောင့် သိပ်မဝေးတဲ့အနာဂတ်မှာ ရေအောက်ကိုနစ်မြုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ဗင်းနစ်မြို့မှာ ရေလွှမ်းမိုးမှုကာကွယ်ရေးစနစ်တွေ ရှိပေမယ့် ရေရှည်မှာထိန်းချုပ်နိုင်ဖို့မလွယ်လောက်ပါဘူး။ ဒါကြောင့် ဗင်းနစ်မြို့သူမြို့သားအချို့ဟာ အခုအချိန်ကတည်းက အခြားနေရာတွေမှာ နေထိုင်ဖို့ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ဘန်ကောက်မြို့ – ထိုင်း

၂၀၂၀ ခုနှစ်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို အဆိုးရွားဆုံးခံရမယ့်နိုင်ငံတစ်နိုင်ဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် (၁.၅) မီတာလောက်သာမြင့်တဲ့နေရာမှာရှိတာဖြစ်ပါတယ်။ နောက်ပြီး ဗင်းနစ်မြို့လိုပဲ နှစ်စဉ်ရေအောက်ကို နှစ်စဉ်နှစ်တိုင်း (၃) စင်တီမီတာဝန်းကျင် နစ်မြုပ်လျက်ရှိပါတယ်။ ဒါကြောင့် ထူထပ်တဲ့ ရွှံစေးမြေပေါ်မှာရှိနေတဲ့ မြို့တော်ဘန်ကောက်ရဲ့ နေရာအတော်များများဟာ ၂၀၃၀ မရောက်ခင် ရေအောက်ကိုနစ်မြုပ်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဟိုချီမင်းမြို့ – ဗီယက်နမ်

မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသမှာရှိနေတဲ့ ဗီယက်နမ်နိုင်ငံရဲ့မြို့တော် ဟိုချီမင်းစီးတီးဟာလည်း ၂၀၃၀ မတိုင်ခင်ရေအောက်ကို နစ်မြုပ်သွားဖို့အတွက် ခိုင်မာတဲ့အကြောင်းအရင်းတွေရှိနေပါတယ်။ အဓိကရေလွှမ်းမိုးမှုဖြစ်စေမယ့် အကြောင်းအရင်းကတော့ အပူပိုင်းမုန်တိုင်းတွေပဲဖြစ်ပါတယ်။ ယခင်ကလည်း အပူပိုင်းမုန်တိုင်းတွေဒဏ်ခံရပြီး ရေလွှမ်းမိုးမှုတွေခံရပေမယ့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာကြီးပူနွေးလာမှုကြောင့် မကြုံဖူးသေးတဲ့ မုန်တိုင်းမျိုးတွေမြင်တွေ့ရပြီး ရေအောက်ကိုရောက်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ နယူးအော်လင်းမြို့ – အမေရိကန်

Lake Borgne ၊ Lake Salvador ၊ Little Lake ၊ Wood Lake ၊ Lake Pontchartrain စတဲ့ရေကန်ကြီး တွေဝန်းရံနေသလို Black Bay ပင်လယ်အော်အနီးမှာလည်းတည်ရှိတဲ့ အမေရိကန်နိုင်ငံရဲ့ နယူးအော်လင်းမြို့ဟာလည်း ရေအောက်ရောက်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့မြို့ဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်ရေလွှမ်းမိုးမှုုဖြစ်ချိန်ကလည်း အကာအကွယ်အတားအဆီးအချို့ဟာ ပျက်စီးသွားခဲ့ပြီး ပြင်ဆင်ကုန်ကျစရိတ်ကကြီးလွန်းတာကြောင့် အလုံးစုံ ပြင်ဆင်မွမ်းမံနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်းမြို့ဟာ တစ်ဖြည်းဖြည်းရေအောက်ကိုရောက်နေပြီး ၂၀၃၀ မတိုင်ခင်အလုံးစုံနစ်မြုပ်သွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။