ကမ္ဘာကျော်တွေရဲ့ အထင်ကရပုံရိပ်တွေကို အတုခိုးခဲ့ကြတဲ့ နာမည်ကျော်ဆယ်လီများ

၁။ အဒဲလ် နှင့် ဒေါ်လီပါတန်

နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ အဒဲလ်အနေနဲ့ သူမရဲ့ idol တစ်ဦးဖြစ်တဲ့ အဆိုတော်ကြီး ဒေါ်လီပါတန်ရဲ့ ဝတ်စားဆင်ယင်ပုံ ဒီဇိုင်းကိုအတုခိုးထားတာပါ။

၂။ ခရစ္စီတီးဂန်း + ဂျွန်လိဂျန့် ၊ အယ်လိဇဘတ်ဘုရင်မကြီး နှင့် မင်းသားဖိလစ်

အမေရိကန်နာမည်ကျော်မော်ဒယ် ခရစ္စီတီးဂန်း နဲ့ အဆိုတော် ဂျွန်လိဂျန့် တို့စုံတွဲကတော့ အယ်လိဇဘတ် ဘုရင်မကြီးနဲ့ မင်းသားဖိလစ်တို့ရဲ့ ဝတ်စားဆင်ယင်ပုံအတိုင်းလိုက်လံ တုပဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ထားတာပါ။

၃။ ကီဗင်ဟတ် နှင့် ဒွိန်းဂျွန်ဆင်

ဒွိန်းဂျွန်ဆင်ရဲ့ နာမည်ကျော် နပန်းသမားဘဝကပုံရိပ်ကို လိုက်လံတုပခဲ့တဲ့ အမေရိကန်ဟာသသရုပ်ဆောင် ကီဗင်ဟတ် ….

၄။ ကင်မ်ကာဒက်ရှန် + ဂျိုနသန်ချီဘန် ၊ ဆွန်နီ + ချား

အမေရိကန်နာမည်ကျော် ပေါ့အဆိုတော်စုံတွဲဖြစ်တဲ့ ဆွန်နီ နဲ့ ချား တို့ရဲ့ တစ်ခေတ်တစ်ခါက အထင်ကရဖြစ်ခဲ့တဲ့ ပုံရိပ်လေးကို စူပါမော်ဒယ် ကင်မ်ကာဒက်ရှန် နဲ့ အစီစဉ်တင်ဆက်သူ ဂျိုနသန်ချီဘန် တို့က အမှတ်တရအနေနဲ့ ပြန်လည်ပုံဖော်ခဲ့တာပါ။

၅။ ဂျနီဖာလိုပက်ဇ် နှင့် မက်ဒေါနား

တစ်ခေတ်တစ်ခါက ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးမက်ဒေါနားရဲ့ ငယ်စဉ်ကပုံရိပ်လေးတစ်ခုကို ဂျနီဖာလိုပက်ဇ်က ပြန်လည်အတုခိုးထားတာပါ။

၆။ ပဲရစ်ဟီတန် နှင့် မိုင်လေးဆိုင်းရပ်

အဆိုတော် မိုင်လေးဆိုင်းရပ်ရဲ့ ဖျော်ဖြေပွဲက ဒီဇိုင်းဖက်ရှင်ကို လိုက်လံတုပထားတဲ့ သူဌေးမလေး ပဲရစ်ဟီတန် …..

၇။ ကာလီကလော့စ် နှင့် မာရီလင်မွန်ရိုး

ပုရိသတိုင်းရဲ့ အသည်းကျော် မာရီလင်မွန်ရိုးရဲ့ တစ်ခေတ်တစ်ခါက ဖက်ရှင်အတိုင်းလိုက်လံဝတ်ဆင်ခဲ့တဲ့ အမေရိကန်မော်ဒယ်မလေး ကာလီကလော့စ် …..

၈။ ကော့တ်နေးကာဒက်ရှန် နှင့် အရီယာနာဂရန်ဒေ

အဆိုတော်မလေး အရီယာနာဂရန်ဒေ ရဲ့ချစ်စဖွယ်ကောင်းလှတဲ့ အဝတ်စားဖက်ရှင်ဒီဇိုင်းလေးကို လိုက်လံပြီးအတုခိုးခဲ့တဲ့ စူပါမော်ဒယ်လ် ကော့တ်နေးကာဒက်ရှန် …..

၉။ ဘယ်လာသရုန်း နှင့် ဂျူလီယာရောဘတ်

Runway Bride ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသမီးကြီးဂျူလီယာရောဘတ်ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားဖက်ရှင်ကို လိုက်လံအတုခိုးပြီးဝတ်ဆင်ခဲ့တဲ့ အမေရိကန်သရုပ်ဆောင် ဘယ်လာသရုန်း ….

၁၀။ ဂျက်ဆန်မိုမိုအာ နှင့် ပရက်စလေ

ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့ဆဲ့ မင်းသားကြီးပရက်စလေရဲ့ ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်းကို အတုယူပြီးလိုက်လံဖန်တီး ဝတ်ဆင်ထားတဲ့ ဂျေဆန်မိုမိုအာ …..

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။