မမျှော်လင့်ပဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆန်းပြားသော အရာများ

ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ အပျင်းပြေဖတ်ရှု ဖို့နဲ့ ဗဟုသုတ ရစေဖို့အတွက် ထူးထူးဆန်းဆန်း ရှာဖွေ တွေ့ရှိခဲ့ကြတဲ့ အရာတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ ဘယ်လိုထူးဆန်းတာလေးတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ သံလွင်သီး အပြာရောင်

အခု မြင်နေရတဲ့ အသီးကို ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဘယ်ရီသီးလေးလို့တောင် ထင်ကြမှာပါ။ တစ်ကယ်တမ်းမှာတော့ အပြာရောင် သံလွင်သီး ပဲ ဖြစ်ပါတယ်။ နေရာတိုင်းမှာတွေ့ဖို့ကတော့ ရှားပါးပြီး အခုတွေ့နေရတာကတော့ အမေရိကန် နယးယောခ့် က City Market တစ်ခုမှာ ရောင်းချနေတဲ့ အပြာရောင် သံလွင်သီးတွေ ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ ၆ ပေ ကျော် အရှည် ရှိတဲ့ ရေခဲချောင်းကြီး

အရမ်းအေးတဲ့ ဒေသတွေမှာ အအေးပိုလွန်းလို့ ရေက ခဲပြီး ရေခဲချောင်း ဖြစ်သွားတာကို မြင်ဖူးကြမှာပါ ။ အခုတွေ့နေရတဲ့ လုပ်ငန်းတစ်ခုမှာတွေ့ခဲ့ရတဲ့ ရေခဲချောင်းကြီး တစ်ခုပဲ ဖြစ်ပါတယ် ။ သေချာ ကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့ အရပ်ထက်တောင် ရှည်လွန်းလို့ တစ်ကယ့်ကို မယုံနိုင်စရာပါပဲ ။ shwekhitonlinetv.com

၃။ ကမ်းခြေမှာ တွေ့ရတဲ့ ထူးဆန်းသော သတ္တဝါ

ဒါကတော့ ကမ်းခြေတစ်ခုမှာ ရှာဖွေ တွေ့ရှိခဲ့တဲ့ ထူးထူးဆန်းဆန်း အကောင် ပဲ ဖြစ်ပါတယ် ။ အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင် ကင်းမွန်နဲ့ တူပေမယ့်လည်း အောက်ပိုင်းက ပုံစံတွေက တော့ တော်တော်လေးကို ကွဲ လွဲ လို့ နေပါတယ် ။ shwekhitonlinetv.com

၄။ ဖောက်မြင်နိုင်တဲ့ သစ်ရွက်

သစ်ရွက်ဆိုတာ အပင်ပေါ်က ကြွေကျပြီး ခြောက်သွေ့ သွားတဲ့အခါ အညိုရောင် ပြောင်းလဲ တတ်တဲ့ သဘော ရှိပါတယ် ။ ဒါပေမယ့် ဒီ သစ်ရွက်လေးကတော့ ထူးထူးဆန်းဆန်းပဲ နှစ်ဖက်စလုံးကို ဖောက်မြင်ရတဲ့ ပုံလေး ဖြစ်လို့ နေပါတယ်။ shwekhitonlinetv.com

၅ ။ နှစ် ( ၈၀ ) နီးပါး သက်တမ်းရှိတဲ့ ကိုလာ ပုလင်း

အခုချိန် ရှားပါး ပစ္စည်းရောင်းဝယ်တဲ့ နေရာတွေမှာ ဒီလိုမျိုး နှစ် အတော်ကြာတဲ့ ကိုကာကိုလာ ပုလင်းတွေဆို ဈေး ကောင်း ကောင်း ရတတ်ပါတယ်။ အခု မြင်နေရတာကတော့ ၁၉၄၁ ခုနှစ် က ထုတ်လုပ်ခဲ့တဲ့ Cola ပုလင်း ဖြစ်ပြီး ထုတ်ပိုးထားတဲ့ ပုံစံကလည်း ဆန်းလို့ နေပါတယ်။ shwekhitonlinetv.com

၆။ ကြီးမားလွန်းတဲ့ ပိုးဖလံ

အခုမြင်နေရတဲ့ အကောင်ကတော့ သာမန် ပိုးဖလံတွေ ထက်ကို ကြီးမားလှတဲ့ ပိုးဖလံ မျိုးစိတ်ပဲ ဖြစ်ပါတယ်။ ဒီအကောင်ကိုတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တွေ့ခဲ့တာဖြစ်ပြီး ဓာတ်ပုံနဲ့ မှတ်တမ်းတင် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ သေးငယ်လွန်းတဲ့ ငှက်ပိတုန်းဥ

ငှက်ပိတုန်း ငှက်လေးတွေဟာ သေးငယ်သလို သူတို့ရဲ့ ဥလေးတွေကလည်း သေးသေးလေးပါပဲ ။ ဒီပုံထဲမှာဆိုရင် သစ်ပင် အငယ်လေးရဲ့ ကိုင်းဖျားနားမှာ အသိုက်လုပ်ပြီး ဥထားတဲ့ ငှက်ပိတုန်း ဥလေးတွေကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ပင်လယ်ပြင်ထဲက ရှာဖွေ တွေ့ရှိခဲ့တဲ့ ရှေးဟောင်း ရုပ်တု

ပင်လယ်ကြမ်းပြင်အောက်မှာ ရှေးဟောင်းနှစ်ပေါင်းများစွာက ရှိခဲ့တဲ့ သမိုင်းအမွေအနှစ်ပေါင်းများစွာ နှစ်မြုပ်လို့နေပါတယ်။ အခုမြင်တွေ့နေရတာကတော့ လေ့လာရှာဖွေရေးသမားတွေ တွေ့ရှိခဲ့တဲ့ ဖာရိုဘုရင်တစ်ပါးရဲ့ ရုပ်တု ခေါင်းတစ်ခုပဲ ဖြစ်ပါတယ်။ သမိုင်းအချက်အလက်တွေအရ ဒီရုပ်တု ခေါင်းကြီးဟာ Heracleion ဆိုတဲ့ ရှေးဟောင်းအီဂျစ်မြို့တော်က ဘုရားကျောင်းတစ်ခုမှာ ထားရှိခဲ့တဲ့ ရုပ်တု ဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ရှာဖွေတွေ့ရှိခဲ့ကြတဲ့ ထူးထူးဆန်းဆန်း အရာလေးတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလို ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှု ပေးကြပါဦးနော်….. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။