လက်ရှိ ပရီးမီးယားလိဂ်အသင်းတွေထဲက သက်တမ်းအရင့်ဆုံးအသင်း (၁၀) သင်း

လက်ရှိ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ဘယ်အသင်းကသက်တမ်းအရင့်ဆုံး ဘောလုံးဘိုးအေအသင်းဖြစ်မယ်လို့ထင်ပါသလဲ ? ကျိန်းသေတာကတော့ အခုဖော်ပြမယ့် ပရီးမီယားလိဂ်အသင်းတွေထဲက သက်တမ်းအရင့်ဆုံးအသင်းတွေမှာ သင်ထင်ထားတဲ့ အသင်းအချို့မပါဝင်ဘူးဆိုတာပါပဲ …… shwekhitonlinetv.com

၁၀။ ဆောက်သမ်တန် – (၁၃၈) နှစ်

ဆောက်သမ်တန်မြို့ခံကလပ်အသင်းဖြစ်တဲ့ ဆောက်သမ်တန်ကတော့ လက်ရှိပရီးမီးယားလိဂ်ရဲ့သက်တမ်းအရင့်ဆုံးအသင်းတွေထဲမှာ နံပါတ် (၁၀) နေရာမှာရှိနေပါတယ်။ ဆောက်သမ်တန်အသင်းကို (၁၈၈၅) ခုနစ်မှာစတင်တည်ထောင်ခဲ့တာကြောင့် သက်တမ်းအားဖြင့် (၁၃၈) နှစ်ရှိပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် အသင်းသမိုင်းတစ်လျှောက်မှာပြစရာအောင်မြင်မှုဆိုလို့ ၁၉၇၅-၇၆ ဘောလုံးရာသီက FA ဖလားတစ်ကြိမ်ရဖူးတာသာရှိပါတယ်။ shwekhitonlinetv.com

၉။ လက်စတာစီးတီး – (၁၃၉) နှစ်

အဆင့် (၉) နေရာမှာရပ်တည်နေတာကတော့ လက်စတာမြို့က လက်စတာစီးတီးအသင်းဖြစ်ပြီး (၁၈၈၆) မှာစတင်တည်ထောင်ခဲ့တာပါ။ သက်တမ်းအားဖြင့်ဆိုရင် လက်စတာစီးတီးအသင်းဟာ (၁၃၉) နှစ်ရှိပြီပဲဖြစ်ပါတယ်။ လက်စတာအသင်းဟာလည်း ၂၀၁၅-၂၀၁၆ ဘောလုံးရာသီက ထိပ်သီးအသင်းတွေကိုကျော်ဖြတ်ပြီး မထင်မှတ်ဘဲ ပရီးမီးယားလိဂ်မှာဗိုလ်စွဲခဲ့တာလောက်သာ ဂုဏ်ယူစရာအောင်မြင်လို့ဆိုနိုင်တာပါ။ အဲ့ဒီမတိုင်ခင်အထိတော့ လိဂ်ဖလား (ကာရာဘောင်ဖလား) ၃ ကြိမ်၊ FA ဖလား ၁ ကြိမ်သာရဖူးခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တန်းဆင်းလိုက် တန်းတက်လိုက်နဲ့ ပရီးမီးယားလိဂ်နဲ့ ဘောလုံးရာသီ (၁၀) ခုလောက်ဝေးကွာခဲ့ရတဲ့အသင်းပါ။ shwekhitonlinetv.com

၈။ တော့တင်ဟမ်ဟော့စပါး – (၁၄၁) နှစ်

လန်ဒန်မြို့ တော့တင်ဟမ်အရပ်ဒေသမှာအခြေစိုက်တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းကတော့ သက်တမ်းအားဖြင့် (၁၄၁) နှစ်ရှိပြီဖြစ်ပြီး (၁၈၈၂) ခုနစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စပါးအသင်းက ဒီစာရင်းရဲ့ အဆင့် (၈) နေရာမှာရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန်ကအဓိကအင်အားကြီး မြို့ခံပြိုင်ဘက်တွေဖြစ်ကြတဲ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ်ခေတ်စတင်ပြီးနောက်ပိုင်းမှာ အောင်မြင်မှုကြီးကြီးမားမား ရယူနိုင်ခြင်းမရှိတာကြောင့် စပါးဟာ အနည်းငယ်ဂုဏ်ငယ်ရသလိုဖြစ်နေပါတယ်။ shwekhitonlinetv.com

၇။ မန်ချက်စတာစီးတီး – (၁၄၃) နှစ်

မန်ချက်စတာမြို့ခံကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းကတော့ (၁၈၈၀) ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး သက်တမ်း (၁၄၃) နှစ်ရှိပြီဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ခါးသီးတဲ့မြို့ခံပြိုင်ဘက်အသင်းဖြစ်လာမယ့် နယူတန်ဟိသ် အသင်းထက် (၂) နှစ်လောက် နောက်ကျပြီးမှတည်ထောင်ခဲ့တာလို့လည်းဆိုနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မြို့ခံဒါဘီတွေဖြစ်ပေမယ့် အောင်မြင်မှုအစဉ်အလာပိုင်းက မိုးနဲ့မြေလိုကွာခြားခဲ့ပြီး အလယ်အလတ်အသင်းအဆင့်မှာတောင်ရှိမနေဘဲ ပရီးမီးယားလိဂ်ကနေတန်းဆင်းသွားခဲ့ရတဲ့အထိ နိမ့်ပါးခဲ့ပါတယ်။ ဒါပေမယ့်အသင်းကို ယူအေအီးသူဋ္ဌေးတွေဝယ်ယူခဲ့ပြီးနောက်ပိုင်းမှာတော့ ငွေကြေးအင်အားနဲ့ နေ့ချင်းညချင်းအသင်းကြီးတစ်သင်းဖြစ်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ဘောလုံးရာသီ (၁၁) ခုမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ၆ ကြိမ်၊ FA ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၆ ကြိမ်အထိဆွတ်ခူးထားတဲ့ အသင်းလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဖူလ်ဟမ် – (၁၄၄) နှစ်

လန်ဒန်မြို့ခံအသင်းပေါင်းများစွာထဲမှာ ဖူလ်ဟမ်အသင်းကအရင်ဦးဆုံးစတင်တည်ထောင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ (၁၈၇၉) ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး သက်တမ်း (၁၄၄) နှစ်အထိရှိပြီဖြစ်ပါတယ်။ အောင်မြင်မှုကတော့ ၂၀၀၂ ခုနှစ်က အင်တာတိုတိုဖလား တစ်ကြိမ်ရဖူးတာသာရှိပြိး လက်ရှိပရီးမီးယားလိဂ်မှာကစားနေတဲ့ အသင်း (၇) သင်းထဲမှာသူ့ထက်နိမ့်တာဆိုလို့ ဘရန့်ဖို့ဒ်အသင်းပဲရှိပါတယ်။ shwekhitonlinetv.com

၅။ မန်ချက်စတာယူနိုက်တက် – (၁၄၅) နှစ်

လက်ရှိပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ သက်တမ်း (၁၄၅) ရှိပြီဖြစ်ပါတယ်။ နယူတန်ဟိသ် LYR ဆိုတဲ့အမည်နဲ့ (၁၈၇၈) ခုနစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး (၁၉၀၂) ခုနစ်အရောက်မှသာ မန်ချက်စတာယူနိုက်တက် လို့အမည်ပြောင်းလဲခေါ်ဆိုခဲ့တာပါ။ အသင်းကို (၂၇) နှစ်နီးပါးကိုင်တွယ်ပြီးအောင်မြင်မှုများစွာရယူပေးခဲ့တဲ့ ဂန္ဒဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန်မရှိတဲ့နောက်ပိုင်းမှာ နည်းပြ၊ ကစားသမားအပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပေမယ့် အရင်လိုအခြေအနေကိုပြန်မရောက်ရှိခဲ့ပါဘူး။ လက်ရှိနည်းပြအဖြစ်ကိုင်တွယ်နေတဲ့ တန်ဟတ်ရဲ့လက်ထဲမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ မျှော်လင့်လို့ရတဲ့ အနေအထားမှာရှိနေပါတယ်။ shwekhitonlinetv.com

၄။ အဲဗာတန် – (၁၄၅) နှစ်

လီဗာပူးလ်မြို့ခံကလပ်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းကတော့ နယူတန်ဟိသ် LYR အသင်းနဲ့အတူ (၁၈၇၈) ခုနစ် နိုဝင်ဘာလမှာစတင်တည်ထောင်ခဲ့တာပါ။အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ လုံးဝတန်းမဆင်းဖူးတဲ့ အသင်း (၆) သင်းထဲမှာပါဝင်တဲ့ အသင်းလည်းဖြစ်ပါတယ်။အသင်းကို ဒေးဗစ်မိုယက်စ် ကိုင်တွယ်စဉ်ကာလတွေတုန်းက ထိပ်သီးအသင်းတွေသတိထားရပြီး ခြေစွမ်းတည်ငြိမ်တဲ့ အသင်းကောင်းတစ်သင်းဖြစ်ခဲ့ပေမယ့် ဒေးဗစ်မိုယက်စ်မရှိတော့တဲ့နောက်ပိုင်းမှာတော့ အသင်းရဲ့ခြေစွမ်းဟာမတည်ငြိမ်ဘဲ ရုန်းကန်နေရပါတယ်။ shwekhitonlinetv.com

၃။ ဝုဗာဟမ်တန်ဝမ်းဒါးရား – (၁၄၆) နှစ်

နံပါတ် (၃) နေရာမှာရှိနေတာကတော့ ဝုဗာဟမ်တန်မြို့က ဝုဗာဟမ်တန်ဝမ်းဒါးရား အသင်းပဲဖြစ်ပါတယ်။ (၁၈၇၇) ခုနစ်မှာစတင်တည်ထောင်ခဲ့ပြီး ၁၉၄၀ ကနေ ၁၉၆၀ လောက်အထိတော့ခြေစွမ်းမသေးတဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး အဲ့ဒီကာလအတွင်း ယခင်ပထမတန်းအမှတ်ပေးဖလား ၃ ကြိမ်၊ နဲ့ FA ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၈၃-၈၄ ရာသီမှာတန်းဆင်းသွားပြီးတော့ စတုတ္ထတန်းအထိပါရောက်သွားခဲ့ရတဲ့အထိအခြေအနေဆိုးခဲ့တာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတော့ ၂၀၀၃-၀၄ ဘောလုံးရာသီမှာမှ ပထမဆုံးယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ shwekhitonlinetv.com

၂။ အက်စတွန်ဗီလာ – (၁၄၉) နှစ်

ဘာမင်ဂမ်မြို့က အက်စတွန်ဗီလာအသင်းကတော့ (၁၈၇၄) ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး သက်တမ်းအားဖြင့် (၁၄၉) နှစ်ရှိပြီဖြစ်ပါတယ်။ ဗီလာဟာ ချန်ပီယံလိဂ်ဆုဖလားကိုဆွတ်ခူးဖူးတဲ့ အင်္ဂလိပ်ကလပ်အသင်း (၅) သင်းထဲက တစ်သင်းဖြစ်ပြီး ပရီးမီးယားလိဂ်ခေတ်မတိုင်ခင်အထိတော့ အောင်မြင်မှုကြီမားတဲ့ အသင်းတစ်သင်းလို့ဆိုနိုင်ပါတယ်။ သူတို့အနေနဲ့ ယခင်ပထမတန်းချန်ပီယံ ၇ ကြိမ်၊ FA ဖလား ၇ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ အင်တာတိုတိုဖလား ၁ ကြိမ်ရရှိခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာလည်း အလယ်အလတ်ဖျက်မြင်းအသင်းတစ်သင်းဖြစ်ခဲ့ပေမယ့် ငွေကြေးပိုင်းဆိုင်ရာစီမံခန့်ခွဲမှု အမှားတွေကြောင်း အသင်းကကစားသမားကောင်းတွေကို နှစ်တိုင်းရောင်းထုတ်ခဲ့ရသလို အရည်အချင်းရှိတဲ့ နည်းပြမာတင်အိုနေးလ်ကိုပါ လက်လွှတ်ခဲ့ရပါတယ်။ အဲ့ဒီအကျိုးဆက်ကတော့ ၂၀၁၅-၁၆ ရာသီမှာ ပရီးမီးယားလိဂ်ကနေ ပထမဆုံးအကြိမ်တန်းဆင်းသွားခဲ့ရပြီး လိဂ်ချန်ပီယံရှစ်မှာ (၃) နှစ်ကျင်လည်ခဲ့ရတာပါ။ ၂၀၁၉-၂၀၁၀ ရာသီမှာတန်းပြန်တက်လာခဲ့ပေမယ့် အရင်လိုအခြေအနေမျိုးမရှိတော့ဘဲ တန်းမဆင်းရရေးရုန်းကန်နေရတဲ့ အသင်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ နော်တင်ဟမ်ဖောရက်စ် – (၁၅၈) နှစ်

(၁၈၆၅) ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ နော်တင်ဟမ်ရှိုင်းယားဒေသက နောတင်ဟမ်ဖောရက်စ်အသင်းကလည်း အက်စတွန်ဗီလာအသင်းနဲ့ အဖြစ်ချင်းခပ်ဆင်ဆင်ပါ။ ပရီးမီးယားလိဂ်မပြောင်းလဲခင်ကာလတွေက အသင်းဟာ ဥရောပချန်ပီယံလိဂ် ဆုဖလားကို (၂) နှစ်ဆက်ဗိုလ်စွဲခဲ့တဲ့အထိ အသင်းရဲ့အောင်မြင်မှုကအထွတ်အထိပ်ရောက်ရှိနေခဲ့တာပါ။ ကံဆိုးတဲ့နေ့ရက်တွေစတင်ခဲ့တာကတော့ ယခင်ပထမတန်းအမှတ်ပေးပြိုင်ပွဲကို ပရီးမီးယားလိဂ်ပြိုင်ပွဲအဖြစ်စတင်ပြောင်းလဲကျင်းပခဲ့တဲ့ရာသီမှာပဲဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်တို့ဟာ အဲ့ဒီရာသီမှာတန်းဆင်းသွားခဲ့ရပါတယ်။ နောက်နှစ်မှာချက်ချင်းတန်းပြန်တက်လာခဲ့သေးပေမယ့် တစ်နှစ်သာခံပြီး တန်းပြန်ဆင်းသွားရပြန်ပါတယ်။ ဒီလိုနဲ့နောက်ပိုင်းမှာ အဘက်ဘက်ကကျဆင်းခဲ့တဲ့ အသင်းရဲ့အခြေအနေကြောင့် အောက်တန်းတွေမှာပဲ ဆယ်စုနှစ် (၂) ခုလောက်ကျင်လည်ခဲ့ရပြီး ဒီနှစ်မှာပရီးမီးယားလိဂ်ကိုပြန်လည်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းပရိတ်သတ်တွေအတွက် ဂုဏ်မငယ်စရာဖြစ်တာကတော့ ချန်ပီယံလိဂ်ဖလားကို (၂) ကြိမ်ဆက်ရဖူးတာရယ် လက်ရှိပရီးမီးယားလိဂ်အသင်းတွေထဲမှာ သက်တမ်းအရင့်ဆုံးရပ်တည်နိုင်ခဲ့တဲ့ အသင်းဖြစ်တယ်ဆိုတာပါပဲ။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply