ဒေါ်လာသန်း (၁၅၀) ကို ရူးသွပ်စွာဖြုန်းမိလို့ ဘဝပျက်ခဲ့ရတဲ့ နီကိုးလက်စ်ကေ့ချ်

နီကိုးလက်စ်ကေ့ချ် ဆိုတာ ဟောလိဝုဒ်မှာ အကျော်ကြားဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက်ပါ။ အော်စကာဆုရရှိထားတဲ့ နီကိုးလက်စ်ကေ့ချ်ဟာ ဟောလိဝုဒ်ရဲ့ သရုပ်ဆောင်ကြေးအမြင့်ဆုံး မင်းသားလည်းဖြစ်ပါတယ်။shwekhitonlinetv.com

စစ်တမ်းတွေအရ ကေ့ချ်ဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သရုပ်ဆောင်ခြင်းကနေ အမေရိကန်ဒေါ်လာ သန်း (၁၅၀) လောက်ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့် သူဟာအဲ့ဒီငွေတွေကို ရူးသွပ်စွာနဲ့ဖြုန်းတီးမိခဲ့လို့ အခုအချိန်မှာတော့ နောင်တအကြီးအကျယ်ရပြီး ဘဝကိုအစကပြန်စနေရပါပြီ။shwekhitonlinetv.com

ကေ့ချ်ဟာ သူပိုင်ဆိုင်သမျှငွေတွေအကုန်လုံးကို ထင်တိုင်းကြဲဖြုန်းတီးမိခဲ့လို့ နောက်ဆုံးမှာ သူ့ပိုင်ဆိုင်မှုတွေကို ရောင်းချနေထိုင်နေရပါတယ်။ နောက်ပြီး အစိုးရကိုလည်း ဝင်ငွေခွန် (၆) သန်းပေးဆောင်ဖို့ အကြွေးတင်နေပါသေးတယ်။shwekhitonlinetv.com

လက်ရှိမှာအသက်ကလည်း (၅၉) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဇာတ်ကားကောင်းတွေပါဝင် သရုပ်ဆောင်ရဖို့အခွင့်အလမ်းက နည်းပါးနေပါပြီ။ ဒါကြောင့် ပိုက်ဆံရပေါက်ရလမ်းမှန်သမျှကို မငြင်းဆန်ဘဲလုပ်ကိုင်နေရပါတယ်။ (ပရိသတ်တစ်ဦးက သူ့ရဲ့မွေးနေ့ပွဲကိုတက်ရောက်ချီးမြှင့်ပေးရင် ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုပြီး ကမ်းလှမ်းတာမျိုးကို လက်ခံနေရတဲ့အခြေအနေပါ)shwekhitonlinetv.com

သူ့အနေနဲ့ ဒီပိုက်ဆံတွေကို မလိုအပ်တဲ့နေရာတွေမှာ ဖြုန်းတီးခဲ့တဲ့လုပ်ရပ်များစွာထဲက အထင်ရှားဆုံးလုပ်ရပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။shwekhitonlinetv.com

၁။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၇) သန်းက ဒိုင်နိုဆောဦးခေါင်းခွံရုပ်ကြွင်းကို အမေရိကန်ဒေါ်လာ (၃၀၀,၀၀၀) ပေးဝယ်ယူခဲ့ပါတယ်။shwekhitonlinetv.com

၂။ အဆိပ်ပြင်းလှတဲ့ အယ်ဘိုင်နိုတောကြီးမြွှေဟောက် (Albino King Cobra) နှစ်ကောင်ကိုလည်း ငွေကြေးများစွာပေးပြီး ဝယ်မွေးခဲ့ပါတယ်။ ဒီမြွေတွေက သူ့အသက်ကိုအန္တရာယ်ပေးဖို့ကြိုးစားခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

၃။ ဘဟားမားစ်နိုင်ငံပိုင်နက်ထဲက ဧက (၄၀) လောက်ကျယ်တဲ့ ကျွန်းနှစ်ကျွန်းကိုလည်း ဒေါ်လာ (၇) သန်းစီပေးဝယ်ခဲ့ပါတယ်။shwekhitonlinetv.com

