အပြင်လောကမှာ မြင်ရခဲတဲ့ ထူးထူးဆန်းဆန်း အရာ (၇) ခု

Shwe Khit ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာတော့ ဗဟုသုတရ စေမယ့် အကြောင်းအရာလေးတစ်ခု ကို ပြောပြပေးချင်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ ကမ္ဘာမြေကြီး ထဲမှာ တွေ့ဖို့ အလွန်ခဲယဉ်းလှတဲ့ ရှားပါး ပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သဘာ၀အတိုင်း ဖြစ်ပေါ်လာတဲ့ ဒီပစ္စည်းတွေက ဘယ်လိုမျိုး ထူးဆန်းတာတွေ ဖြစ်မလဲဆိုတာကတော့ အောက်က ပုံတစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁။ ထူးဆန်းလှတဲ့ ငါးလိပ်ကျောက်ဥ

မြစ်၀ကျွန်းပေါ်မှာ နေထိုင်တဲ့သူတွေနဲ့ ရေလုပ်သားတွေ အတွက်ကတော့ ငါးလိပ်ကျောက်ဆိုတာ သိပ်ပြီးတော့ အထူးအဆန်းမဟုတ်ပါဘူး ။ ဒါပေမယ့် ငါးလိပ်ကျောက်တွေရဲ့ ဥတွေဟာ တစ်ခြားဥတွေလိုမျိုး လုံးလုံး ဝိုင်းဝိုင်း မဟုတ်ပဲ ပုံမှာ မြင်ရတဲ့အတိုင်း မျက်နှာ ပြင်နှစ်ဖက် မှာ အချွန်အတက်ကလေးတွေ ရှိပြီး အရောင်ကလည်း အနက်ရောင် ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Megaladon ငါးမန်း သွား

လက်ရှိ ပင်လယ် သမုဒ္ဓရာထဲမှာ ရှင်သန် ကျက်စားနေကြတဲ့ ငါးမန်းမျိုးစိတ်ပေါင်း များစွာရှိပါတယ်။ တစ်ကယ်တော့ ဒါဟာ ငါးမန်း မျိုးစိတ် အကုန်လုံးတော့ မဟုတ်ပါဘူး ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ က ရှင်သန်ကျက်စားခဲ့ကြတဲ့ ငါးမန်းမျိုးစိတ်တစ်ချို့ရှိခဲ့ပြီး

ဒီအထဲမှာမှ Megaladon လို့ခေါ်တဲ့ ငါးမန်းအမျိုးအစားဆိုရင် တစ်ခြားငါးမန်းတွေထက် အဆပေါင်းများစွာ ကြီးမားပြီး ပေ ( ၈၀ ) အရွယ်အစားရှိပါတယ်။ အခုမြင်တွေ့ရတာကတော့ မျိုးတုန်းသွားပြီဖြစ်တဲ့ Megaladon ငါးမန်း ရဲ့ သွား အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ (၅,၆၅၅ ) ကာရက်ရှိတဲ့ ရှားပါး မြကျောက်

လုပ်ငန်း အကွက်တစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီမြကျောက်ဟာဆိုရင် တော်တော်လေးကို တွေ့ရခဲလှတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒီမြကျောက်ရဲ့ အလေးချိန်တစ်ခုလုံးဟာ ကာရက်ပေါင်း ( ၅၀၀၀ ) ကျော်ရှိလို့ ရှားပါးပြီး အဖိုးတန်တဲ့ ကျောက်မျက်ရတနာ စာရင်းထဲကို ဝင်သွားပါတယ်။ shwekhitonlinetv.com

၄။ တောင် ပုံစံ ဖြစ်နေတဲ့ ခရုခွံ

လူတော်တော်များများဟာ ဒီခရုခွံလေးကို ပထမဆုံး အကြိမ် မြင်လိုက်တာနဲ့ သဘာ၀ အတိုင်း ဖြစ်နေတယ်ဆိုတာ မယုံကြပါဘူး ။ တစ်ကယ်တော့ ကမ်းခြေတစ်ခုကနေ ကောက်ရတဲ့ ဒီခရုခွဲလေးဟာ သဘာ၀အတိုင်း ဖြစ်နေတာ့ဖြစ်ပြီး သူ့ရဲ့ အခွံမှာ တောင်ပုံစံ လိုမျိုးလေးတွေ ဖြစ်နေတာကို ထူးထူးဆန်းဆန်း တွေ့ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ သဲကန္တာရမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း

ပူပြင်းလှတဲ့ သဲကန္တာရလို နေရာမျိူးမှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာဖို့ဆိုတာ အတော်လေးကို ဖြစ်တောင့် ဖြစ်ခဲ အခြေအနေ တစ်ခုပါပဲ ။ ဒီပုံထဲမှာတော့ သဲကန္တာရတစ်ခုမှာ မိုးကြိုး တစ်လက်လက် ဖြစ်နေတဲ့ မြင်ကွင်းတစ်ခုကို ကြည့်ရှုသူတွေ ဗဟုသုတ ရစေဖို့ အတွက် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အရည်ပျော်နေသွားတဲ့ ကတ္တရာလမ်းမ

အခုမြင်နေရတာကတော့ အိန္ဒိယနိုင်ငံရဲ့ လမ်းမတစ်ခုမှာ အရည်ပျော်နေတဲ့ ကတ္တရာ လမ်းပဲ ဖြစ်ပါတယ်။ နွေရာသီ ရောက်တိုင်း အိန္ဒိယနိုင်ငံရဲ့ ဒေသတစ်ချို့မှာ အပူချိန် ပြင်းထန်လွန်းလှတာကြောင့် ကတ္တရာလမ်းမ တွေဟာ အခုလိုမျိုး အရည်ပျော်သွားလေ့ ရှိပါတယ်တဲ့ ။ shwekhitonlinetv.com

၇။ အကြွေစေ့ အရွယ်အစား သာသာ ပဲရှိတဲ့ ငှက်သိုက်

ငှက်သိုက်တွေကို တော့ တော်တော်များများ မြင်ဖူးကြမှာပါ ။ ဒါပေမယ့် အခုလိုမျိုး အရွယ်အစားလောက်သာ ရှိတဲ့ ငှက်သိုက် ကတော့ ငှက်ပိတုန်းလို့ ခေါ်တဲ့ ငှက်မျိုးစိတ်တွေရဲ့ အသိုက်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင် သေးငယ် လည်းဆိုရင် အကြွေစေ့ တစ်ပြားရဲ့ အရွယ်အစားလောက်ပဲ ရှိတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးတာတွေကတော့ အပြင်လောကမှာ ကိုယ်တိုင်မြင်တွေ့ဖို့ ခဲယဉ်းလှတဲ့ အရာလေးတွေကို ရှာဖွေ စုစည်းပြီး တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကိုစောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…… shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။