ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်သောအခါ ဖြစ်လာသော ဆိုးကျိုးများ

ပရိသတ်ကြီးကို အခုတစ်ခေါက်မှာတော့ ရာသီဥတုနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လို ဓာတ်ပုံမျိုးလေးတွေလဲဆိုတော့ ရာသီဥတုတွေ မညီမျှပဲ လိုတာထက်ပိုလာတဲ့အခါ ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သေချာသိရအောင် အောက်ကပုံလေးတွေကို တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ရေခဲသွားသော မီးပြတိုက်

အမှတ်တမဲ့ ကြည့်ရင် မီးပြတိုက်လို့တောင် မထင်ရလောက်အောင်ပါပဲ။ ဒီနေရာလေးမှာ ရာသီဥတုက အတော်လေးကို အေးခဲမှုလွန်ကဲသွားတာကြောင့် မီးပြတိုက်ကြီးတောင် ရေခဲတွေနဲ့ ဖုံးလွှမ်းသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ပြောင်းဖူးကနေ ပေါက်ပေါက် အဖြစ်ပြောင်းလဲခြင်း

ဒီပုံကတော့ ပြင်သစ်နိုင်ငံက ပြောင်းဖူးစိုက်ခင်းတစ်ခုကို ရိုက်ထားတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အချိန်တွေတုန်းက ပြင်သစ်နိုင်ငံမှာ အပူလှိုင်းတစ်ခု ဖြတ်သွားတာကြောင့် စိုက်ခင်းထဲက ပြောင်းဖူးတွေတောင် ပေါက်ပေါက်ဆုပ်တွေ အဖြစ် တန်းပြီး ပြောင်းလဲသွားခဲ့ရပါတယ်။ shwekhitonlinetv.com

၃။ ကြောက်ဖို့ကောင်းတဲ့ ဆူနာမီရေလှိုင်း

ဆူနာမီလို့ပြောလိုက်တာနဲ့ အတော်လေးကို မြင့်တဲ့ ရေလှိုင်းကြီးတွေ ပြင်းပြင်းထန်ထန် လာတာကို မြင်မိကြမှာပါ။ အခုပုံမှာဆိုရင်လည်း ကမ်းခြေတစ်ခုကို အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်လာတဲ့ ဆူနာမီရေလှိုင်းကြီးတစ်ခုကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အသက်ရှုတောင် ရပ်သွားစေနိုင်တဲ့ သဲမုန်တိုင်း

အပူပိုင်း နိုင်ငံတွေမှာ ကြုံတွေ့ရတတ်တဲ့ သဲမုန်တိုင်းတွေကတော့ တစ်ကယ့်ကို အန္တရာယ်ကြီးလှပါတယ်။ ပုံထဲကအတိုင်း တိုက်နေတဲ့ သဲမုန်တိုင်းမျိုးဆိုရင်တော့ ဘယ်လိုမှပြေးလည်း မလွတ်နိုင်တဲ့အတွက် နီးစပ်ရာမှာ ဝင်ပြီးပုန်းခိုတာက အကောင်းဆုံးဖြစ်မှာပါ။ shwekhitonlinetv.com

၅။ အရှိန်ကောင်းလွန်းလှတဲ့ လေဆင်နှာမောင်း

ဒီပုံလေးကတော့ လေဆင်ဆင်နှာမောင်း တစ်ခုတိုက်ခတ်နေတာကို ရာသီဥတုလေ့လာ စောင့်ကြည့်ရေးအဖွဲ့က အနီးကပ်ရိုက်ကူးထားတဲ့ ပုံပဲဖြစ်ပါတယ်။ တော်တော်လေးကို အန္တရာယ်များလှတဲ့အပြင် ကြောက်စရာလည်း ကောင်းလှပါတယ်။ shwekhitonlinetv.com

၆။ ရေခဲ ပလတ်ဖောင်း

အခုမြင်နေရတဲ့ ပုံလေးကို ကြည့်လိုက်တာနဲ့ ဘယ်လောင်တောင် အအေးထုက အရမ်းပိုနေမလဲဆိုတာ ခန်းမှန်းမိကြမှာပါ။ ပလတ်ဖောင်းလမ်းမတွေက ရေတွေခဲသွားတဲ့အပြင် ရေခဲကျောက်စက်လို ပုံစံမျိုးတွေတောင် ဖြစ်လို့နေပါတယ်။ shwekhitonlinetv.com

၇။ ပြင်းထန်လွန်းတဲ့ ဟာရီကိန်း မုန်တိုင်း

ဒါကတော့ ကမ်းခြေတစ်ခုကို အားပြင်းပြင်းနဲ့ တိုက်ခတ်နေတဲ့ ဟာရီကိန်းမုန်တိုင်းကို ရိုက်ကူးထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ လေတိုက်နှုန်းက ပြင်းလွန်းတာကြောင့် အုန်းပင်တွေတောင် ယိမ်းယိုင်နေပြီး လှိုင်းတွေလည်း ထန်နေတာကို တွေ့ရမှာပါ။ shwekhitonlinetv.com

၈။ မျက်စိတောင် ကျိန်းသွားစေနိုင်တဲ့ မိုးကြိုး

ကောင်းကင်ပေါ်ကနေ လျှပ်စီးလက်ပြီး မိုးကြိုး ပစ်တယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် အခုပုံထဲက မိုးကြိုးကတော့ တော်တော်လေးကို ကြီးလွန်းပြီး မျက်စိတောင် ကျိန်းသွားစေနိုင်လောက်ပါတယ်။ shwekhitonlinetv.com

၉။ ရေခဲရိုက်သလိုဖြစ်သွားတဲ့ အမျိုးသား

ဒီပုံထဲက အမျိုးသားကတော့ ရုရှားနိုင်ငံမှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး သူနေတဲ့ နေရာမှာ ဘယ်လောက်တောင် အေးနေလဲဆိုတာ ဓာတ်ပုံရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ နေရောင် အနည်းငယ် ထွက်နေတာတောင် သူ့ရဲ့မျက်နှာတစ်ဝိုက်ရေခဲတွေက အရည် မပျော်နိုင်သေးပါဘူး။ shwekhitonlinetv.com

အခုဖော်ပြပေးထာတာတွေကတော့ ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာတဲ့ အခါ ဖြစ်နေကျပုံစံတွေထက် ပိုဆိုးတဲ့ ရာသီဥတုပုံတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khitt ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။