၄။ အီရန်နိုင်ငံရဲ့တော်ဝင်မိသားစု တစ်ဦးထံကနေလည်း (၁၉၉၇) ခုနှစ်မှာ လန်ဘော်ဂီနီကားတစ်စီးကို အမေရိကန်ဒေါ်လာ (၄၅၀,၀၀၀) ပေးဝယ်ခဲ့ပါတယ်။ အဲ့ဒါအပြင် သူပိုင်ဆိုင်တဲ့ တန်ဖိုးကြီးကားအစီးရေက စုစုပေါင်း (၅၀) ကျော်ရှိပြီး မော်တော်ဆိုင်ကယ်က အစီး (၃၀) ကျော်ရှိပါသေးတယ်။ ကိုယ်ပိုင်လေယာဉ်လည်းရှိပါတယ်။shwekhitonlinetv.com

၅။ နောက်ပြီး အမေရိကန်ဒေါ်လာ သန်း (၂၀) တန်တဲ့ ဇိမ်ခံရွက်လှေကိုလည်းဝယ်ခဲ့ပါသေးတယ်။shwekhitonlinetv.com

၆။ အမေရိကန်နိုင်ငံ နယူးအော်လင်းက သရဲခြောက်တယ်ဆိုပြီးနာမည်ကြီးလှတဲ့ အိမ်ကြီးတစ်အိမ်ကိုလည်း ဒေါ်လာ (၄) သန်းလောက်ပေးပြီးဝယ်ယူခဲ့ပါတယ်။shwekhitonlinetv.com

၇။ ပစ်ဂမီလို့ခေါ်တဲ့ လူပုမျိုးနွယ်စုတစ်ခုရဲ့ အသက်အရွယ်စုံ ဦးခေါင်းလေးတွေကိုလည်း ဈေးကြီးပေးဝယ်စုထားပါတယ်။shwekhitonlinetv.com

၈။ သူကွယ်လွန်တဲ့အခါထည့်သွင်း သဂြိုဟ်ဖို့အတွက် ပိရမစ်တစ်ခုကို နယူးအော်လင်းကသချိုၤင်းတစ်ခုမှာ ကြိုတင်ဝယ်ယူထားပါတယ်။shwekhitonlinetv.com

၉။ ပထမဆုံး ထုတ်ဝေခဲ့တဲ့ စူပါမင်းရုပ်ပြ (Superman Comic) စာအုပ်တစ်အုပ်ကိုလည်း အမေရိကန်ဒေါ်လာ (၁) သန်းခွဲနဲ့ဝယ်ယူခဲ့ပါတယ်။shwekhitonlinetv.com

၁၀။ အင်္ဂလန်နိုင်ငံ Bath ဒေသက ရဲတိုက်တစ်လုံးကို အမေရိကန်ဒေါ်လာ (၈) သန်းနဲ့ဝယ်ယူခဲ့ပြီး ပြန်လည်ပြုပြင်ဖို့အတွက်လည်း ငွေကြေးအမြောက်အမြားသုံးစွဲခဲ့ပါတယ်။ အဲ့ဒီရဲတိုက်ဝယ်ယူပြီး ကာလအနည်းငယ်ကြာတဲ့အချိန်မှာပဲ နောက်ထပ် ဂျာမနီနိုင်ငံက ရဲတိုက်တစ်လုံးကိုထပ်ဝယ်ခဲ့ပါတယ်။shwekhitonlinetv.com

၁၁။ အဲ့ဒါတွေအပြင် ရေဘဝဲ၊ မိကျောင်း၊ ငါးမန်း တွေကိုမွေးမြုဖို့ဝယ်ခဲ့ပါတယ်။ တန်ဖိုးကြီးစံအိမ်တွေကိုလည်း မတူညီတဲ့နေရာ (၄၊ ၅) ခုလောက်မှာဝယ်ယူထားပါတယ်။ အဲ့လိုအရာတွေအပြင် နောက်ထပ် မလိုအပ်တဲ့အရာတော်တော်များများကို ဝယ်ယူထားပါတယ်။shwekhitonlinetv.com

နီကိုးလက်စ်ကေ့ချ်ဟာ အဲ့ဒါတွေအတွက်ရှိသမျှငွေကြေးတွေကုန်ပြီး အကြွေးတွေတင်လာတော့မှ နောင်တအကြီးအကျယ်ရခဲ့တာပါ။ ဒါကြောင့် လက်ရှိမှာ အလုပ်တွေကိုပြန်ကြိုးစားပြီး ဘဝကို သုညကပြန်စနေ ရပါတယ်။shwekhitonlinetv.com

hwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။