ပတ်ဝန်းကျင်မှာ ပုံမှန်မြင်တွေ့နေကြပုံစံနဲ့ မတူဘဲတမူထူးခြားနေတဲ့ အရာများ

သင့်အနေနဲ့ တစ်ခါတစ်ရံ ပတ်ဝန်းကျင်မှာ ပုံမှန်မြင်တွေ့နေကြပုံစံနဲ့ မတူဘဲတမူထူးခြားနေတဲ့ အရာတွေကိုမြင်တွေ့ဖူးကောင်း မြင်ဖူးပါလိမ့်မယ်။ အခုဖော်ပြပေးမှာကလည်း အဲ့ဒီလိုအရာတွေမျိုးတွေပါ။ ဒီထဲက ဘယ်နှစ်မျိုးလောက်ကိုသင့်အနေနဲ့ မြင်ဖူးပြီးသားဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် …..

၁။ ဒါက တြိဂံပုံစံ ဓာတ်လှေကားပါ။ ဒီလောက်ကျဉ်းကျဉ်းလေးကို ဘယ်လိုစီးကြလဲတော့မသိပါဘူး။

၂။ ပင်စည်ကနှစ်ခွကွဲပြီး ပြန်ပေါင်းစည်းသွားတဲ့ ထူးထူးခြားခြားသစ်ပင်တစ်ပင်။

၃။ ဒီစတော်ဘယ်သီးကလည်း ထူးထူးဆန်းဆန်းပါပဲ။ အစေ့တွေကနေ အပင်တွေတောင်ပြန်ပေါက်နေပြီ။

၄။ ကားအသေးစားပုံစံစတေကာတွေအပြည့်အုပ်ထားတဲ့ ကားတစ်စီး။ ဒီဇိုင်းကတော့ အတော်လေးကိုလန်းနေပါပြီ။

၅။ မှိုပွင့်လေးလား သရဲတစှေ္ဆတစ်ကောင်လား မသဲကွဲဘူး။

၆။ ဓာတ်လှေကားစီးရင်အရေးပေါ် ကိစ္စရှင်းလို့ရအောင်လုပ်ပေးထားတာထင်ပါရဲ့။

၇။ ဒီငှက်ပျောသီးတစ်လုံးက ဘာကြောင့်ကွက်ပြီးမှည့်နေရတာတုန်း။

၈။ ဒီမီးပလပ်ပေါက်ထဲက ထွက်လာတဲ့အရည်တွေက ဘာတွေဖြစ်မယ်လို့ထင်လဲ ? နံရံထဲမှာဝင်ပြီး ဆောက်လုပ်ထားတဲ့ ပျားအုံဆီကနေ စီးကျလာတဲ့ပျားရည်တွေပါ။

၉။ ရှားစောင်းပင်ရဲ့ ထူထဲလှတဲ့အရွက်ကိုဖောက်ထွက်ပြီး ရှင်သန်နေတဲ့ မြက်ပင်တစ်ပင်။

၁၀။ Arachnids လို့ ခေါ်တဲ့သက်ရှိပင့်ကူတစ်ကောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာမှီတည်ပြီး ဖြစ်တည်နေတဲ့မှိုများ။

၁၁။ ထူးထူးဆန်းဆန်း ဒီဇိုင်းနဲ့တံခါးတစ်ချပ်။

၁၂။ ခရမ်းချဉ်သီးရဲ့ အထဲကအစေ့တစ်စေ့ကတော့ စောစီးစွာပဲအပင်ဖြစ်နေပါပြီ။

၁၃။ မြွေတစ်ကောင်ရဲ့ ဦးခေါင်းတပ်ထားသလိုဖြစ်နေတဲ့ ပိုးတုံးလုံးကောင်လေး။

၁၄။ ကြွက်ကလေးတစ်ကောင်ရဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်နေတဲ့ မုန့်ကလေးတစ်ခု။

၁၅။ ဆိုင်ကယ်တစ်စီးကို စားသုံးထားတဲ့ သစ်ပင်တစ်ပင်။

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။