လူပေါင်း (၁)ထောင်ကျော်နဲ့ အချိန်ယူပြီး ဖျက်စီးတာတောင် မပျက်စီးသွားတဲ့ အံ့ဖွယ်ဘုရားကျောင်း

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒါကတော့ ကျောက်တုံးကြီး တစ်တုံးကို မှ ထုခွဲပြီး တည်ဆောက်ထားတဲ့ အိန္ဒိယနိုင်ငံက ဘုရားကျောင်းတစ်ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘယ်လိုမျိုး ထုခွဲတည်ဆောက်ထားလဲဆိုတာကတော့ ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်နော်… shwekhitonlinetv.com

The Kailasa လို့ အမည်ရတဲ့ ဘုရားကျောင်းဟာဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားတွေ လည်ပတ်မှုအများဆုံးက နေရာ တစ်နေရာလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်အလက်ကတော့ ဒီဘုရားကျောင်းကြီးရဲ့ မူလဇာစ်မြစ် နဲ့ ဘယ်သူတွေ တည်ဆောက်ခဲ့ကြလဲဆိုတာကို ယနေ့ချိန်အထိ အဖြေမရှာနိုင်ကြသေးပါဘူး ။ ဒါ့အပြင် ပညာရှင်တွေဟာ ဘုရားကျောင်းကြီးရဲ့ သက်တမ်းဘယ်လောက်ရှိနေပြီလဲဆိုတာကိုလည်း မခန့်မှန်းနိုင်ကြသေးပါဘူး ။ shwekhitonlinetv.com

ပထမဦးဆုံး ဘုရားကျောင်းကြီးရဲ့ တည်ဆောက်ပုံကိုကြည့်လိုက်မယ်ဆိုရင် များပြားလှတဲ့ ဗိသုကာ အနုပညာနဲ့ ပန်းပုပညာတို့ကို ကွဲကွဲပြားပြားနဲ့ တည်ဆောာက်ထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ ဘုရားကျောင်းကြီးရဲ့ အရွယ်အစားကိုကြည်ပြီး ရာစုနှစ်ပေါင်းများစွာက တည်ဆောက်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နောက်ပြီး ဘုရားကျောင်းကြီးကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင် U ပုံစံ တည်ဆောက်ထားပြီး ကျောင်းဆောင်တွေရဲ့ အပေါ်ကနေ အောက်ခြေအထိ ဆင်ရုပ်တုပေါင်းများစွာကို ထုလုပ်ထားတာ တွေ့ရတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ထားတဲ့ ဒီဘုရားကျောင်းကြီးကို အလုပ်သမားပေါင်း ၇၀၀၀ ကျော်နဲ့ အချိန်အတော်ကြာယူပြီး တည်ဆောက်ရမှာ ဖြစ်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ တစ်ချို့သော သမိုင်းအချက်အလက်တွေအရ ဒီဘုရားကျောင်းကြီးကို တည်ဆောက်ခဲ့တဲ့ အချိန်တုန်းက အလုပ်သမားတွေဟာ တစ်ရက်ကို ၁၈ နာရီလောက် အလုပ် လုပ်ကြရတယ်လို့ သိရပါတယ်။နောက်ပြီး လျှပ်စစ်မီး မပေါ်ပေါက်သေးတဲ့ အချိန်မို့လို့ ဂူအတွင်းပိုင်းကို အလင်းရောင်ရစေရန် မှန်တွေကို အသုံးပြုကာ ရောင်ပြန်နည်းနဲ့ အလင်းပေးထား ခဲ့ကြတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ထူးခြားတဲ့ အချက်ကတော့ ဘုရားကျောင်းကြီးအတွင်းမှာ မရေမတွက် နိုင်တဲ့ ပဟေဠိတွေ အများကြီး ရှိလို့နေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဘုရားကျောင်းအတွင်းက ရှေးဟောင်း အင်ဒို – ဥရောပ ဘာသာစကားလုံးပေါင်း များစွာကို ဘာသာမပြန်နိုင်ကြသေးပါဘူး ။ နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းကတော့ တစ်ချိန်တုန်းက ဟိန္ဒူဘုရားကျောင်းတွေကို ဖျက်စီးပစ်ခဲ့တဲ့ Mughal ဘုရင် Arangzeb ဆိုတဲ့ လူ ရှိခဲ့ပါတယ်။ shwekhitonlinetv.com

တစ်နေ့မှာတော့ သူနဲ့ အပေါင်းအပါတွေဟာ ဒီဘုရားကျောင်းကြီးကို ဖျက်စီးဖို့ လူအင်အား ( ၁၀၀၀ ) လောက်သုံးပြီး ဖျက်စီးဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း အချိန် ( ၃ ) နှစ်သာ ကြာသွားပြီး ဘုရားကျောင်းရဲ့ အစိတ်အပိုင်း အနည်းငယ်လောက်သာ ဖျက်စီးနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဘုရင် Aranzgeb ဟာ လက်လျော့ခဲ့ပြီး ဘုရားကျောင်းကိုလည်း မဖျက်ဆီးခဲ့တော့ပါဘူး ။ shwekhitonlinetv.com

ဒီလိုထူးဆန်းတဲ့ အကြောင်းတွေကြောင့်ပဲ Kailasa ဘုရားကျောင်းကြီးဟာ ယနေ့အချိန်အထိ နာမည်ကြီးလျက်ရှိပြီး ခရီးသွားသူတွေနဲ့ ပြည့်နှက်လို့နေတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ အိန္ဒိယနိုင်ငံက ထူးဆန်းတဲ့ ဘုရားကျောင်း အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။