အန္တရာယ်ဆိုတာ “ချို” နဲ့လားလို့ မေးခွန်းထုတ်ခဲ့တဲ့ ကမ္ဘာကျော် ဆယ်လီများ

ရုပ်ရှင်မင်းသားမင်းသမီးတွေဟာ များသောအားဖြင့် ငွေကြေးချမ်းသာကြွယ်ဝကြပြီး ငယ်စဉ်ကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နေထိုင်ခဲ့ရသူတွေများပါတယ်။ ဒါက မြန်မာပြည်မှာပါ။ ဟောလိဝုဒ်လိုမျိုး အပြိုင်အဆိုင်များပြီး နာမည်တစ်လုံးရဖို့အတွက် ခက်ခဲလှတဲ့ရုပ်ရှင်နယ်ပယ်မှာတော့ သရုပ်ဆောင်တွေဟာ အောင်မြင်မှုရရှိဖို့အတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် အသေအလဲ သူ့ထက်ငါအပြိုင်အဆိုင်ကြိုးပမ်းကြရပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုးကြိုးပမ်းရာမှာ ကိုယ်သရုပ်ဆောင်တဲ့ဇာတ်ဝင်ခန်းကို သဘာဝကျစေဖို့အတွက် အန္တရာယ်နဲ့ရင်ဆိုင်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးမယ့်နာမည်ကျော် ဆယ်လီတွေကတော့ အန္တရာယ်ဆိုတာ “ချို” နဲ့လားလို့မေးနိုင်လောက်အောင် အန္တရာယ်နဲ့ လက်ပွန်းတတီးနေခဲ့ကြသူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ တွမ်ခရုစ်

Mission Impossible လိုဇာတ်ကားမျိုးတွေမှာ အလွန်သည်းထိတ်ရင်ဖိုဖွယ်ကောင်းလှတဲ့ စတန့်တွေကို ကိုယ်တိုင်ကိုယ်ကျသရုပ်ဆောင်ခဲ့တာကြောင့် တွမ်ခရုစ်ဟာနာမည်ကျော်ကြားလှပါတယ်။ Mission Impossible : Rouge Nation ဇာတ်ကားမှာဆိုရင် မြေပြင်အထက် ပေ (၅၀၀၀) ကျော်အမြင့်ကိုရောက်နေတဲ့ လေယာဉ်ပျံကိုကုပ်တွယ်ပြီး လိုက်ပါတဲ့အခန်းကို လူစားမထိုးဘဲကိုယ်တိုင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းမှာ သူ့အတွက်အန္တရာယ်ကင်းအောင် ကြိုးသိုင်းထားတာ၊ အကာအကွယ်တွေစီမံထားတာရှိပေမယ့် ကိုယ်တိုင်သရုပ်ဆောင်ဖို့အတွက်တော့ တော်ရုံသတ္တိမျိုးနဲ့မရနိုင်တာ အမှန်ပါ။ shwekhitonlinetv.com

၂။ ကင်မရွန်းဒိုင်ယာ့ဇ်

လက်ရှိအချိန်မှာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေကိုရပ်နားထားပေမယ့် နာမည်ကျော်မင်းသမီး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ Charlie’s Angels လိုဇာတ်ကားမျိုးတွေမှာ ရုပ်ရှင်ထုတ်လုပ်သူ ခွင့်ပြုလျင်ခွင့်ပြုသလောက် စတန့်တွေကိုကိုယ်တိုင်ပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒီလိုမျိုးကိုယ်တိုင်ပြုလုပ်တဲ့ စတန့်တွေဟာ အန္တရာယ်များပြီး ထိခိုက်ဒဏ်ရာတွေရရှိနိုင်စေပေမယ့် သူမရဲ့စိတ်အားထက်သန်မှုကိုတော့ တားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ shwekhitonlinetv.com

၃။ အိန်ဂျလီနာဂျိုလီ

အော်စကာဆုရှင် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ အိန်ဂျလီနာဂျိုလီဟာလည်း Tomb Raider ဇာတ်ကားတွေမှာ အန္တရာယ်များလှတဲ့ ဇာတ်ဝင်ခန်းတွေကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဇာတ်ကားတွေအရိုက်နည်းပေမယ့်လည်း ရိုက်ကူးတဲ့အခါမှာတော့ အမြဲတမ်းသဘာဝကျအောင် သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကီဗင်ဟာ့တ်

ဟာသသရုပ်ဆောင် ကီဗင်ဟာ့တစ်ယောက်ကတော့ ဒူဘိုင်းကိုအလည်အပတ်ခရီးထွက်စဉ်ကာလတုန်းက ကျားတစ်ကောင်ကို အစာကျွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ “ကျွန်တော်အစာကျွေးရတဲ့ ကျားကကျွန်တော့်ထက်ကြီး နေတော့ တစ်ကယ်ပဲကြောက်ရွံ့ထိတ်လန့်မိခဲ့တာပေါ့။ ဒါကိုလုပ်နိုင်ပါ့မလားလို့လဲ ကိုယ့်ကိုကိုယ်သံသယဝင်ခဲ့တာအမှန်ပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော်လုပ်နိုင်ခဲ့တယ်လေ” လို့ သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာရေးသားထားခဲ့ပါတယ်။ shwekhitonlinetv.com

၅။ ဘရစ်တနီစပီးယား

နာမည်ကျော်အဆိုတော် ဘရစ်တနီစပီးယားရဲ့ အထင်ရှားဆုံးဖျော်ဖြေမှုတစ်ခုကတော့ ၂၀၀၁ ခုနှစ် MTV Music Awards မှာဖြစ်ပါတယ်။ သူမဟာ Banana လို့အမည်ပေးထားတဲ့ စပါးအုံးမြွေတစ်ကောင်နဲ့အတူစင်ပေါ်မှာ ကြောက်ရွံ့ထိတ်လန့်ခြင်းကင်းစွာ ဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ စကားလက်ဂျိုဟန်ဆန်

Marvel ကရိုက်ကူးထုတ်လုပ်တဲ့ဇာတ်ကားတွေမှာ စတားတစ်ယောက်ဖြစ်တဲ့ စကားလက်ဂျိဟန်ဆန်ကလည်း သတ္တိအရာမှာ ခေသူတစ်ယောက်မဟုတ်ဘဲ ယောက်ျားတွေနဲ့တန်းတူ သရုပ်ဆောင်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ အလွန်အန္တရာယ်များလွန်းလှတဲ့ စတန့်ပြကွက်တွေကလွဲရင် သူမဟာ သူမသရုပ်ဆောင်ရမယ့်အပိုင်းကို လူစားထိုးတဲ့သူမဟုတ်ပါဘူး။ ကိုယ်ခံပညာမျိုးစုံကိုလည်း တက်ကျွမ်းထားတဲ့ စကားလက်ဟာ အက်ရှင်ဇာတ်ကားတွေရဲ့ သ-တ်ပုတ်ရတဲ့အခန်းတွေကို အမျိုးသားတွေတန်းတူ သရုပ်ဆောင်နိုင်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ လီလီပွန်းစ်

အင်တာနက်ဆယ်လီတစ်ဦးဖြစ်တဲ့ လီလီပွန်းစ်ကတော့ မိချောင်းတစ်ကောင်နဲ့အတူရေကူးနေတဲ့ ပို့စ်တစ်ခုကြောင့် ပရိသတ်စိတ်ဝင်စားမှု အတော်လေးရရှိခဲ့ဖူးပါတယ်။ သူမဟာ အခုလိုမျိုးတိရိစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် နေထိုင်တာမျိုးကို မကြာခဏပြုလုပ်လေ့ရှိသူလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply