ကြောက်မက်ဖွယ်ကောင်းလှတဲ့ ကမ္ဘာ့အနက်ဆုံးတွင်းကြီးများ

လူသားတို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာဆိုရင် ထူးဆန်းဖွယ်ရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒီအထဲမှာမှ အနက်ဆုံးတွင်းကြီးတွေဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီတွင်းကြီးတွေ9ဟာ လူသားတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ တွင်းတွေလည်း ရှိသလို သဘာ၀အလျောက် ဖြစ်တည်နေတဲ့ တွင်းကြီးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ဘယ်တွင်းကြီးတွေက ကြောက်မက်ဖွယ်အကောင်းဆုံး စာရင်းထဲမှာပါနေလဲဆိုတာ ကြည့်လိုက်ရအောင်နော်။ shwekhitonlinetv.com

၁။ The Berkeley Pit

The Barkley လို့ အမည်ရှိတဲ့ တွင်းနက်ကြီးဟာ မိုင်းတွင်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ တွင်းရဲ့ အနက်ဟာ ပေပေါင်း ၁၇၈၀ ကျော်ရှိပြီး အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး အင်ပါယာစတိတ် အဆောက်အအုံထက်တောင် ရှည်ပါတယ်။ အခုအချိန်မှာတော့ Barkley တွင်းကြီးဟာ စွန့်ပစ်တွင်းကြီးတစ်ခု ဖြစ်သွားပေမယ့် တွင်းထဲမှာတော့ အဆိပ်သင့် အမှိုက်တွေ အများအပြားရှိနေပါသေးတယ်။ hyper-acidic အမျိုးအစားဖြစ်တဲ့ အက်ဆစ်ရေတွေနဲ့ ပြည့်နှက်နေပြီး သံထည်ပစ္စည်းတွေ မျောပါနေတာမို့ တွင်းနားကို လူတွေမသွားဖို့ တားမြစ်ထားပါတယ်။ shwekhitonlinetv.com

၂။ The Guatemala Sinkhole

ဒီတွင်းကြီးကတော့ ဂွာတီမာလာ မြို့ထဲမှာ တည်ရှိပြီး လူသားတွေတူးဖော်တဲ့ အကြီးဆုံးတွင်းကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။ တွင်းရဲ့ အနက်ကတော့ ပေ ၃၀၀ ကျော်နက်ပြီး အထဲမှာ လူတွေစွန့်ပစ်ထားတဲ့ အမှိုက်ပေါင်းများစွာ စုပြုံလို့နေပါတယ်။ တွင်းကြီးက အတော်လေးကို နက်တဲ့အပြင် မြို့အတွင်းမှာ ရှိတဲ့အတွက်ကြောင့် အနီးနားမှာနေတဲ့ လူတွေအတွက်ကတော့ အန္တရာယ်များနေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ The Mariana Trench

မာရီယာနာ ချောက်ကြီးကတော့ ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ ရှိကာ လူတွေလုပ်ထားတာကြောင့် မဟုတ်ပဲ သဘာ၀အတိုင်းဖြစ်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ထိနက်လဲဆိုရင် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧ၀ရတ်တောင်ရဲ့ အမြင့်နီးပါးလောက်ကို နက်ပါတယ်။ ချောက်ကြီးရဲ့အောက်ခြေအထိ ဆင်းသက်ဖူးသူ အနည်းငယ်သာရှိပြီး ဒီအထဲမှာ နာမည်ကျော် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းလည်း ပါဝင်ပါတယ်။ လေ့လာစမ်းစစ်မှုတွေအရ ဒီချောက်ကြီးထဲမှာနေထိုင်တဲ့ သက်ရှိတွေဟာဆိုရင် အပြင်မှာ မြင်တွေ့နေကျ ရေနေသတ္တဝါတွေနဲ့ ပုံစံကွဲပြားတယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၄။ Krubera လှိုဏ်ဂူ

ဂျော်ဂျီယာနိုင်ငံတွင်းမှာ တည်ရှိတဲ့ Krubera လှိုဏ်ဂူကြီး ဟာဆိုရင် တော်တော်လေးကို နက်လွန်းတယ်လို့ ပဲဆိုရမှာပါ။ ဘာကြောင့်လဲဆိုရင် တွင်းရဲ့ အနက်ဟာ ပေပေါင်း ၇၀၀၀ ကျော်လောက်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ကျွမ်းကျင်းသူတွေရဲ့ လေ့လာတွက်ချက်မှုအရ ဒီလှိုဏ်ဂူကြီးရဲ့ အောက်ခြေအထိ ရောက်အောင်သွားမယ်ဆိုရင် ရက်သတ္တပတ် ၁ ပတ်ကြာအောင် သွားရမယ်လို့ ပြောထားကြပါတယ်။ shwekhitonlinetv.com

၅။ The Bingham Canyon Mine

နောက်ထပ်နာမည်ကြီး တွင်းကြီးကတော့ The Bingham Canyon လို့အမည်ရှိတဲ့ မိုင်းတွင်းကြီး ပဲ ဖြစ်ပါတယ်။ တွင်းရဲ့ နှုတ်ခမ်း၀ အကျယ်ဟာ ၂.၅ မိုင်ရှိကာ အနက်ကတော့ ပေပေါင်း ၄၀၀၀ နီးပါးလောက် နက်ပါတယ်။ Utah မှာ တည်ရှိပြီး နှစ်ပေါင်း ၁၁၅ နှစ် ကျော်လောက် ဒီတွင်းကြီးထဲမှာ တူးဖော် လုပ်ကိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုတော့ မိုင်းတွင်းလုပ်ငန်းတွေ ရပ်နားထားလို့ စွန့်ပစ်တွင်းကြီး ဖြစ်သွားပါပြီ။ shwekhitonlinetv.com

အခုဖော်ပြပေးထာကတော့ ကမ္ဘာ့အနက်ဆုံး တွင်းကြီးတွေထဲမှာမှ နာမည်ကျော် တွင်းအချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khitt ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။